Unicode

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Xiaomi ကနေ India မှာ Redmi 8A ဖုန်းကို မိတ်ဆက်ထားခဲ့ပြီး အောက်တိုဘာလမှာ Specs ပိုမြှင့်ထားတဲ့ Redmi 8 ဖုန်းကို မိတ်ဆက်ထားခဲ့ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Xiaomi ကနေ Redmi 9 ဖုန်းကို လာမယ့် ၂၀၂၀ နှစ်စပိုင်းမှာ တရုတ်နိုင်ငံမှာ အရင်ဆုံးမိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

အခု Xiaomi ကနေ မိတ်ဆက်လာမယ့် Redmi 9 ဖုန်းဟာ Entry Level ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပြီးတော့ Notch ပါဝင်တဲ့ 6.6″ Display ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Processor ပိုင်းအနေနဲ့ Snapdragon Processor အစား MediaTek ရဲ့ Helio G70 Processor ကို သုံးလာမှာပါ။ အဆိုပါ Helio G70 Processor ဟာဆိုရင် လက်ရှိ Redmi Note 8 Pro မှာ သုံးထားတဲ့ Helio G90T နဲ့ G90 Processor တွေထက် ပိုပြီး စွမ်းဆောင်ရည်နိမ့်တဲ့ Processor လို့ ပြောလို့ရပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပြီးတော့ Storage အနေနဲ့တော့ 64GB အနိမ့်ဆုံးအနေနဲ့ ပါဝင်လာမှာဖြစ်ပါတယ်။

ကျန်တဲ့ Redmi 9 နဲ့ ပတ်သတ်တဲ့သတင်းတွေကိုတော့ မသိရှိရသေးပေမယ့် Xiaomi အနေနဲ့ Camera ပိုင်းကိုပါ Improve ပြုလုပ်လာနိုင်ဖွယ်ရှိနေပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ MIUI 11 နဲ့ ပွဲထွက်လာဖို့များနေပါတယ်။

ယခင်ထွက်ရှိထားတဲ့ Redmi 8 ဖုန်းဟာဆိုရင် Snapdragon 439 Processor နဲ့ 12+2MP Back Camera ပဲ ပါဝင်ခဲ့တဲ့အတွက် လာမယ့်နှစ်အစောပိုင်းမှာ ထွက်လာမယ့် Redmi 9 ဖုန်းက Entry ဖုန်းကောင်းကောင်းဝယ်ယူမယ့်သူတွေအတွက် ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China

Zawgyi

ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက Xiaomi ကေန India မွာ Redmi 8A ဖုန္းကို မိတ္ဆက္ထားခဲ့ၿပီး ေအာက္တိုဘာလမွာ Specs ပိုျမႇင့္ထားတဲ့ Redmi 8 ဖုန္းကို မိတ္ဆက္ထားခဲ့ပါတယ္။ အခုေနာက္ဆုံးသိရတဲ့သတင္းေတြအရ Xiaomi ကေန Redmi 9 ဖုန္းကို လာမယ့္ ၂၀၂၀ ႏွစ္စပိုင္းမွာ တ႐ုတ္ႏိုင္ငံမွာ အရင္ဆုံးမိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။

အခု Xiaomi ကေန မိတ္ဆက္လာမယ့္ Redmi 9 ဖုန္းဟာ Entry Level ဖုန္းတစ္လုံးျဖစ္လာမွာျဖစ္ၿပီးေတာ့ Notch ပါဝင္တဲ့ 6.6″ Display ပါဝင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ Processor ပိုင္းအေနနဲ႔ Snapdragon Processor အစား MediaTek ရဲ႕ Helio G70 Processor ကို သုံးလာမွာပါ။ အဆိုပါ Helio G70 Processor ဟာဆိုရင္ လက္ရွိ Redmi Note 8 Pro မွာ သုံးထားတဲ့ Helio G90T နဲ႔ G90 Processor ေတြထက္ ပိုၿပီး စြမ္းေဆာင္ရည္နိမ့္တဲ့ Processor လို႔ ေျပာလို႔ရပါတယ္။ RAM အေနနဲ႔ 4GB ပါဝင္မွာျဖစ္ၿပီးေတာ့ Storage အေနနဲ႔ေတာ့ 64GB အနိမ့္ဆုံးအေနနဲ႔ ပါဝင္လာမွာျဖစ္ပါတယ္။

က်န္တဲ့ Redmi 9 နဲ႔ ပတ္သတ္တဲ့သတင္းေတြကိုေတာ့ မသိရွိရေသးေပမယ့္ Xiaomi အေနနဲ႔ Camera ပိုင္းကိုပါ Improve ျပဳလုပ္လာႏိုင္ဖြယ္ရွိေနပါတယ္။ Software ပိုင္းအေနနဲ႔ကေတာ့ Android 10 ကို အေျခခံထားတဲ့ MIUI 11 နဲ႔ ပြဲထြက္လာဖို႔မ်ားေနပါတယ္။

ယခင္ထြက္ရွိထားတဲ့ Redmi 8 ဖုန္းဟာဆိုရင္ Snapdragon 439 Processor နဲ႔ 12+2MP Back Camera ပဲ ပါဝင္ခဲ့တဲ့အတြက္ လာမယ့္ႏွစ္အေစာပိုင္းမွာ ထြက္လာမယ့္ Redmi 9 ဖုန္းက Entry ဖုန္းေကာင္းေကာင္းဝယ္ယူမယ့္သူေတြအတြက္ ေ႐ြးခ်ယ္စရာျဖစ္လာႏိုင္ပါတယ္။

Ref – Gizmo China