[Zawgyi]

ဘက္ဂ်က္ဖုန္းေတြအျဖစ္နဲ႔ နာမည္ၾကီး လူၾကိဳက္မ်ားလာခဲ့တဲ့ Redmi ဖုန္းေတြဟာ အခုေတာ့ အေျပာင္းအလဲတစ္ဆစ္ခ်ိဳးကို ေရာက္ေတာ့မယ့္ပံုပါပဲ။ ဒီႏွစ္အတြင္းမွာတင္ကို Xiaomi ကေန ထုတ္မယ့္ Snapdragon 855 ဖုန္းေတြ ဒီတုိင္းဆို ေတာ္ေတာ္မ်ားေနပါျပီ။

Mi 9 နဲ႔ Mi 9 Explorer Edition အျပင္ ေနာက္ထြက္လာမယ့္ Black Shark Gaming Phone, Mi Mix 4 နဲ႔ PocoPhone F1 ရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ထြက္လာမယ့္ဖုနး္ေတြ ခုနကဖုန္းေတြအားလံုးမွာ Snapdragon 855 သံုးထားမယ္ဆိုေတာ့ Xiaomi ထဲကတင္ကို ေတာ္ေတာ္ေရြးစရာ မ်ားေနပါျပီ။ ဒါတင္မကေသးဘဲ ဘက္ဂ်က္ဖုန္းေတြရဲ႕ ဘုရင္ျဖစ္တဲ့ Redmi Series မွာပါ Snapdragon 855 ကို သံုးလာမယ္ဆိုတဲ့ သတင္းကေတာ့ ေတာ္ေတာ္ရင္ခုန္ဖို႔ ေကာင္းပါတယ္။

ဒီသတင္းကိုေတာ့ Xiaomi ရဲ႕ ဒုဥကၠဌလည္းျဖစ္ Redmi ရဲ႕ ေခါင္းေဆာင္လည္းျဖစ္တဲ့ Lu Weibing က အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။ Redmi Note 7 ေတြ မိတ္ဆက္လိုက္ခ်ိန္မွာပဲ Redmi ဟာ Xiaomi ကေန သက္သက္ခြဲထြက္လိုက္တဲ့ Brand ျဖစ္သြားျပီး Redmi Note 7 ေတြကေတာ့ Brand ခြဲရဲ႕ ပထမဆံုးေသာ ဖုန္းေတြျဖစ္ခ့ဲပါတယ္။

မၾကာခင္မွာေတာ့ Redmi Note 7 Pro ေတြကို  မိတ္ဆက္ေတာ့မယ္လို႔ သိရျပီး သူ႔ရဲ႕ Weibo က ပုိ႔စ္တစ္ခုမွာလည္း Redmi ထဲမွာ Qualcomm ရဲ႕ ထိပ္တန္း Snapdragon 855 Processor ကို သံုးထားမယ့္ ဖုန္းတစ္လံုး ထြက္မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ပါျပီ။

Entry-Level နဲ႔ Mid-Range Level ၾကားမွာ ေျပးလႊားေနခဲ့တဲ့ Redmi Series ဟာ အခုဆို အၾကီးမားဆံုး အေျပာင္းအလဲၾကီးနဲ႔ ေတြ႔ရပါေတာ့မယ္။ ကြ်န္ေတာ္တို႔အတြက္ေတာ့ ပိုစိတ္ဝင္စားဖို႔ေကာင္းတာက Flagship ဖုန္းေတြနဲ႔ Chipset တူတူကိုမွ ပိုသက္သာတဲ့ ေစ်းနႈန္းနဲ႔မ်ား ရႏုိင္မလားဆိုတာပါ။ (Build Quality နဲ႔ တျခားေသာ Specs ေတြကေတာ့ ျခြင္းခ်က္ပါ)

အခု Snapdragon 855 နဲ႔ ထြက္လာမယ့္ Redmi ရဲ႕ ပထမဆံုးေသာ Flagship ဖုန္းနဲ႔ပတ္သက္ပီး တျခား ဘာ Specs မွ တိတိပပမသိရေသးေပမယ့္ 5G ေထာက္ပ့ံေပးႏုိင္မယ္လို႔ေတာ့ ထင္ပါတယ္။ Note 7 Pro ေတြ မိတ္ဆက္ျပီး ေတာ္ေတာ္ၾကာၾကာ ၆လပိုင္း ဝန္းက်င္ေလာက္က်မွ ျမင္ရဖို႔ ပိုမ်ားပါတယ္။

Flagship Chipset နဲ႔ ဘက္ဂ်က္ Flagship ဖုန္းလို႔ နာမည္ၾကီးခဲ့တဲ့ POCOPHONE F1 သူ႔ရဲ႕ေနာက္ဆက္တြဲအေနန႔႔ဲထြက္လာမယ့္ POCOPHONE F2 ရဲ႕ ေရာင္းအားကိုမ်ား သြားထိခိုက္ႏိုင္မလားလို႔ စိုးရိမ္မိလိုက္ေပမယ့္ တရုတ္ျပည္တြင္းမွာပဲ မိတ္ဆက္မွာျဖစ္တဲ့အတြက္ WorldWide အတြက္ထုတ္တ့ဲ F2 နဲ႔ သြားျငိမွာေတာ့ မျဖစ္ႏုိင္ပါဘူး။

