Xiaomi ရဲ့ Redmi Note Series စမတ်ဖုန်းတွေဟာ အမြဲတမ်းလိုလိုရောင်းအားအကောင်းဆုံးဖုန်းတွေအဖြစ် နေရာယူနိုင်တာနေတာဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ရှိထားတဲ့ Redmi Note 9 Series ဆိုရင်လည်း တရုတ်နိုင်ငံတွင်းမိတ်ဆက်တာနဲ့ Global ၊ India စျေးကွက်အတွက် စုစုပေါင်း ၅ မျိုးအထိရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ကနေ ယခုနိုဝင်ဘာလအတွင်းမှာ နောက်ထပ် Redmi Note 9 Series ဖုန်း ၃ မျိုးကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ယခုသတင်းကို နာမည်ကြီး Chinese Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေများနေပါတယ်။

အဆိုပါ Redmi Note 9 Series ဖုန်းအသစ် ၃ မျိုးထဲက တစ်မျိုးကတော့ 108MP Samsung ISOCELL HM2 Sensor ကိုအသုံးပြုထားတဲ့ Camera Setup ပါဝင်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ ကျန်တဲ့ Redmi Note 9 ဖုန်း ၂ လုံးကတော့ ပုံမှန် 64MP Camera Setup ပဲ ပါဝင်လာနိုင်ပါတယ်။

အစောပိုင်းကလည်း Xiaomi ကနေ 22.5W Fast Charging နဲ့ 33W Fast Charging ပါဝင်ပြီး 5G Support ရရှိမယ့်ဖုန်းတွေရဲ့ Certification တွေထွက်ပေါ်ခဲ့ပါသေးတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ 108MP Primary Camera ပါဝင်လာမယ့် Redmi Note 9 ဖုန်းက Qualcomm Snapdragon 750G Chipset ကိုပါ အသုံးပြုလာဖွယ်ရှိနေပါတယ်။

Xiaomi အနေနဲ့ အခုလိုမျိုး Redmi Note 9 Series ဖုန်းအသစ်တွေကို မိတ်ဆက်တော့မှာဖြစ်တဲ့အတွက် ယခုနှစ်အတွင်းမှာတော့ Redmi Note 10 ဖုန်းတွေကို မိတ်ဆက်သွားမှာမဟုတ်တော့ဘူးလို့ ယူဆရပါတယ်။

Ref – Gizmo China