[Zawgyi]

Redmi အေနနဲ႔ သူတို႔ရဲ႕ ပထမဦးဆုံး Flagship စမတ္ဖုန္းကို မၾကာခင္ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းကို Redmi K20 လို႔ ေခၚဆိုမွာျဖစ္ၿပီး၊ “K” ဟာ Killer ကို ကိုယ္စားျပဳေၾကာင္း ကုမၸဏီရဲ႕ အေထြေထြမန္ေနဂ်ာျဖစ္သူ Lu Weibing က ေျပာၾကားထားပါတယ္။ ဒီေန႔ၾကားသိခဲ့ရတဲ့ သတင္းတစ္ခုအရဆိုရင္ Redmi ဟာ Flagship စမတ္ဖုန္းသာမက Laptop ကိုပါ မိတ္ဆက္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

Redmi K20 စမတ္ဖုန္းနဲ႔ Redmi Laptop ေတြကို တၿပိဳင္တည္း မိတ္ဆက္လာမလားဆိုတာကို အတိအက်ေျပာလို႔ မရေသးေပမယ့္ Laptop ရဲ႕ နာမည္ကိုေတာ့ ခိုင္လုံတဲ့ သတင္းအရင္းအျမစ္ကေန တစ္ဆင့္ အတိအက် သိရွိထားပါတယ္။ RedmiBook 14 အမည္ရွိ Laptop တစ္မ်ိဴးဟာ Bluetooth Certification Website မွာ ၂၀၁၉ခုႏွစ္၊ ၅လပိုင္း၊ ၃ရက္ေန႔တုန္းက ေပၚထြက္လာခဲ့ပါတယ္။ Laptop နာမည္မွာ နံပါတ္ ၁၄ ပါရွိေနတဲ့အတြက္ အဆိုပါ Laptop ဟာ ၁၄လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Display ကို အသုံးျပဳထားတယ္လို႔ ယူဆရပါတယ္။

ဝက္ဆိုက္ေပၚက အခ်က္အလက္ေတြအရ RedmiBook 14 ရဲ႕ ေမာ္ဒယ္နံပါတ္ေတြက XMA1901-** ဆိုၿပီး ဗားရွင္းအမ်ိဴးမ်ိဴးနဲ႔ ေဖာ္ျပထားတာေၾကာင့္ အဆိုပါ Laptops ေတြကို တ႐ုတ္ႏိုင္ငံအျပင္ ကမာၻ႔အႏွံ႔အျပားမွာပါ ျဖန္႔ခ်ိေရာင္းခ်လာႏိုင္ပါတယ္။ RedmiBook 14 ရဲ႕ Processor အပိုင္းအတြက္ကိုေတာ့ Intel Processor ေတြကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ Redmi အတြက္ ပထမဦးဆုံးျဖစ္လာမယ့္ RedmiBook 14 နဲ႔ ပတ္သက္ၿပီး တျခားေသာ အေၾကာင္းအရာေတြကို အတိအက် မသိရေသးေပမယ့္ အဆိုပါ Laptop ဟာ Xiaomi Mi NoteBook ေတြထက္ ေစ်းသက္သာမယ္လို႔ ယူဆရပါတယ္။

Ref : Gizmochina

[Unicode]

စမတ်ဖုန်းသာမက ကွန်ပျူတာလောကထဲကိုပါ ခြေဆန့်တော့မယ့် Redmi

Redmi အနေနဲ့ သူတို့ရဲ့ ပထမဦးဆုံး Flagship စမတ်ဖုန်းကို မကြာခင် မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို Redmi K20 လို့ ခေါ်ဆိုမှာဖြစ်ပြီး၊ “K” ဟာ Killer ကို ကိုယ်စားပြုကြောင်း ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Lu Weibing က ပြောကြားထားပါတယ်။ ဒီနေ့ကြားသိခဲ့ရတဲ့ သတင်းတစ်ခုအရဆိုရင် Redmi ဟာ Flagship စမတ်ဖုန်းသာမက Laptop ကိုပါ မိတ်ဆက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Redmi K20 စမတ်ဖုန်းနဲ့ Redmi Laptop တွေကို တပြိုင်တည်း မိတ်ဆက်လာမလားဆိုတာကို အတိအကျပြောလို့ မရသေးပေမယ့် Laptop ရဲ့ နာမည်ကိုတော့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်ကနေ တစ်ဆင့် အတိအကျ သိရှိထားပါတယ်။ RedmiBook 14 အမည်ရှိ Laptop တစ်မျိူးဟာ Bluetooth Certification Website မှာ ၂၀၁၉ခုနှစ်၊ ၅လပိုင်း၊ ၃ရက်နေ့တုန်းက ပေါ်ထွက်လာခဲ့ပါတယ်။ Laptop နာမည်မှာ နံပါတ် ၁၄ ပါရှိနေတဲ့အတွက် အဆိုပါ Laptop ဟာ ၁၄လက်မ မျက်နှာပြင် အကျယ်ရှိ Display ကို အသုံးပြုထားတယ်လို့ ယူဆရပါတယ်။

ဝက်ဆိုက်ပေါ်က အချက်အလက်တွေအရ RedmiBook 14 ရဲ့ မော်ဒယ်နံပါတ်တွေက XMA1901-** ဆိုပြီး ဗားရှင်းအမျိူးမျိူးနဲ့ ဖော်ပြထားတာကြောင့် အဆိုပါ Laptops တွေကို တရုတ်နိုင်ငံအပြင် ကမ္ဘာ့အနှံ့အပြားမှာပါ ဖြန့်ချိရောင်းချလာနိုင်ပါတယ်။ RedmiBook 14 ရဲ့ Processor အပိုင်းအတွက်ကိုတော့ Intel Processor တွေကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Redmi အတွက် ပထမဦးဆုံးဖြစ်လာမယ့် RedmiBook 14 နဲ့ ပတ်သက်ပြီး တခြားသော အကြောင်းအရာတွေကို အတိအကျ မသိရသေးပေမယ့် အဆိုပါ Laptop ဟာ Xiaomi Mi NoteBook တွေထက် စျေးသက်သာမယ်လို့ ယူဆရပါတယ်။

Ref : Gizmochina