[Zawgyi]

Xiaomi ရဲ႕ ကုန္ပစၥည္းဒါ႐ိုက္တာ Wang Teng ဟာေဘဂ်င္း ႐ုံးခ်ဳပ္ရဲ႕ ႐ုံးခန္းတစ္ခုအတြင္းမွာ စမ္းသပ္႐ိုက္ကူးထားတဲ့ ဓါတ္ပုံတစ္ပုံကို Weibo ေပၚတင္ခဲ့ပါတယ္။ ဓါတ္ပုံထဲမွာ ျမင္ရတာကေတာ့ Wang Teng ရဲ႕ေရွ႕ စားပြဲေပၚတင္ထားတဲ့ Redmi စမတ္ဖုန္းဟာ Pop-up ကင္မရာနဲ႔ ဆိုတာပါပဲ။

Wang Teng ဟာ သူ႔ရဲ႕ ပို႔စ္ကို ျပန္ဖ်က္သြားေပမယ့္ Pop-up ကင္မရာ ပါဝင္တဲ့ Redmi စမတ္ဖုန္းအေၾကာင္းကေတာ့ မီဒီယာေတြရဲ႕ စာမ်က္ႏွာေပၚေရာက္ရွိလာၿပီပဲ ျဖစ္ပါတယ္။ Redmi Pro 2 မွာ Snapdragon 855 နဲ႔ Pop-up selfie camera ပါဝင္လာဖြယ္ရွိတယ္လို႔ ေကာလာဟလေတြ ထြက္ခဲ့ဖူးေပမယ့္ Redmi ရဲ႕ အေထြေထြမန္ေနဂ်ာ Lu Weibing က Snapdragon 855 သုံးမယ္ဆိုတာကိုပဲ အတည္ျပဳခဲ့ပါတယ္။

Lu Weibing ေၾကာင့္ Pop-up ကင္မရာနဲ႔ Redmi Pro 2 အေၾကာင္း တိတ္ဆိတ္သြားေပမယ့္ အခု Wang Teng ရဲ႕ ဓါတ္ပုံထဲက Redmi မွာေတာ့ Pop-up ကင္မရာကို ေတြ႕ျမင္ၾကရျပန္တာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ျပန္ဖ်က္လိုက္တဲ့ ဓါတ္ပုံဟာ ျပဳျပင္ထားတာမဟုတ္ဘဲ တကယ္အစစ္အမွန္သာ ျဖစ္ေၾကာင္းလည္း အတည္ျပဳႏိုင္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Wang Teng ရဲ႕ ဓါတ္ပုံထဲက စမတ္ဖုန္းဟာ ကုမၸဏီထုတ္ ဖုန္းတစ္လုံးျဖစ္တာေတာ့ အေသအခ်ာပါပဲ။ ဖုန္းေအာက္က စာ႐ြက္မွာ မွတ္ခ်က္ေပးထားတာေတြကလည္း ထုတ္ကုန္သစ္အတြက္ စမ္းသပ္စစ္ေဆးမႈ ရလဒ္နဲ႔ သက္ဆိုင္တာေတြျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့တဲ့အတြက္ ကုမၸဏီအေနနဲ႔ Pop-up ကင္မရာပါဝင္တဲ့ စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ႀကိဳးစားေနတာ ေသခ်ာတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Pop-up ကင်မရာနဲ့ Redmi ဖုန်းတစ်လုံးပုံ ပေါက်ကြားလာ

Xiaomi ရဲ့ ကုန်ပစ္စည်းဒါရိုက်တာ Wang Teng ဟာဘေဂျင်း ရုံးချုပ်ရဲ့ ရုံးခန်းတစ်ခုအတွင်းမှာ စမ်းသပ်ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံကို Weibo ပေါ်တင်ခဲ့ပါတယ်။ ဓါတ်ပုံထဲမှာ မြင်ရတာကတော့ Wang Teng ရဲ့ရှေ့ စားပွဲပေါ်တင်ထားတဲ့ Redmi စမတ်ဖုန်းဟာ Pop-up ကင်မရာနဲ့ ဆိုတာပါပဲ။

Wang Teng ဟာ သူ့ရဲ့ ပို့စ်ကို ပြန်ဖျက်သွားပေမယ့် Pop-up ကင်မရာ ပါဝင်တဲ့ Redmi စမတ်ဖုန်းအကြောင်းကတော့ မီဒီယာတွေရဲ့ စာမျက်နှာပေါ်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ Redmi Pro 2 မှာ Snapdragon 855 နဲ့ Pop-up selfie camera ပါဝင်လာဖွယ်ရှိတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ဖူးပေမယ့် Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing က Snapdragon 855 သုံးမယ်ဆိုတာကိုပဲ အတည်ပြုခဲ့ပါတယ်။

Lu Weibing ကြောင့် Pop-up ကင်မရာနဲ့ Redmi Pro 2 အကြောင်း တိတ်ဆိတ်သွားပေမယ့် အခု Wang Teng ရဲ့ ဓါတ်ပုံထဲက Redmi မှာတော့ Pop-up ကင်မရာကို တွေ့မြင်ကြရပြန်တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဖျက်လိုက်တဲ့ ဓါတ်ပုံဟာ ပြုပြင်ထားတာမဟုတ်ဘဲ တကယ်အစစ်အမှန်သာ ဖြစ်ကြောင်းလည်း အတည်ပြုနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Wang Teng ရဲ့ ဓါတ်ပုံထဲက စမတ်ဖုန်းဟာ ကုမ္ပဏီထုတ် ဖုန်းတစ်လုံးဖြစ်တာတော့ အသေအချာပါပဲ။ ဖုန်းအောက်က စာရွက်မှာ မှတ်ချက်ပေးထားတာတွေကလည်း ထုတ်ကုန်သစ်အတွက် စမ်းသပ်စစ်ဆေးမှု ရလဒ်နဲ့ သက်ဆိုင်တာတွေဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ကုမ္ပဏီအနေနဲ့ Pop-up ကင်မရာပါဝင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်ဖို့ကြိုးစားနေတာ သေချာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSMArena