Redmi Note 9T ကို NBTC certification နဲ့အတူတွေ့ခဲ့ရပြီး၊ နောက်တစ်ရက်အကြာမှာတော့ ဒီ Device ကို Geekbench မှာ ဆက်ပြီးတွေ့လာရပါတယ်။ Geekbench ပါ အချက်အလက်တွေအရ ဒီ ဟန်းဆက်ဟာ တရုတ်မှာဖြန့်ခဲ့တဲ့ Redmi Note9 5G ကို နာမည်သစ်နဲ့ပြန်ဖြန့်မယ်ဆိုတဲ့ အယူအဆက ပိုပြီးခိုင်မာသွားစေခဲ့ပါတယ်။

Xiaomi ရဲ့ Device ဟာ မော်ဒယ်နံပါတ် M2007J22G နဲ့ Geekbench ပေါ်ရောက်လာတာပါ။ Listing ကလည်း ဒီ Global ဗားရှင်းဟာ Android ဗားရှင်းအဟောင်းနဲ့ပဲ ထွက်လာမယ်လို့ ပြသနေပါတယ်။ ဒီမော်ဒယ်နံပါတ်ဟာ ထိုင်းနိုင်ငံရဲ့ NBTC နဲ့ မလေးရှားရဲ့ SIRIM တို့ရဲ့ အသိအမှတ်ပြုလက်မှတ်တွေလည်း ရရှိနှင့်ပြီးဖြစ်ပါတယ်။

၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်စွဲနဲ့ ထွက်လာတဲ့ Geekbench 5 ရမှတ်တွေက Single-core ရမှတ် ၅၉၈ မှတ်နဲ့၊ Multi-core ရမှတ် 1,760 မှတ်တို့ပဲ ဖြစ်ကြပါတယ်။ ဒီဟန်းဆက်ကို 4GB of RAM နဲ့ MT6853T processor တို့နဲ့ စမ်းသပ်ထားတာကိုလည်း တွေ့ရပါတယ်။ Redmi Note9 5G ရဲ့ အလားတူ Geekbench ဟာ MediaTek Dimensity 800U 5G SoC ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

4GB အမျိုးအစားဟာ တရုတ်ဈေးကွက်မှာမရှိဘဲ၊ 6/8GB of RAM, 128/256GB UFS 2.2 storage အမျိုးအစားတွေပဲ ရှိတာဖြစ်ပါတယ်။ Redmi Note9 5G ကလည်း Android 10 နဲ့ပဲ ဖြန့်ချိခဲ့တာဖြစ်ပြီး၊ Global ဗားရှင်းမှာလည်း အလားတူ OS ဟောင်းနဲ့ပဲ ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။

အခုမြင်တွေ့ရတဲ့ M2007J22G ဟာ RAM နိမ့်ပေမယ့်လည်း ရမှတ်ကတော့ တရုတ်ဈေးကွက်မှာဖြန့်တဲ့အမျိုးအစားရဲ့ (single-core- 598, multi-core- 1,760) ရမှတ်တွေနဲ့ သိပ်ပြီးမကွာဟတာကို တွေ့နိုင်ပါတယ်။ Redmi Note 9T ရဲ့ ခန့်မှန်း Specs တွေကတော့ 6.53-inch FHD+ LCD, ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole ပါဝင်တဲ့ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။

ကျောဘက်မှာ Note9 Pro 5G လိုမျိုး စက်ဝိုင်းပုံ ကင်မရာအိမ်နဲ့အတူ 48MP အဓိကင်မရာ + 8MP ultrawide + 2MP sensor တွေ တပ်ဆင်ထားဖွယ်ရှိပါတယ်။ ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပြီး 22.5W အမြန်အားသွင်းစနစ် ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina