Zawgyi

အခုအပတ္တနလၤာေန႔မွာ Asus ဟာ သူတုိ႔ရဲ႕ Gaming စမတ္ဖုန္းအသစ္ ROG Phone II ကို မိတ္ဆက္ခဲ့ၿပီး Qualcomm ရဲ႕ Gaming ဦးစားေပးခ်စ္ပ္ Snapdragon 855+ ကိုအသုံးျပဳလာတဲ့ ပထမဆုံး ေစ်းကြက္ဝင္ဖုန္းျဖစ္လာပါတယ္။

ဒါေပမယ့္ တရုတ္ျပည္တြင္းအတြက္ ေစ်းႏႈန္းကိုေတာ့ မိတ္ဆက္ၿပီးတစ္ရက္အၾကာမွ ေပၚထြက္လာခဲ့ကာ မူရင္းဗားရွင္းထက္ ေစ်းအနည္းငယ္ပုိခ်ဳိသာတဲ့ Tencent စပါယ္ရွယ္ဗားရွင္းလည္း အပါအဝင္ပါ။ ဒီဖုန္းကို ဇူလုိင္လ ၃၁ ရက္ေန႔မွ ပထမဆုံးတင္ပုိ႔ေပးမွာျဖစ္ေပမယ့္ ႏွစ္ရက္ေက်ာ္ေက်ာ္ အခ်ိန္အတြင္းမွာ စမတ္ဖုန္းအသစ္အတြက္ ႀကိဳတင္စာရင္းေပးထားတဲ့လူဦးေရဟာ ၁.၆ သန္းေက်ာ္သြားခဲ့ၿပီလို႔ သိရပါတယ္။

Asus ROG Phone II ကို လူေတြဒီေလာက္စိတ္ဝင္စားရတဲ့ အေၾကာင္းရင္းတစ္ခုကလည္း ခုနက ေျပာခဲ့တဲ့အတုိင္း ဆြဲေဆာင္မႈရွိတဲ့ ေစ်းႏႈန္းနဲ႔ အထူးဗားရွင္းေၾကာင့္ပါ။ သူက Gaming ဖုန္းအသစ္စက္စက္ကို ယြမ္ေငြ ၃,၄၉၉ (ျမန္မာေငြ ၇ သိန္း ၇ ေသာင္းနီးပါး) ေစ်းႏႈန္းနဲ႔ ကမ္းလွမ္းထားတာျဖစ္ပါတယ္။

Tencent နဲ႔ေပါင္းၿပီးထုတ္တာမဟုတ္တဲ့ ပုံမွန္ဗားရွင္းကေတာ့ 12/128GB မန္မိုရီေမာ္ဒယ္ကို တရုတ္ယြမ္ ၆,၀၀၀ (ျမန္မာေငြ ၁၃ သိန္း) ခန္႔က်သင့္မွာပါ။ တရုတ္ျပည္တြင္းမွာ ေစာေစာစီးစီးျမင္ေတြ႕ရမွာျဖစ္ေပမယ့္ ႏုိင္ငံတကာေစ်းကြက္ထဲကိုေတာ့ ရရွိႏုိင္မယ့္ ေနရာနဲ႔ေစ်းႏႈန္းကို ၾသဂုတ္လလည္ေလာက္မွ ေၾကျငာလာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

အခုအပတ်တနင်္လာနေ့မှာ Asus ဟာ သူတို့ရဲ့ Gaming စမတ်ဖုန်းအသစ် ROG Phone II ကို မိတ်ဆက်ခဲ့ပြီး Qualcomm ရဲ့ Gaming ဦးစားပေးချစ်ပ် Snapdragon 855+ ကိုအသုံးပြုလာတဲ့ ပထမဆုံး ဈေးကွက်ဝင်ဖုန်းဖြစ်လာပါတယ်။

ဒါပေမယ့် တရုတ်ပြည်တွင်းအတွက် ဈေးနှုန်းကိုတော့ မိတ်ဆက်ပြီးတစ်ရက်အကြာမှ ပေါ်ထွက်လာခဲ့ကာ မူရင်းဗားရှင်းထက် ဈေးအနည်းငယ်ပိုချိုသာတဲ့ Tencent စပါယ်ရှယ်ဗားရှင်းလည်း အပါအဝင်ပါ။ ဒီဖုန်းကို ဇူလိုင်လ ၃၁ ရက်နေ့မှ ပထမဆုံးတင်ပို့ပေးမှာဖြစ်ပေမယ့် နှစ်ရက်ကျော်ကျော် အချိန်အတွင်းမှာ စမတ်ဖုန်းအသစ်အတွက် ကြိုတင်စာရင်းပေးထားတဲ့လူဦးရေဟာ ၁.၆ သန်းကျော်သွားခဲ့ပြီလို့ သိရပါတယ်။

Asus ROG Phone II ကို လူတွေဒီလောက်စိတ်ဝင်စားရတဲ့ အကြောင်းရင်းတစ်ခုကလည်း ခုနက ပြောခဲ့တဲ့အတိုင်း ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းနဲ့ အထူးဗားရှင်းကြောင့်ပါ။ သူက Gaming ဖုန်းအသစ်စက်စက်ကို ယွမ်ငွေ ၃,၄၉၉ (မြန်မာငွေ ၇ သိန်း ၇ သောင်းနီးပါး) ဈေးနှုန်းနဲ့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

Tencent နဲ့ပေါင်းပြီးထုတ်တာမဟုတ်တဲ့ ပုံမှန်ဗားရှင်းကတော့ 12/128GB မန်မိုရီမော်ဒယ်ကို တရုတ်ယွမ် ၆,၀၀၀ (မြန်မာငွေ ၁၃ သိန်း) ခန့်ကျသင့်မှာပါ။ တရုတ်ပြည်တွင်းမှာ စောစောစီးစီးမြင်တွေ့ရမှာဖြစ်ပေမယ့် နိုင်ငံတကာဈေးကွက်ထဲကိုတော့ ရရှိနိုင်မယ့် နေရာနဲ့ဈေးနှုန်းကို သြဂုတ်လလည်လောက်မှ ကြေငြာလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena