စကော့တလန် မှ သုတေသနပညာရှင်တွေက ငလျင်ကြောင့် အဆောက်အဦး အပျက်အဆီးတွေကြားထဲမှာ ပိတ်မိနေသူတွေ၊ တောထဲမှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေပေးနိုင်တဲ့ AI Model ကို တီထွင်လိုက်ပါတယ်။ အလားတူ အခြေအနေတွေမှာ လူတွေ ဘယ်နေရာကို သွားကြသလဲ ဆိုတာကို AI က လေ့လာသင်ကြားထားတာ ဖြစ်ပါတယ်။
Glasgow တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက လူတွေ ရှိနိုင်တဲ့ နေရာတွေကို ပြသတဲ့ Heat Map ကို ဖန်တီးဖို့ တကယ့် ဖြစ်ရပ်မှန်တွေက ဒေတာတွေကို အသုံးပြုထားတယ်လို့ ပြောပါတယ်။
ဒီ AI နည်းပညာက ကယ်ဆယ်ရေး သမားတွေ ရှာဖွေရမယ့် ဧရိယာကို ကျဉ်းမြောင်းသွားအောင် ကူညီပေးနိုင်ပါတယ်။ AI ဟာ ဆန်ဆာ တပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေမှာ ထိရောက်စွာ ရှာဖွေပေးနိုင်ပါတယ်။
ပညာရှင်တွေက ဒီနည်းလမ်းဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို တိုးတက်စေမှာ ဖြစ်ပြီး အနာဂတ်မှာ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း နည်းလမ်းတွေကို ပုံဖော်ပေးမယ်လို့ ယုံကြည်ထားကြပါတယ်။
Ref : Technology Innovation