Samsung Galaxy Xcover Pro ကို အမေရိကန်မှာ ဒေါ်လာ ၅၀၀ နဲ့ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး မြန်မာငွေ ၇ သိန်း ၁ သောင်းလောက်ရှိပါတယ်။ အဲဒီဖုန်းမှာ စီးပွားရေး လုပ်ငန်းသုံး လုပ်ဆောင်ချက်တွေ အများကြီး ပါတဲ့အတွက် ကုမ္ပဏီနဲ့ ဝန်ထမ်းတွေ သုံးဖို့အဆင်ပြေပါတယ်။ Verizon ကနေ ရောင်းချမှာ ဖြစ်ပြီး Push To Talk Plus Service ပါပါတယ်။ နောက်ပိုင်းမှာ Microsoft Teams Software ကနေ Walkie Talkie Feature ကို ထည့်သွင်းပေးမှာပါ။

18W Fast Charging ပါတဲ့အတွက် အားသွင်းနှုန်းက လန်းပြီး ဝန်ထမ်း ၂ ယောက် မျှဝေသုံးနိုင်တဲ့ Software ပါပါတယ်။ 4,050mAh ဘက်ထရီက ၁ ရက်လောက် ကောင်းကောင်း သုံးနိုင်ပြီး ကင်မရာ အခြေပြု Barcode Scanner ပါပါတယ်။ Mobile Point of Sale System လို သုံးနိုင်တဲ့ လေဆာ အခြေပြု Scanner Accessories ထည့်ထားပါတယ်။ အဆင့်မြင့် လုံခြုံရေး ပါတဲ့ NFC ကနေ Europay , Mastercard နဲ့ Visa တို့ကို သုံးနိုင်ပါတယ်။

Galaxy Xcover Pro ဟာ အမြင့် ၁.၅ မီတာကနေ ပြုတ်ကျတာကို ခံနိုင်ပြီး ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ အသုံးပြုနိုင်ပါတယ်။ ၆.၃ လက်မ 1080p+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Glove Mode ပါပါတယ်။ ရေစိုနေတဲ့ လက်နဲ့လည်း ထိတွေ့ သုံးနိုင်ပြီး အသုံးများတဲ့ Functions တွေအတွက် Programmable Key ၂ ခု ထည့်ထားပါတယ်။

Samsung , Verizon နဲ့ Microsoft တို့ရဲ့ အွန်လိုင်း စတိုးတွေကနေ ရောင်းချပေးနေပြီး မြေပြင်စတိုးတွေကနေ မကြာခင် ရောင်းမှာပါ။ Samsung က Software Update ကို အနည်းဆုံး ၂ နှစ်နဲ့ Security Update ကို ၃ နှစ် ဖြန့်ချိပေးမှာပါ။

Ref : gsmarena