Apple ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက iPhone 13 Series အပါအဝင် iPad အသစ်တွေနဲ့ Apple Watch Series 7 ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Apple ကနေ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်နေတဲ့ AirPods 3 ကိုတော့ မိတ်ဆက်သွားခြင်းမရှိခဲ့ပါဘူး။

အခုထပ်ပြီးထွက်ရှိလာတဲ့သတင်းတွေအရတော့ Apple ဟာ AirPods 3 ကို အမြောက်အများထုတ်လုပ်မှုကို စတင်နေပြီလို့ သိရပါတယ်။ အဆိုပါ DigiTimes ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ယခုနှစ်မကုန်ခင်မှာ တရားဝင်မိတ်ဆက်သွားဖွယ်ရှိနေတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

Apple AirPods 3 ဟာ Design ပိုင်းအရတော့ ယခင်တုန်းက ထွက်ပေါ်ခဲ့သလိုမျိုးပဲ AirPods Pro နဲ့ ဆင်တူတဲ့ Design ကိုမှ Silicon Eartips တွေပါဝင်မှာမဟုတ်ဘဲ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Active Noise Cancellation (ANC) လိုမျိုး Feature တော့ပါဝင်နိုင်ခြေနည်းပါးနေပါတယ်။ တခြားသော Spatial Audio ၊ Find My နဲ့ Audio Feature တွေကိုတော့ Support ပြုလုပ်လာဖွယ်ရှိပါတယ်။

နောက်ထပ်ပြောင်းလဲမှုတစ်ခုအနေနဲ့ကတော့ AirPods 2 လိုမျိုး Wireless Charging ပါဝင်တဲ့ Version နဲ့ ရိုးရိုး Version အစား Wireless Charging Case နဲ့ Version တစ်မျိုးကိုပဲ မိတ်ဆက်သွားဖွယ်ရှိပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ AirPods 2 ဟာ $159 နဲ့ရောင်းချနေတဲ့အတွက်ကြောင့် AirPods 3 ဟာလည်း အလားတူစျေးနဲ့ပဲ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena