[Zawgyi]

၂၀၁၃ ခုႏွစ္မွ စ၍ ျမန္မာႏိုင္ငံတြင္ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ား စဥ္ဆက္မျပတ္ေဆာင္႐ြက္လ်က္ရွိသည့္ Samsung Myanmar သည္ ယခုႏွစ္ Samsung Tech Institute အစီအစဥ္၏ Vocational Training အား ေနျပည္ေတာ္ရွိ အစိုးရနည္းပညာအထက္တန္းေက်ာင္းတြင္ စတင္ဖြင့္လွစ္ေၾကာင္း ယေန႔သတင္းထုတ္ျပန္ ေၾကညာလိုက္သည္။

အဆိုပါ သင္တန္းမိတ္ဆက္ျခင္းႏွင့္ ဖြင့္ပြဲအခမ္းအနားအား ေနျပည္ေတာ္အစိုးရနည္းပညာအထက္တန္းေက်ာင္းတြင္ ဇြန္လ ၁၇ ရက္ေန႔ နံနက္ ၁၁ နာရီတြင္ က်င္းပျပဳလုပ္ခဲ့ၿပီး အခမ္းအနားသို႔ ေက်ာင္းအုပ္ဆရာႀကီး ဦးညိဳေခ်ာႏွင့္ တာဝန္ခံဆရာ၊ ဆရာမမ်ား၊ Samsung Myanmar မွ တာဝန္ရွိသူမ်ား၊ သင္တန္းပို႔ခ်မည့္ တာဝန္ခံမ်ားႏွင့္ သင္တန္းတက္ေရာက္မည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား တက္ေရာက္ခဲ့ၾကသည္။

“ကြၽန္ေတာ္တို႔ႏိုင္ငံမွာ စမတ္ဖုန္းသုံးစြဲသူ လူဦးေရမ်ားျပားလာတာနဲ႔အမွ် မိုဘိုင္းဖုန္း နည္းပညာနယ္ပယ္မွာ ကြၽမ္းက်င္ပညာရွင္ေတြ အမ်ားႀကီးလိုအပ္ေနပါတယ္။ ဒါေၾကာင့္ Samsung Myanmar အေနနဲ႔ ဒီလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးဖို႔ လူငယ္ေတြအတြက္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာသင္တန္းေတြကို ႏွစ္စဥ္ဖြင့္လွစ္ၿပီး တစ္ဖက္တစ္လွမ္းကေန ကူညီပံ့ပိုးေပးေနတာျဖစ္ပါတယ္။ ဒီသင္တန္းကေန ျမန္မာႏိုင္ငံရဲ႕အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ေနျပည္ေတာ္နဲ႔ ပတ္ဝန္းက်င္ၿမိဳ႕ေတြက ေဒသခံေတြအားကိုးအားထားလို႔ရတဲ့ မိုဘိုင္းဖုန္းျပဳျပင္တဲ့ေနရာမွာ ကြၽမ္းက်င္တဲ့ ပညာရွင္ေတြကို ေမြးထုတ္ေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။” ဟု Samsung Myanmar ၏ Public Relations and Citizenship Manager ျဖစ္သူ ကိုစိုးသူရမွ ေျပာၾကားသည္။

အဆိုပါ သင္တန္းတြင္ မိုဘိုင္းဖုန္း လက္ေတြ႕အသုံးခ်ျပဳျပင္နည္းစနစ္မ်ားအား ေက်ာင္းသား၊ေက်ာင္းသူ ၅၀ ဦးအား ၂၀၁၉ ခုႏွစ္ ဇြန္လ ၁၇ ရက္ေန႔မွ ဇူလိုင္လ ၁၇ ရက္ေန႔အထိ တစ္လၾကာစာေတြ႕လက္ေတြ႕ ပို႔ခ်သင္ၾကားေပးသြားမည္ ျဖစ္ၿပီး ကြၽမ္းက်င္နည္းျပဆရာမ်ားမွ အနီးကပ္သင္ၾကားေပးသြားမည္ျဖစ္သည္။ သင္တန္းၿပီးဆုံးခ်ိန္တြင္ ေရးေျဖစာေမးပြဲႏွင့္တကြ အမွန္တကယ္ တတ္ေျမာက္မႈ ရွိ မရွိ လက္ေတြ႕ေျဖဆိုျခင္း စာေမးပြဲမ်ားျဖင့္ စစ္ေဆးမႈ ျပဳလုပ္ကာ ပထမ၊ ဒုတိယ၊ တတိယႏွင့္ ႏွစ္သိမ့္ဆုမ်ား အသီးအသီးေပးအပ္ခ်ီးျမင့္သြားမည္ ျဖစ္သည္။

သင္တန္းဖြင့္ပြဲတြင္ သင္တန္းသူ၊ သင္တန္းသားမ်ားအား မိုဘိုင္းလ္ဖုန္း ျပဳျပင္ေရးဆိုင္ရာ သင္ေထာက္ကူ ပစၥည္းကိရိယာမ်ားအျပင္၊ Samsung တံဆိပ္ပါဝင္ေသာ တီရွပ္မ်ား၊ စာအုပ္မ်ား၊ ေဘာပင္မ်ားႏွင့္ လြယ္အိတ္မ်ားအား Samsung Myanmar မွ ေပးအပ္ခဲ့သည့္အျပင္ သင္တန္းသူ၊ သင္တန္းသားမ်ား၏ ေန႔စဥ္အသုံးစရိတ္အျဖစ္ တစ္ဦးလွ်င္ ေငြက်ပ္ ၁၃၀၀၀၀ စီ ေထာက္ပံ့ေပးသြားမည္ျဖစ္သည္။

Samsung Myanmar မွ လုပ္ေဆာင္လ်က္ရွိသည့္ လူမႈအက်ိဳးျပဳအစီအစဥ္မ်ားအနက္မွ တစ္ခုျဖစ္ေသာ Samsung Tech Institute ၏ Vocational Training ကို ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ အစိုးရနည္းပညာတကၠသိုလ္မ်ားႏွင့္အစိုးရနည္းပညာ အထက္တန္းေက်ာင္းမ်ားမွ ေက်ာင္းသား၊ေက်ာင္းသူမ်ားအတြက္ ၂၀၁၆ မွစတင္၍ ရန္ကုန္၊ မႏၲေလး၊ ေတာင္ငူႏွင့္ လြိဳင္ေကာ္ၿမိဳ႕မ်ားတြင္ ေအာင္ျမင္စြာဖြင့္လွစ္ေပးခဲ့ၿပီး ယခုဆိုလွ်င္ ၇ ႀကိမ္တိုင္ရွိခဲ့ၿပီျဖစ္သည္။

[Unicode]

Samsung Myanmar ၏ ၇ ကြိမ်မြောက် Vocational Training အား နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ်

၂၀၁၃ ခုနှစ်မှ စ၍ မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် Samsung Myanmar သည် ယခုနှစ် Samsung Tech Institute အစီအစဉ်၏ Vocational Training အား နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ သင်တန်းမိတ်ဆက်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားအား နေပြည်တော်အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး ဦးညိုချောနှင့် တာဝန်ခံဆရာ၊ ဆရာမများ၊ Samsung Myanmar မှ တာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် တာဝန်ခံများနှင့် သင်တန်းတက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

“ကျွန်တော်တို့နိုင်ငံမှာ စမတ်ဖုန်းသုံးစွဲသူ လူဦးရေများပြားလာတာနဲ့အမျှ မိုဘိုင်းဖုန်း နည်းပညာနယ်ပယ်မှာ ကျွမ်းကျင်ပညာရှင်တွေ အများကြီးလိုအပ်နေပါတယ်။ ဒါကြောင့် Samsung Myanmar အနေနဲ့ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းတွေကို နှစ်စဉ်ဖွင့်လှစ်ပြီး တစ်ဖက်တစ်လှမ်းကနေ ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ဒီသင်တန်းကနေ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်နဲ့ ပတ်ဝန်းကျင်မြို့တွေက ဒေသခံတွေအားကိုးအားထားလို့ရတဲ့ မိုဘိုင်းဖုန်းပြုပြင်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု Samsung Myanmar ၏ Public Relations and Citizenship Manager ဖြစ်သူ ကိုစိုးသူရမှ ပြောကြားသည်။

အဆိုပါ သင်တန်းတွင် မိုဘိုင်းဖုန်း လက်တွေ့အသုံးချပြုပြင်နည်းစနစ်များအား ကျောင်းသား၊ကျောင်းသူ ၅၀ ဦးအား ၂၀၁၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ တစ်လကြာစာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည် ဖြစ်ပြီး ကျွမ်းကျင်နည်းပြဆရာများမှ အနီးကပ်သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးချိန်တွင် ရေးဖြေစာမေးပွဲနှင့်တကွ အမှန်တကယ် တတ်မြောက်မှု ရှိ မရှိ လက်တွေ့ဖြေဆိုခြင်း စာမေးပွဲများဖြင့် စစ်ဆေးမှု ပြုလုပ်ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ အသီးအသီးပေးအပ်ချီးမြင့်သွားမည် ဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် သင်တန်းသူ၊ သင်တန်းသားများအား မိုဘိုင်းလ်ဖုန်း ပြုပြင်ရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းကိရိယာများအပြင်၊ Samsung တံဆိပ်ပါဝင်သော တီရှပ်များ၊ စာအုပ်များ၊ ဘောပင်များနှင့် လွယ်အိတ်များအား Samsung Myanmar မှ ပေးအပ်ခဲ့သည့်အပြင် သင်တန်းသူ၊ သင်တန်းသားများ၏ နေ့စဉ်အသုံးစရိတ်အဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၃၀၀၀၀ စီ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

Samsung Myanmar မှ လုပ်ဆောင်လျက်ရှိသည့် လူမှုအကျိုးပြုအစီအစဉ်များအနက်မှ တစ်ခုဖြစ်သော Samsung Tech Institute ၏ Vocational Training ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ အစိုးရနည်းပညာတက္ကသိုလ်များနှင့်အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအတွက် ၂၀၁၆ မှစတင်၍ ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် လွိုင်ကော်မြို့များတွင် အောင်မြင်စွာဖွင့်လှစ်ပေးခဲ့ပြီး ယခုဆိုလျှင် ၇ ကြိမ်တိုင်ရှိခဲ့ပြီဖြစ်သည်။