Exynos Modem တွေကို ကမ္ဘာအဝန်းက Galaxy စမတ်ဖုန်း မျိုးစုံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ ဒါပေမယ့် အမေရိကန်က စမတ်ဖုန်းတွေမှာတော့ အဲဒီ Exynos Modem တွေကို အသုံးမပြုကြပါဘူး။ အခုတော့ နောက်ထွက်မယ့် Pixel 6 Series စမတ်ဖုန်းတွေက အဲဒါကို ပြောင်းလဲ တော့မှာ ဖြစ်ပါတယ်။

Reuters: the Pixel 6 duo will come with a Samsung mmWave 5G modem

Google ကတော့ တရားဝင် မပြောသေးပေမယ့် Pixel 6 Series မှာ Exynos Design ကို အခြေပြုထားတဲ့ Custom Tensor Chipset ပါလာမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အခုတော့ Reuters က Samsung ဟာ Google Pixel 6 နဲ့ 6 Pro အတွက် 5G Modem တွေကိုပါ ထောက်ပံ့မယ်လို့ ပြောပါတယ်။

Pixel 6 rumors: Did an Android exec just spill the beans on an  under-display fingerprint scanner? - CNET

စိတ်ဝင်စားစရာကောင်းတာက အဲဒီ Modem ဟာ mmWave 5G ကို ထောက်ပံ့မယ် ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ တော်တော် ထူးဆန်းပါတယ်။ mmWave 5G အပိုင်းမှာ Qualcomm ဟာ ရှေ့တန်းက ပြေးနေပါတယ်။ လက်ရှိမှာ 5G Modem ထုတ်လုပ်တဲ့ ကုမ္ပဏီ ၃ ခု ရှိပြီး Qualcomm , Samsung နဲ့ MediaTek တို့ ဖြစ်ပါတယ်။

Pixel 6 Series ဟာ ရောင်းအား အရမ်းများမယ်လို့ မထင်ရပေမယ့် Samsung Modem တွေဟာ ဘယ်လောက် စွမ်းသလဲ ဆိုတာ စမတ်ဖုန်း ထုတ်လုပ်သူတွေကို သက်သေပြနိုင်ပါတယ်။ Pixels, iPhones, Galaxys အပါအဝင် အမေရိကန်မှာ ရောင်းချတဲ့ mmWave စွမ်းရည်ပါတဲ့ စမတ်ဖုန်းတွေမှာ Qualcomm Modem တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Ref : gsmarena