[Zawgyi]

Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ၊ Xiaomi Group ရဲ႕ ဒုတိယ ဥကၠဌ Lu Weibing က ကုမၸဏီရဲ႕ အနာဂတ္ ထုတ္ကုန္ေတြအေၾကာင္းကို အင္တာဗ်ဴး ၁ ခုမွာ ေျပာလိုက္ပါတယ္။ သူက “1+4+X” Model ကို အသံုးျပဳမယ္လို႔ ေျပာပါတယ္။ “4” က Smart TV, Notebooks, Routers နဲ႔ Smart Speakers ေတြကို ရည္ညႊန္းၿပီး “1” က စမတ္ဖုန္း ျဖစ္ပါတယ္။

Lu Weibing က Redmi Smart TV နဲ႔ Laptop ေတြကို ထုတ္လုပ္ေရာင္းခ်ထားၿပီး Routers နဲ႔ Smart Speakers ေတြလာဖို႔ရွိတယ္လို႔ ေျပာပါတယ္။ လာမယ့္လမွာ အဲဒီ ထုတ္ကုန္ အသစ္ေတြကို ခ်ျပမယ္လို႔ သူက ေျပာပါတယ္။ အဲဒီ ထုတ္ကုန္ေတြရဲ႕ သတင္းအခ်က္အလက္ အေသးစိတ္ကို မသိရေသးေပမယ့္ Redmi K30 နဲ႔အတူ ေၾကညာမယ္လို႔ သတင္းေပးခဲ့ပါတယ္။

အဲဒီ Smart ထုတ္ကုန္ ေတြရဲ႕ Specs နဲ႔ Features ေတြ ေပါက္ၾကားထြက္ေပၚေနတာ မရွိေပမယ့္ Redmi ရဲ႕ ထံုးစံအတိုင္း ေစ်းခ်ိဳသာမွာ ျဖစ္ပါတယ္။ Xiaomi Group ရဲ႕ စီအီးအို ျဖစ္သူ လီဂြ်န္က အနာဂတ္ ေနအိမ္သံုး ပစၥည္း ကိရိယာအားလံုးဟာ ၁ ခုနဲ႔ ၁ ခု ခ်ိတ္ဆက္အလုပ္လုပ္ႏုိင္ၿပီး Voice Commands ေတြနဲ႔ ခိုင္းေစႏုိင္မယ္လို႔ အရင္က ေျပာထားပါတယ္။

သူက ကုမၸဏီရဲ႕ ထုတ္ကုန္အမ်ားစုကို Smart Home ထုတ္ကုန္ေတြ အျဖစ္ ဖန္တီးမွာ ျဖစ္ၿပီး AIoT က Users ေတြအတြက္ အရမ္းကို အသံုး၀င္လာမွာ ျဖစ္ပါတယ္။ AIoT က Artificial Intelligence နဲ႔ Internet of Things ကို ဆိုလိုတာပါ။

Ref : gizmochina

[Unicode]

Redmi K30 နဲ့အတူ Router နဲ့ Smart Speaker ကိုပါ ကြေညာမည်

Redmi ရဲ့ အထွေထွေ မန်နေဂျာ၊ Xiaomi Group ရဲ့ ဒုတိယ ဥက္ကဌ Lu Weibing က ကုမ္ပဏီရဲ့ အနာဂတ် ထုတ်ကုန်တွေအကြောင်းကို အင်တာဗျူး ၁ ခုမှာ ပြောလိုက်ပါတယ်။ သူက “1+4+X” Model ကို အသုံးပြုမယ်လို့ ပြောပါတယ်။ “4” က Smart TV, Notebooks, Routers နဲ့ Smart Speakers တွေကို ရည်ညွှန်းပြီး “1” က စမတ်ဖုန်း ဖြစ်ပါတယ်။

Lu Weibing က Redmi Smart TV နဲ့ Laptop တွေကို ထုတ်လုပ်ရောင်းချထားပြီး Routers နဲ့ Smart Speakers တွေလာဖို့ရှိတယ်လို့ ပြောပါတယ်။ လာမယ့်လမှာ အဲဒီ ထုတ်ကုန် အသစ်တွေကို ချပြမယ်လို့ သူက ပြောပါတယ်။ အဲဒီ ထုတ်ကုန်တွေရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပေမယ့် Redmi K30 နဲ့အတူ ကြေညာမယ်လို့ သတင်းပေးခဲ့ပါတယ်။

အဲဒီ Smart ထုတ်ကုန် တွေရဲ့ Specs နဲ့ Features တွေ ပေါက်ကြားထွက်ပေါ်နေတာ မရှိပေမယ့် Redmi ရဲ့ ထုံးစံအတိုင်း ဈေးချိုသာမှာ ဖြစ်ပါတယ်။ Xiaomi Group ရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က အနာဂတ် နေအိမ်သုံး ပစ္စည်း ကိရိယာအားလုံးဟာ ၁ ခုနဲ့ ၁ ခု ချိတ်ဆက်အလုပ်လုပ်နိုင်ပြီး Voice Commands တွေနဲ့ ခိုင်းစေနိုင်မယ်လို့ အရင်က ပြောထားပါတယ်။

သူက ကုမ္ပဏီရဲ့ ထုတ်ကုန်အများစုကို Smart Home ထုတ်ကုန်တွေ အဖြစ် ဖန်တီးမှာ ဖြစ်ပြီး AIoT က Users တွေအတွက် အရမ်းကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။ AIoT က Artificial Intelligence နဲ့ Internet of Things ကို ဆိုလိုတာပါ။

Ref : gizmochina