Xiaomi ကနေ မနှစ်တုန်းက Redmi ကို Sub-brand အနေနဲ့ သီးသန့်ခွဲထုတ်လိုက်ပြီး စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်းတွေကိုပဲ ဆက်တိုက်ထုတ်လုပ်လာတာဖြစ်ပါတယ်။ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Redmi Note 7 နဲ့ Redmi K20 Pro လိုဖုန်းတွေဆိုရင် စျေးကွက်ထဲမှာ သိသိသာသာကို အောင်မြင်ခဲ့တာပါ။

အခုလည်း Xiaomi Global ရဲ့ Vice President ဖြစ်တဲ့ Manu Kumar ကနေ လာမယ့် ၂၀၂၀ အတွင်းမှာ မိတ်ဆက်တော့မယ့် Redmi Device တွေအကြောင်းကို Teaser Video တစ်ခုတင်ထားခဲ့ပါတယ်။ အဆိုပါ Video မှာတော့ ဘယ်လိုမျိုး Redmi စမတ်ဖုန်းတွေလည်းဆိုတာ မသိရပေမယ့် Coming Soon လို့ ဖော်ပြခဲ့တဲ့အတွက် မကြာခင်မှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Manu Kumar ရဲ့ ပြောကြားချက်အရတော့ Redmi စမတ်ဖုန်းအသစ်တွေဟာ Powerful ဖြစ်တဲ့ Processor တွေနဲ့ User Experience ကို ခံစားရစေမယ်လို့ သိရပါတယ်။

ဖြစ်နိုင်တာကတော့ Redmi ကနေ Redmi 9 နဲ့ Redmi Note 9 Series စမတ်ဖုန်းအသစ်တွေကို မကြာခင်မိတ်ဆက်လာတော့မှာဖြစ်ပြီး Redmi 9 ဆိုရင်လည်း လာမယ့် မိတ်လမတိုင်ခင်မှာတင် MediaTek Helio G70 သို့မဟုတ် G80 Gaming Processor နဲ့ ထွက်ရှိလာမယ့် Budget ဖုန်းတစ်လုံးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ စျေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းတဲ့စမတ်ဖုန်းတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ Redmi စမတ်ဖုန်းအသစ်တွေကို စောင့်ဆိုင်းတာ အကောင်းဆုံးဖြစ်မှာပါ။

Ref – Android Authority