[Zawgyi]

Redmi Brand ရဲ႕ ပထမဆံုး လက္ပ္ေတာ့ ျဖစ္တဲ့ RedmiBook 14 ကို ေမလမွာ ေၾကညာခဲ့ၿပီး 8th Gen Intel Processor ထည့္သြင္းထားပါတယ္။ အခုေတာ့ Redmi က ဒီလ ၂၉ ရက္ေန႔မွာ 10th Gen Intel Processor ပါတဲ့ ေမာ္ဒယ္ အသစ္ကို ေၾကညာမယ္လို႔ ေျပာပါတယ္။

RedmiBook 14 အသစ္မွာ ပါမယ့္ Processor ဟာ Core i7 ျဖစ္ပါတယ္။ အဲဒီ Processor ဟာ 10nm Ice Lake CPUs ဒါမွမဟုတ္ ၿပီးခဲ့တဲ့ တစ္ပတ္က ေၾကညာခဲ့တဲ့ 14nm Comet Lake CPUs ထဲက ၁ လံုးလား ဆိုတာေတာ့ မသိရေသးပါဘူး။ 10th Gen RedmiBook 14 ဟာ ယြမ္ ၄,၉၉၉ ( ျမန္မာေငြ ၁,၀၅၀,၀၀၀ ၀န္းက်င္) သတ္မွတ္ထားတဲ့ 8th Gen Processor ( Core i7+ 512GB SSD) ပါတဲ့ စြမ္းရည္ျမင့္ RedmiBook 14 ထက္ ေစ်းပိုမ်ားမွာ ေသခ်ာပါတယ္။

10th Gen Intel Processor ပါမယ့္ RedmiBook 14 နဲ႔ 8th Gen Intel Processor ပါတဲ့ ေမာ္ဒယ္ေတြမွာ Processor နဲ႔ Graphics Card ေတြသာ ကြာျခားၿပီး ဒီဇိုင္းက တူညီမွာ ျဖစ္ပါတယ္။ အဲဒီအတြက္ ေမာ္ဒယ္အသစ္မွာ ၁၄ လက္မ မ်က္ႏွာျပင္နဲ႔ 81.2% Screen-To-Body Ratio ပါလာမွာ ျဖစ္ပါတယ္။ Full-sized Keyboard ပါလာႏုိင္ပါတယ္။

RedmiBook 14 အသစ္မွာ HDMI, USB 3.0, USB 2.0 နဲ႔ 3.5mm Audio Jack ေတြ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ Mi Band ကို အသံုးျပဳၿပီး လက္ပ္ေတာ့ကို Unlock ျပဳလုပ္ႏိုင္တဲ့ Smart Unlock 2.0 ပါလာမွာ ျဖစ္ပါတယ္။ ေမာ္ဒယ္ အသစ္ကို Redmi Note 8 , Redmi Note 8 Pro နဲ႔ Redmi TV တို႔နဲ႔အတူ ေၾကညာမွာ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

10th Gen Intel Processor ပါမယ့် RedmiBook 14 ကို သြဂုတ်လ ၂၉ ရက်နေ့မှာ ကြေညာမည်

Redmi Brand ရဲ့ ပထမဆုံး လက်ပ်တော့ ဖြစ်တဲ့ RedmiBook 14 ကို မေလမှာ ကြေညာခဲ့ပြီး 8th Gen Intel Processor ထည့်သွင်းထားပါတယ်။ အခုတော့ Redmi က ဒီလ ၂၉ ရက်နေ့မှာ 10th Gen Intel Processor ပါတဲ့ မော်ဒယ် အသစ်ကို ကြေညာမယ်လို့ ပြောပါတယ်။

RedmiBook 14 အသစ်မှာ ပါမယ့် Processor ဟာ Core i7 ဖြစ်ပါတယ်။ အဲဒီ Processor ဟာ 10nm Ice Lake CPUs ဒါမှမဟုတ် ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့တဲ့ 14nm Comet Lake CPUs ထဲက ၁ လုံးလား ဆိုတာတော့ မသိရသေးပါဘူး။ 10th Gen RedmiBook 14 ဟာ ယွမ် ၄,၉၉၉ ( မြန်မာငွေ ၁,၀၅၀,၀၀၀ ဝန်းကျင်) သတ်မှတ်ထားတဲ့ 8th Gen Processor ( Core i7+ 512GB SSD) ပါတဲ့ စွမ်းရည်မြင့် RedmiBook 14 ထက် ဈေးပိုများမှာ သေချာပါတယ်။

10th Gen Intel Processor ပါမယ့် RedmiBook 14 နဲ့ 8th Gen Intel Processor ပါတဲ့ မော်ဒယ်တွေမှာ Processor နဲ့ Graphics Card တွေသာ ကွာခြားပြီး ဒီဇိုင်းက တူညီမှာ ဖြစ်ပါတယ်။ အဲဒီအတွက် မော်ဒယ်အသစ်မှာ ၁၄ လက်မ မျက်နှာပြင်နဲ့ 81.2% Screen-To-Body Ratio ပါလာမှာ ဖြစ်ပါတယ်။ Full-sized Keyboard ပါလာနိုင်ပါတယ်။

RedmiBook 14 အသစ်မှာ HDMI, USB 3.0, USB 2.0 နဲ့ 3.5mm Audio Jack တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Mi Band ကို အသုံးပြုပြီး လက်ပ်တော့ကို Unlock ပြုလုပ်နိုင်တဲ့ Smart Unlock 2.0 ပါလာမှာ ဖြစ်ပါတယ်။ မော်ဒယ် အသစ်ကို Redmi Note 8 , Redmi Note 8 Pro နဲ့ Redmi TV တို့နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gizmochina