[Zawgyi]

Huawei ရဲ႕ P30 Pro ထြက္လာေတာ့ အံ့အားသင့္စရာ အနီးကပ္႐ိုက္ကူးမႈအျဖစ္ Moon Mode ကို အထူးဦးစားေပးၿပီး ေၾကာ္ျငာခဲ့ပါတယ္။ ႐ိုက္ကူးဖို႔ Tripod မလိုဘဲ Periscope လို Zoom lens နဲ႔ AI ကိုအေျခခံထားတဲ့ အယ္လ္ဂိုရစ္သမ္က လရဲ႕အနီးကပ္ပုံရိပ္ကို ဖန္တီးေပးတာ ျဖစ္ပါတယ္။

P30 Pro ကိုင္ေဆာင္ထားသူဟာ ဖုန္းနဲ႔ လကို ခ်ိန္႐ြယ္ၿပီး pinch-to-zoom အသုံးျပဳၿပီး 10x zoom နဲ႔အထက္ ပိုတဲ့အေျခအေနထိ ဆြဲယူ႐ိုက္ကူးႏိုင္တဲ့ နည္းလမ္းဟာ ေၾကာ္ျငာသေလာက္လည္း သုံးစြဲသူေတြၾကားမွာ ေရပန္းစားခဲ့ပါတယ္။ ဒီလို႐ိုက္ကူးလိုက္တဲ့အခါ အလင္းနဲ႔အရိပ္ကိုပါ အေသးစိတ္နီးပါး ခြဲျခားျမင္ေတြ႕ႏိုင္တာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ လက္ေတြ႕စမ္းသပ္မႈအခ်ိဳ႕က Huawei P 30 Pro ရဲ႕ Moon Mode ဟာ ပကတိလရဲ႕ ပုံရိပ္ကို ဖမ္းယူတာမဟုတ္ဘဲ ရွိၿပီးသား ပုံရိပ္ကိုသာ ထည့္သြင္းေပါင္းစပ္ထားဖြယ္ရွိတယ္လို႔ ဆိုလာၾကတာပါ။ လရဲ႕ပုံရိပ္ကို အနည္းငယ္ အတိုးအခ်ဲ႕လုပ္ၿပီး စမ္းသပ္႐ိုက္ကူးရာက ဒီလိုအျဖစ္အပ်က္ကိုေတြ႕ခဲ့ရတာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။ စမ္းသပ္သူဟာ လရဲ႕ ေဘးမွာ အျခားအရာဝတၳဳကို ထားရွိၿပီး႐ိုက္ကူးခ်ိန္မွာေတာ့ လဟာ လုံးဝကို ပကတိပုံရိပ္မဟုတ္ဘူးလို႔ ေျပာလို႔ရလာတာျဖစ္ေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။

Huawei ကေတာ့ ဒီစြပ္စြဲမႈဟာ မမွန္ကန္ေၾကာင္းနဲ႔ Moon Mode ဟာ အျခား AI master ေတြလိုပဲ တူညီတဲ့ စည္းမ်ဥ္းေတြထည့္သြင္းထားေၾကာင္း၊ ေကာင္းမြန္တဲ့ဓါတ္ပုံေတြ ႐ိုက္ကူးႏိုင္ဖို႔ အေသးစိတ္အခ်က္အလက္ေတြ သိရွိထည့္သြင္းဖို႔ ျပဳလုပ္ထားေၾကာင္း ျပန္လည္ေျဖရွင္းခဲ့ပါတယ္။ Periscope lens ေၾကာင့္ AI mode နဲ႔မဟုတ္ရင္ေတာင္ ႐ိုက္ကူးႏိုင္တယ္လို႔ ေျဖရွင္းခ်က္မွာ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

Ref: Phone Arena

[Unicode]

P30 Pro ရဲ့ Moon Mode ဟာ ပကတိပုံရိပ်အစစ်အမှန်မဟုတ်ဘူးလို့ စွပ်စွဲခံရ

Huawei ရဲ့ P30 Pro ထွက်လာတော့ အံ့အားသင့်စရာ အနီးကပ်ရိုက်ကူးမှုအဖြစ် Moon Mode ကို အထူးဦးစားပေးပြီး ကြော်ငြာခဲ့ပါတယ်။ ရိုက်ကူးဖို့ Tripod မလိုဘဲ Periscope လို Zoom lens နဲ့ AI ကိုအခြေခံထားတဲ့ အယ်လ်ဂိုရစ်သမ်က လရဲ့အနီးကပ်ပုံရိပ်ကို ဖန်တီးပေးတာ ဖြစ်ပါတယ်။

P30 Pro ကိုင်ဆောင်ထားသူဟာ ဖုန်းနဲ့ လကို ချိန်ရွယ်ပြီး pinch-to-zoom အသုံးပြုပြီး 10x zoom နဲ့အထက် ပိုတဲ့အခြေအနေထိ ဆွဲယူရိုက်ကူးနိုင်တဲ့ နည်းလမ်းဟာ ကြော်ငြာသလောက်လည်း သုံးစွဲသူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဒီလိုရိုက်ကူးလိုက်တဲ့အခါ အလင်းနဲ့အရိပ်ကိုပါ အသေးစိတ်နီးပါး ခွဲခြားမြင်တွေ့နိုင်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့စမ်းသပ်မှုအချို့က Huawei P 30 Pro ရဲ့ Moon Mode ဟာ ပကတိလရဲ့ ပုံရိပ်ကို ဖမ်းယူတာမဟုတ်ဘဲ ရှိပြီးသား ပုံရိပ်ကိုသာ ထည့်သွင်းပေါင်းစပ်ထားဖွယ်ရှိတယ်လို့ ဆိုလာကြတာပါ။ လရဲ့ပုံရိပ်ကို အနည်းငယ် အတိုးအချဲ့လုပ်ပြီး စမ်းသပ်ရိုက်ကူးရာက ဒီလိုအဖြစ်အပျက်ကိုတွေ့ခဲ့ရတာ ဖြစ်ကြောင်းလည်း သိရပါတယ်။ စမ်းသပ်သူဟာ လရဲ့ ဘေးမှာ အခြားအရာဝတ္ထုကို ထားရှိပြီးရိုက်ကူးချိန်မှာတော့ လဟာ လုံးဝကို ပကတိပုံရိပ်မဟုတ်ဘူးလို့ ပြောလို့ရလာတာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

Huawei ကတော့ ဒီစွပ်စွဲမှုဟာ မမှန်ကန်ကြောင်းနဲ့ Moon Mode ဟာ အခြား AI master တွေလိုပဲ တူညီတဲ့ စည်းမျဉ်းတွေထည့်သွင်းထားကြောင်း၊ ကောင်းမွန်တဲ့ဓါတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ အသေးစိတ်အချက်အလက်တွေ သိရှိထည့်သွင်းဖို့ ပြုလုပ်ထားကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ Periscope lens ကြောင့် AI mode နဲ့မဟုတ်ရင်တောင် ရိုက်ကူးနိုင်တယ်လို့ ဖြေရှင်းချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

Ref: Phone Arena