Reuters က ဘိုင်ဒင် အစိုးရဟာ AI စွမ်းရည် ပါတဲ့ sub-14nm Semiconductor နဲ့ Chipmaking Tools တွေ တရုတ်ဆီ ရောင်းချမှုကို ရပ်နားမယ့် စီးပွားရေး ပိတ်ဆို့မှု အသစ်တွေကို ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

USA is expected to tighten its regulations of chip exports to China

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရုတ်နဲ့ အလုပ်လုပ်နေပြီး တရုတ် ကုမ္ပဏီတွေကို Chip ရောင်းချနေတဲ့ နာမည်ကြီး ကုမ္ပဏီတွေထံ စာပေးပို့ထားပြီးပြီလို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီတွေထဲမှာ Nvidia, AMD နဲ့ Intel တို့ ပါဝင်ပြီး ကုမ္ပဏီတွေဟာ အဲဒီစာတွေအကြောင်းကို သိထားပေမယ့် မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပါဘူး။

What does the US vs China trade war do to people looking to buy gold? - J.Rotbart & Co

လက်ရှိ စီးပွားရေး ပိတ်ဆို့မှုတွေအရ အမေရိကန် ကုမ္ပဏီတွေဟာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ လိုင်စင် ရထားတဲ့ တရုတ် ကုမ္ပဏီတွေနဲ့ပဲ အလုပ်လုပ်ခွင့်ရထားပါတယ်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဟာ နည်းပညာ နယ်ပယ် ၁ ခုလုံးကို အကျိုးသက်ရောက်မယ့် စည်းမျဉ်းတွေကို ပြဌာန်းဖို့ ဘိုင်ဒင် အစိုးရနဲ့ အလုပ်လုပ်နေပြီး နောက်လမှာ စည်းမျဉ်းအသစ်တွေကို တရားဝင် ကြေညာနိုင်ပါတယ်။

တချို့က အဲဒီ Chip တွေကို အသုံးပြုနေတဲ့ အမေရိကန် ကုမ္ပဏီတွေတောင် တရုတ်ဈေးကွက်မှာ မရောင်းချနိုင်အောင် ပြုလုပ်ထားမယ်လို့ ထင်နေကြပါတယ်။ အဲဒီ ကုမ္ပဏီတွေထဲမှာ Dell, HP နဲ့ Super Micro Computer တို့ ပါပါတယ်။

ဒီသတင်းသာ မှန်မယ်ဆိုရင် တရုတ်အတွက် ပြဿနာ ဖြစ်နိုင်ပါတယ်။ လက်ရှိမှာ စွမ်းရည်မြင့် Modem Chip တွေကို အမြောက်အများထုတ်လုပ်နိုင်တဲ့ တရုတ် ကုမ္ပဏီ ၁ ခုမှ မရှိသေးပါဘူး။ အဲဒီ ဈေးကွက်ကို အမေရိကန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့က အုပ်စိုးထားတာပါ။

ဘိုင်ဒင် အစိုးရဟာ အဲဒီ စီးပွားရေး ပိတ်ဆို့မှု ပိုမို ထိရောက်အောင် အမေရိကန် ပြင်ပက မဟာမိတ်တွေဆီက ထောက်ပံ့မှုတွေကို မျှော်လင့်နေပါတယ်။

Ref : gsmarena