Xiaomi ကနေ Xiaomi Tablet တွေအပြင် အခုအချိန်မှာ စျေးနှုန်းပိုမိုသက်သာတဲ့ Redmi Pad Tablet ကိုပါ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Redmi Pad ဟာ Redmi Series အနေနဲ့ ပထမဆုံးထွက်ရှိလာတဲ့ Tablet တစ်ခုလည်းဖြစ်ပါတယ်။

Redmi Pad ဟာ Display အနေနဲ့ 10.6″ LCD Display ကို အသုံးပြုထားပြီးတော့ Resolution အနေနဲ့ Full HD+ (1200×2000) Resolution ရှိမှာဖြစ်ပါတယ်။ Refresh Rate အနေနဲ့လည်း 90Hz အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Audio ပိုင်းမှာလည်း Quad Speaker Setup ကို အသုံးပြုထားပြီး Dolby Atmos နည်းပညာလည်းပါဝင်မှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ Redmi Pad ဟာ MediaTek Helio G99 Chipset ကို အသုံးပြုထားပြီး RAM အနေနဲ့ 3/4/6GB ဆိုပြီး ရွေးချယ်နိုင်သလို Storage ပိုင်းမှာလည်း 64/128GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။ Camera အနေနဲ့ကတော့ 8MP Back Camera အပြင် အရှေ့ဘက် Selfie Camera အနေနဲ့လည်း 8MP 105-Degree Field of View ကို ထောက်ပံ့ထားတဲ့ Ultrawide Camera ထည့်သွင်းပေးထားပါတယ်။ Front Camera ဟာ FocusFrame လို့ အမည်ပေးထားတဲ့ Video Call တွေမှာ ကိုယ်ရှိနေတဲ့နေရာကို လိုက်ပြီး Track ပြုလုပ်နိုင်တဲ့ Feature လည်းပါဝင်မှာဖြစ်ပါတယ်။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Xiaomi Redmi Pad ဟာ 8000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Software ပိုင်းမှာတော့ Android 12 ကို အခြေခံထားတဲ့ MIUI 13 ကို အသုံးပြုထားမှာဖြစ်ပြီး Xiaomi ကနေ Software Update ၃ နှစ်နဲ့ Android Update ကို ၂ နှစ်အထိ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အရောင်တွေအနေနဲ့ကတော့ Graphite Grey ၊ Moonlight Silver နဲ့ Mint Green ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ INR 12,999 (မြန်မာငွေ ၅သိန်း ဝန်းကျင်) ကနေစတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena