Xiaomi က အောက်တိုဘာလ ၄ ရက်နေ့မှာ 200MP ကင်မရာပါတဲ့ 12T Series ကို ကြေညာမှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက Redmi Pad လို့ ခေါ်တဲ့ တက်ဘလက် အသစ်ကိုလည်း အဲဒီနေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။

Redmi Pad ဟာ ဖျော်ဖြေရေး၊ ဂိမ်း၊ E-learning နဲ့ Browsing အတွက် ကောင်းမွန်ပြီး ကုမ္ပဏီက မျှဝေထားတဲ့ ဓါတ်ပုံအရ အစိမ်းရောင် ထုတ်လုပ်ထားမှာပါ။ အနောက်ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားမှာပါ။ Xiaomi ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ပြသထားတဲ့ဓါတ်ပုံအရ အညိုရောင် မော်ဒယ်လည်း ထွက်လာမှာပါ။

It's official: Redmi Pad is coming on October 4

Xiaomi က Redmi Pad ရဲ့ Specs တွေကို ဘာမှ မပြောသေးပေမယ့် မကြာခင်က ပေါက်ကြားခဲ့တဲ့ သတင်းအရ Helio G99 SoC , Android 12 အခြေပြု MIUI ထည့်သွင်းထားမှာ ဖြစ်ပြီး 4GB RAM အထိနဲ့ 128GB Storage အထိ ရွေးချယ်နိုင်မှာပါ။

It's official: Redmi Pad is coming on October 4

Redmi Pad မှာ ၁၀.၆၁ လက်မ 90Hz LCD 2000×1200 Pixel မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 8,000mAh ဘက်ထရီနဲ့ 18W Charging ပါလာမှာပါ။ ဘူးထဲမှာ 22.5W Adapter ထည့်သွင်းထားမှာပါ။

တက်ဘလက်မှာ Dolby Atmos အသိအမှတ်ပြု စပီကာတွေ ပါလာမှာ ဖြစ်ပြီး အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားမှာပါ။ Graphite Gray, Moonlight Silver နဲ့  Mint Green အရောင်တွေ ထုတ်လုပ်ထားမှာပါ။

ဒါဟာ WiFi မော်ဒယ်ရဲ့ Specs တွေ ဖြစ်ပြီး ဆယ်လ်လူလာ မော်ဒယ်မှာ ကွဲပြားတဲ့ ၁၁.၂ လက်မ မျက်နှာပြင်၊ 7,800mAh ဘက်ထရီတွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ မော်ဒယ်ကို ဒီလ ၄ ရက်နေ့မှာ ကြေညာမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena