[Unicode]

Samsung ဟာ Galaxy A (2020) series တွေအတွက် A11 ကနေ A91 အထိ မော်ဒယ်နာမည်တွေကို ထုတ်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီထဲကမှ Galaxy A21 ရဲ့ Render ပုံရိပ်တွေကတော့ ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ Renders တွေကိုကြည့်ခြင်းအားဖြင့် A21 ဟာ Galaxy A series ရဲ့ အစဉ်အလာအတိုင်းပဲလို့ ပြောနိုင်ပါတယ်။


Samsung Galaxy A21 ဟာ Notch နဲ့အတူ Selfie ကင်မရာတစ်လုံးတပ်ဆင်ပေးထားပါတယ်။ (ဘေးမှာ မြင်တွေရတဲ့အရာကတော့ Proximity ဒါမှမဟုတ် Ambient light sensor ဖြစ်မယ်လို့ ယူဆရပါတယ်။) A21 မှာ Notch ပဲသုံးထားတာကြောင့် Punch-hole ကတော့ ပိုပြီး အဆင့်မြင့်တဲ့ မော်ဒယ်တွေမှာပဲ သုံးတယ်လို့ ယူဆရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Galaxy A21 ရဲ့ ကျောဘက်ကင်မရာကတော့ သုံးလုံးဖြစ်ပါတယ်။ ပုံစံကြည့်ရတာကတော့ Galaxy A20s နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါကြောင့် Wide နဲ့ Ultra wide ကင်မရာရယ် Depth sensor ရယ်လည်း ပါဝင်လာမယ်လို့ ယူဆရပါတယ်။ ကျောဘက်ကိုယ်ထည်မှာ Fingerprint လည်း တွေ့မြင်ရပါသေးတယ်။

Samsung ကတော့ Galaxy A21 နဲ့ပတ်သက်ပြီး ဘာကိုမှ အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ကောလာဟလသတင်းအချို့ကတော့ Galaxy A21 ဟာ 6.3-inch မျက်နှာပြင်၊ 13 MP + 8 MP + 5 MP ကျောဘက်ကင်မရာ၊ 8MP selfie ကင်မရာနဲ့ 4,000mAh ဘက်ထရီ တပ်ဆင်ပေးထားမယ်လို့ ရေးသားဖော်ပြကြပါတယ်။ တိကျသေချာတဲ့ အချက်အလက်တွေ ထပ်သိရဖို့တော့ စောင့်ဆိုင်းရဦးမှာပါ။

Ref: GSM Arena

[Zawgyi]

Samsung Galaxy A21 ရဲ႕ Render အခ်ိဳ႕ ေပၚထြက္လာ

Samsung ဟာ Galaxy A (2020) series ေတြအတြက္ A11 ကေန A91 အထိ ေမာ္ဒယ္နာမည္ေတြကို ထုတ္ျပခဲ့ၿပီးျဖစ္ပါတယ္။ ဒီထဲကမွ Galaxy A21 ရဲ႕ Render ပုံရိပ္ေတြကေတာ့ ထြက္လာခဲ့ၿပီ ျဖစ္ပါတယ္။ Renders ေတြကိုၾကည့္ျခင္းအားျဖင့္ A21 ဟာ Galaxy A series ရဲ႕ အစဥ္အလာအတိုင္းပဲလို႔ ေျပာႏိုင္ပါတယ္။

Samsung Galaxy A21 ဟာ Notch နဲ႔အတူ Selfie ကင္မရာတစ္လုံးတပ္ဆင္ေပးထားပါတယ္။ (ေဘးမွာ ျမင္ေတြရတဲ့အရာကေတာ့ Proximity ဒါမွမဟုတ္ Ambient light sensor ျဖစ္မယ္လို႔ ယူဆရပါတယ္။) A21 မွာ Notch ပဲသုံးထားတာေၾကာင့္ Punch-hole ကေတာ့ ပိုၿပီး အဆင့္ျမင့္တဲ့ ေမာ္ဒယ္ေတြမွာပဲ သုံးတယ္လို႔ ယူဆရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Galaxy A21 ရဲ႕ ေက်ာဘက္ကင္မရာကေတာ့ သုံးလုံးျဖစ္ပါတယ္။ ပုံစံၾကည့္ရတာကေတာ့ Galaxy A20s နဲ႔ ခပ္ဆင္ဆင္ပါပဲ။ ဒါေၾကာင့္ Wide နဲ႔ Ultra wide ကင္မရာရယ္ Depth sensor ရယ္လည္း ပါဝင္လာမယ္လို႔ ယူဆရပါတယ္။ ေက်ာဘက္ကိုယ္ထည္မွာ Fingerprint လည္း ေတြ႕ျမင္ရပါေသးတယ္။

Samsung ကေတာ့ Galaxy A21 နဲ႔ပတ္သက္ၿပီး ဘာကိုမွ အတည္ျပဳ ထုတ္ျပန္ျခင္းမရွိေသးပါဘူး။ ေကာလာဟလသတင္းအခ်ိဳ႕ကေတာ့ Galaxy A21 ဟာ 6.3-inch မ်က္ႏွာျပင္၊ 13 MP + 8 MP + 5 MP ေက်ာဘက္ကင္မရာ၊ 8MP selfie ကင္မရာနဲ႔ 4,000mAh ဘက္ထရီ တပ္ဆင္ေပးထားမယ္လို႔ ေရးသားေဖာ္ျပၾကပါတယ္။ တိက်ေသခ်ာတဲ့ အခ်က္အလက္ေတြ ထပ္သိရဖို႔ေတာ့ ေစာင့္ဆိုင္းရဦးမွာပါ။

Ref: GSM Arena