Flagship Chipset ကိုမွ Flagship ဖုန္းတစ္လံုးရဲ႕ Quality နဲ႔ ေစ်းႏႈန္းသက္သက္သာသာနဲ႔မ်ား ထြက္လာခဲ့ရင္ Redmi ရဲ႕ လမ္းတစ္ေလွ်ာက္မွာ ေအာင္ျမင္မႈအၾကီးၾကီးထပ္ရဦးမယ္ဆိုတာ ေသခ်ာပါတယ္။

Source: GizmoChina

[Unicode]

ဘက်ဂျက်ဖုန်းတွေအဖြစ်နဲ့ နာမည်ကြီး လူကြိုက်များလာခဲ့တဲ့ Redmi ဖုန်းတွေဟာ အခုတော့ အပြောင်းအလဲတစ်ဆစ်ချိုးကို ရောက်တော့မယ့်ပုံပါပဲ။ ဒီနှစ်အတွင်းမှာတင်ကို Xiaomi ကနေ ထုတ်မယ့် Snapdragon 855 ဖုန်းတွေ ဒီတိုင်းဆို တော်တော်များနေပါပြီ။

Mi 9 နဲ့ Mi 9 Explorer Edition အပြင် နောက်ထွက်လာမယ့် Black Shark Gaming Phone, Mi Mix 4 နဲ့ PocoPhone F1 ရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်လာမယ့်ဖုန်းတွေ ခုနကဖုန်းတွေအားလုံးမှာ Snapdragon 855 သုံးထားမယ်ဆိုတော့ Xiaomi ထဲကတင်ကို တော်တော်ရွေးစရာ များနေပါပြီ။ ဒါတင်မကသေးဘဲ ဘက်ဂျက်ဖုန်းတွေရဲ့ ဘုရင်ဖြစ်တဲ့ Redmi Series မှာပါ Snapdragon 855 ကို သုံးလာမယ်ဆိုတဲ့ သတင်းကတော့ တော်တော်ရင်ခုန်ဖို့ ကောင်းပါတယ်။

ဒီသတင်းကိုတော့ Xiaomi ရဲ့ ဒုဥက္ကဌလည်းဖြစ် Redmi ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ Lu Weibing က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ Redmi Note 7 တွေ မိတ်ဆက်လိုက်ချိန်မှာပဲ Redmi ဟာ Xiaomi ကနေ သက်သက်ခွဲထွက်လိုက်တဲ့ Brand ဖြစ်သွားပြီး Redmi Note 7 တွေကတော့ Brand ခွဲရဲ့ ပထမဆုံးသော ဖုန်းတွေဖြစ်ခဲ့ပါတယ်။

မကြာခင်မှာတော့ Redmi Note 7 Pro တွေကို  မိတ်ဆက်တော့မယ်လို့ သိရပြီး သူ့ရဲ့ Weibo က ပို့စ်တစ်ခုမှာလည် Redmi ထဲမှာ Qualcomm ရဲ့ ထိပ်တန်း Snapdragon 855 Processor ကို သုံးထားမယ့် ဖုန်းတစ်လုံး ထွက်မှာဖြစ်ကြောင်း ဖော်ပြလိုက်ပါပြီ။

Entry-Level နဲ့ Mid-Range Level ကြားမှာ ပြေးလွှားနေခဲ့တဲ့ Redmi Series ဟာ အခုဆို အကြီးမားဆုံး အပြောင်းအလဲကြီးနဲ့ တွေ့ရပါတော့မယ်။ ကျွန်တော်တို့အတွက်တော့ ပိုစိတ်ဝင်စားဖို့ကောင်းတာက Flagship ဖုန်းတွေနဲ့ Chipset တူတူကိုမှ ပိုသက်သာတဲ့ ဈေးနှုန်းနဲ့များ ရနိုင်မလားဆိုတာပါ။ (Build Quality နဲ့ တခြားသော Specs တွေကတော့ ခြွင်းချက်ပါ)

အခု Snapdragon 855 နဲ့ ထွက်လာမယ့် Redmi ရဲ့ ပထမဆုံးသော Flagship ဖုန်းနဲ့ပတ်သတ်ပြီး တခြား ဘာ Specs မှ တိတိပပမသိရသေးပေမယ့် 5G ထောက်ပံ့ပေးနိုင်မယ်လို့တော့ ထင်ပါတယ်။ Note 7 Pro တွေ မိတ်ဆက်ပြီး တော်တော်ကြာကြာ ၆လပိုင်း ဝန်းကျင်လောက်ကျမှ မြင်ရဖို့ ပိုများပါတယ်။

Flagship Chipset နဲ့ ဘက်ဂျက် Flagship ဖုန်းလို့ နာမည်ကြီးခဲ့တဲ့ POCOPHONE F1 သူ့ရဲ့နောက်ဆက်တွဲအနေန့ဲထွက်လာမယ့် POCOPHONE F2 ရဲ့ ရောင်းအားကိုများ သွားထိခိုက်နိုင်မလားလို့ စိုးရိမ်မိလိုက်ပေမယ့် တရုတ်ပြည်တွင်းမှာပဲ မိတ်ဆက်မှာဖြစ်တဲ့အတွက် WorldWide အတွက်ထုတ်တဲ့ F2 နဲ့ သွားငြိမှာတော့ မဖြစ်နိုင်ပါဘူး။

Flagship Chipset ကိုမှ Flagship ဖုန်းတစ်လုံးရဲ့ Quality နဲ့ ဈေးနှုန်းသက်သက်သာသာနဲ့များ ထွက်လာခဲ့ရင် Redmi ရဲ့ လမ်းတစ်လျှောက်မှာ အောင်မြင်မှုအကြီးကြီးထပ်ရဦးမယ်ဆိုတာ သေချာပါတယ်။

Source: GizmoChina