Riot Games ဟာ လက်ရှိအချိန်မှာ League of Legends အပြင် Valorant လိုမျိုး FPS Game တွေနဲ့ပါ အောင်မြင်မှုရရှိနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုလည်း လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ Riot Games ဟာ League of Legends ထဲက Game Story အကြောင်းကို Arcane နာမည်နဲ့ Netflix Animation Series ပြသသွားတော့မှာပါ။

အဆိုပါ Arcane Animation Series အတွက် Riot Games ဟာ PUBG ၊ Fortnite တို့နဲ့ပါ ပူးပေါင်းပြီး In-game Skin နဲ့ Event တွေကို မိတ်ဆက်ခဲ့ပါသေးတယ်။ အထူးသဖြင့် Fornite မှာ Arcane ထဲက အဓိက Character ဖြစ်တဲ့ Jinx ကိုပါ ထည့်သွင်းလိုက်တာက ပထမဆုံးသော League of Legends Character အနေနဲ့ ပါဝင်လာတာဖြစ်ပါတယ်။

အခုလည်း Epic Game Store မှာ Riot ကနေ ထုတ်ထားတဲ့ Game တွေအားလုံးကို ရယူဆော့ကစားနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ အဲ့ဒါကြောင့် League of Legends ၊ Valorant အပြင် Teamfight Tactics ၊ Legends of Runeterra လိုမျိုး Game တွေအားလုံးကို Epic Game Store မှာပဲ အလွယ်ရယူနိုင်မှာဖြစ်ပါတယ်။ ယခင်တုန်းက အဆိုပါ Game တွေအတွက် Riot Launcher ဆိုပြီး သီးသန့်လိုအပ်ခဲ့တာဖြစ်ပါတယ်။

Riot Games ဟာ Arcane Netflix Series အတွက် Marketing ပိုင်းကို သေချာလုပ်နေတာဖြစ်ပြီး Valorant Game ထဲမှာလည်း In-game Event နဲ့ Gun Skin တွေကို ရောင်းချနေသလို နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ Imagine Dragons နဲ့လည်း ပူးပေါင်းပြီး Enemy နာမည်နဲ့ သီချင်းကို OST အနေနဲ့ ထည့်သွင်းထားပါသေးတယ်။

Ref – Engadget