[Unicode]

Samsung ရဲ့ Galaxy Note တွေဟာ Stylus နဲ့တွဲပြီးကျော်ကြားတဲ့ စမတ်ဖုန်းပါ။ မြန်မာဆန်ဆန်ပြောရင် ကညစ် လို့ပြောရမယ့် Pen ဒါမှမဟုတ် Stylus ကို စမတ်ဖုန်းနဲ့တွဲဖက်ထုတ်လုပ်လာတဲ့ (LG အပြင်) နောက်ထပ်အမှတ်တံဆိပ်တစ်ခု ထွက်ပေါ်လာပါပြီ။ အဲဒါကတော့ Motorola ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က Motorola စမတ်ဖုန်းတစ်လုံးကို Stylus နဲ့အတူ တွဲဖက်ပြီးထုတ်လုပ်ထားတဲ့အကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ထွက်လာတဲ့ ရုပ်ပုံက ကြည်လင်ပြတ်သားနေတာကြောင့် Official render လို့ ပြောရမှာပါ။ Motorola ရဲ့ Stylus နဲ့တွဲထားတဲ့ ဒီစမတ်ဖုန်းဟာ ဘယ်မော်ဒယ်၊ ဘယ်အမျိုးအစား ဖြစ်မလဲဆိုတာတော့ မသိနိုင်သေးပါဘူး။

Render ရုပ်ပုံအရ အရှေ့ဘက်မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole နဲ့အတူ ကင်မရာတစ်လုံးကိုတွေ့မြင်ရပါတယ်။ ဘေးနှစ်ဖက် Bezel တွေကတော့ ခပ်ပါးပါးဖြစ်ပြီး အပေါ်ဘက်နဲ့အောက်ဘက်က အရမ်းကြီးပါးသွားတာမျိုးမဟုတ်ပေမယ့် မထူမပါးအနေအထားမျိုးလို့ ဆိုနိုင်ပါတယ်။ ကိုယ်ထည်နဲ့ မျက်နှာပြင်ကိုကာထားတဲ့ Glass ကြားမှာ နားကြပ်အတွက် နေရာလုပ်ထားတဲ့ အရိပ်အယောင်လည်း မြင်တွေ့ရပါတယ်။

ဟန်းဆက်နဲ့အတူ တွဲပြီးမြင်တွေ့ရတဲ့ Stylus ကတော့ ရာဘာနဲ့တွဲစပ်ပြုလုပ်ထားတယ်လို့ ယူဆရပါတယ်။ Motorola Edge+ လို့ယူဆရပေမယ့် Evan Blass ကတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကောလာဟလတွေကတော့ Motorola ရဲ့ High-end သစ်လို့ ဆိုကြပါတယ်။ လက်ရှိသုံးသပ်ရသလောက်ကလည်း ဒီစမတ်ဖုန်းဟာ Mid-range အနေနဲ့ ထွက်မလာနိုင်ဘူးလို့ ယုံကြည်ရပါတယ်။

Ref: Phone Arena

[Zawgyi]

Stylus နဲ႔အတူ ေတြ႕ရတဲ့ Motorola ရဲ႕ အမည္မသိ စမတ္ဖုန္းသစ္ Render ထြက္ေပၚလာ

Samsung ရဲ႕ Galaxy Note ေတြဟာ Stylus နဲ႔တြဲၿပီးေက်ာ္ၾကားတဲ့ စမတ္ဖုန္းပါ။ ျမန္မာဆန္ဆန္ေျပာရင္ ကညစ္ လို႔ေျပာရမယ့္ Pen ဒါမွမဟုတ္ Stylus ကို စမတ္ဖုန္းနဲ႔တြဲဖက္ထုတ္လုပ္လာတဲ့ (LG အျပင္) ေနာက္ထပ္အမွတ္တံဆိပ္တစ္ခု ထြက္ေပၚလာပါၿပီ။ အဲဒါကေတာ့ Motorola ပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္က Motorola စမတ္ဖုန္းတစ္လုံးကို Stylus နဲ႔အတူ တြဲဖက္ၿပီးထုတ္လုပ္ထားတဲ့အေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ ထြက္လာတဲ့ ႐ုပ္ပုံက ၾကည္လင္ျပတ္သားေနတာေၾကာင့္ Official render လို႔ ေျပာရမွာပါ။ Motorola ရဲ႕ Stylus နဲ႔တြဲထားတဲ့ ဒီစမတ္ဖုန္းဟာ ဘယ္ေမာ္ဒယ္၊ ဘယ္အမ်ိဳးအစား ျဖစ္မလဲဆိုတာေတာ့ မသိႏိုင္ေသးပါဘူး။

Render ႐ုပ္ပုံအရ အေရွ႕ဘက္မ်က္ႏွာျပင္ရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာ Punch-hole နဲ႔အတူ ကင္မရာတစ္လုံးကိုေတြ႕ျမင္ရပါတယ္။ ေဘးႏွစ္ဖက္ Bezel ေတြကေတာ့ ခပ္ပါးပါးျဖစ္ၿပီး အေပၚဘက္နဲ႔ေအာက္ဘက္က အရမ္းႀကီးပါးသြားတာမ်ိဳးမဟုတ္ေပမယ့္ မထူမပါးအေနအထားမ်ိဳးလို႔ ဆိုႏိုင္ပါတယ္။ ကိုယ္ထည္နဲ႔ မ်က္ႏွာျပင္ကိုကာထားတဲ့ Glass ၾကားမွာ နားၾကပ္အတြက္ ေနရာလုပ္ထားတဲ့ အရိပ္အေယာင္လည္း ျမင္ေတြ႕ရပါတယ္။

ဟန္းဆက္နဲ႔အတူ တြဲၿပီးျမင္ေတြ႕ရတဲ့ Stylus ကေတာ့ ရာဘာနဲ႔တြဲစပ္ျပဳလုပ္ထားတယ္လို႔ ယူဆရပါတယ္။ Motorola Edge+ လို႔ယူဆရေပမယ့္ Evan Blass ကေတာ့ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ေကာလာဟလေတြကေတာ့ Motorola ရဲ႕ High-end သစ္လို႔ ဆိုၾကပါတယ္။ လက္ရွိသုံးသပ္ရသေလာက္ကလည္း ဒီစမတ္ဖုန္းဟာ Mid-range အေနနဲ႔ ထြက္မလာႏိုင္ဘူးလို႔ ယုံၾကည္ရပါတယ္။

Ref: Phone Arena