အမေရိကန် အစိုးရက ၂၀၁၉ ခုနှစ် မေလကတည်းကစတင်ကာ Huawei ကို အမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပြီး စီးပွားရေးပိတ်ဆို့ခဲ့တာ ၄ နှစ်ကျော်ကြာလာပါပြီ။ အမေရိကန်အစိုးရက အမေရိကန်ကုမ္ပဏီတွေ Huawei ကို Hardware နဲ့ Software ရောင်းချခွင့်ပိတ်ပင်ထားပြီး 5G Chipset တွေကို Huawei က အမေရိကန် ကုမ္ပဏီတွေထံကနေ ဝယ်လို့မရတော့ပါဘူး။

Reuters: Huawei to have 5G chipsets on its phones later this year

အခုတော့ Reuters က Huawei ဟာ တရုတ်ရဲ့ Semiconductor Manufacturing International Corporation (SMIC) နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ 5G Chipset တွေကို အသုံးပြုတော့မယ်လို့ ပြောပါတယ်။

တရုတ် စမတ်ဖုန်း ဈေးကွက်အကြောင်း နားလည်တဲ့ Third-party သုတေသန အဖွဲ့အစည်း ၃ ခုက Huawei နဲ့ SMIC ဟာ SMIC ရဲ့ N+1 Manufacturing Process နဲ့ Huawei ရဲ့ Electronic Design Automation (EDA) Software Tools တွေကို အသုံးပြုကာ 5G Chipset တွေ ဖန်တီးနေတာလို့ ပြောပါတယ်။

Huawei will regain 5G phones this year - Huawei Central

အရင်က သတင်းတွေအရ SMIC ရဲ့ Manufacturing Process ဟာ စွမ်းအားနဲ့ တည်ငြိမ်မှုအပိုင်းမှာ ပြိုင်ဖက်တွေရဲ့ 7nm Process နည်းပညာကို ယှဉ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် SMIC ဟာ တကယ်တော့ 7nm Process နဲ့ ထုတ်ထားတာ မဟုတ်ပါဘူး။

Huawei နဲ့ SMIC ဟာ 5G Chipset ၂ သန်း ကနေ ၄ သန်း ၊ အဲဒီကနေ ၁၀ သန်းအထိ ထုတ်လုပ်မယ်လို့ ခန့်မှန်းထားပါတယ်။ အသစ် ဖန်တီးထားတဲ့ 5G Chipset ပါတဲ့ Huawei ရဲ့ ပထမဆုံး ဖုန်းကို ဒီနှစ်နှောင်းပိုင်း ရောင်းချနိုင်ပါတယ်။

Ref : gsmarena