Huawei ဟာ လတ်တလောမှာ HiSilicon Chip တွေကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ MediaTek လိုမျိုး အခြားပံ့ပိုးသူတွေကိုပဲ အားကိုးနေရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Huawei နဲ့ လက်တွဲခဲ့ကြတဲ့ လုပ်ငန်းတွေက ဆက်ပြီးလက်တွဲသွားဖို့ လိုလားတယ်ဆိုတာကို တွေ့မြင်နေရပါတယ်။

ပြီးခဲ့တဲ့ရက်က တရုတ်ဘက်ကနေ ထွက်ပေါ်လာတဲ့သတင်းအရ Qualcomm ဟာ Huawei နဲ့ အရောင်းအဝယ်လုပ်ကိုင်ဖို့ ခွင့်ပြုလိုင်စင်ရထားပြီးဖြစ်ကြောင်း၊ ရွေးချယ်မှုတွေ တိုးမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။ အစီရင်ခံစာမှာ Qualcomm အနေနဲ့ Huawei အမှတ်တံဆိပ်တစ်ခုတည်းရဲ့ ဝယ်လိုအားကိုပဲ ပြည့်မီအောင် စီမံမှာဖြစ်တယ်လို့ ဖော်ပြထားပါသေးတယ်။

Huawei အနေနဲ့ Honor အမှတ်တံဆိပ်ကို လက်လွှဲရောင်းချသွားဖို့ ပြင်ဆင်နေပေမယ့် အကယ်၍ Chipset ကိစ္စသာ ပြန်ပြီးအဆင်ပြေလာရင် ဒီအရောင်းအဝယ်ကလည်း အပြောင်းအလဲဖြစ်လာနိုင်ပါသေးတယ်။ လတ်တလောမှာတော့ Digital China နဲ့ $15 billion တန် အရောင်းအဝယ်ပြုလုပ်ဖို့ ဆွေးနွေးထားကြတာ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းက တရုတ်ဘက်က ထွက်လာတာကို သတိပြုဖို့လိုအပ်ပါတယ်။ Qualcomm အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Huawei နဲ့ ကုန်သွယ်ဖို့အတွက် ခွင့်ပြုလိုင်စင်လျှောက်ထားခဲ့တာမှန်ပေမယ့်၊ ခွင့်ပြုချက်ရပြီဆိုတဲ့ တရားဝင်အထောက်အထားကို အခုအချိန်ထိ မတွေ့ရသေးသလို၊ အမေရိကန်အခြေစိုက်ကုမ္ပဏီကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး တရားဝင် တုန့်ပြန်မှုတစ်စုံတရာ မပြုလုပ်သေးဘဲ ရှိနေပါတယ်။

Ref: GSM Arena