[Zawgyi]

၂၀၁၉ ခုႏွစ္ထုတ္ QLED 8K ႏွင့္ 4K တီဗီအသစ္မ်ားတြင္ AI နည္းပညာအသုံးျပဳ Quantum Processor ကိုထည့္သြင္းအသုံးျပဳထားသည္။

Samsung Electronics မွ ၿပိဳင္ဘက္ကင္း ကမာၻ႔အဆင့္မီ ႐ုပ္ထြက္ျမင္ကြင္းအရည္အေသြးကို ေပးစြမ္းႏိုင္ေသာ ၂၀၁၉ ခုႏွစ္ထုတ္ QLED TV အမ်ိဳးအစားအားလုံးကို ျမန္မာႏိုင္ငံတြင္ တရားဝင္မိတ္ဆက္လိုက္သည္။ ယခုမ်ိဳးဆက္သစ္ QLED TV အမ်ိဳးအစားမ်ားကို ၂၀၁၉ ခုႏွစ္ ဇြန္လမွ စတင္၍ ျမန္မာႏိုင္ငံအႏွံ႔အျပားရွိ Samsung အေရာင္းျပခန္းမ်ားႏွင့္ လက္လီအေရာင္းဆိုင္မ်ားအားလုံးတြင္ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။

Samsung သည္ ၎၏ ၂၀၁၉ ခုႏွစ္ တီဗီေမာ္ဒယ္အသစ္မ်ားျဖစ္သည့္ ၆၅ လက္မ၊ ၇၅ လက္မ၊ ၈၂ လက္မ တီဗီအမ်ိဳးအစားမ်ားအျပင္ ၎၏ အႀကီးဆုံး ၉၈ လက္မအ႐ြယ္ QLED 8K တီဗီ အမ်ိဳးအစားကိုလည္း တစ္ပါတည္းမိတ္ဆက္ခဲ့သည္။ Samsung QLED 8K တီဗီမ်ားတြင္ Samsung ၏ မူပိုင္ Quantum Processor ကိုထည့္သြင္းအသုံးျပဳထားၿပီး ၎ Processor တြင္ ၾကည့္ရႈသူမ်ားအတြက္ ပိုမိုေကာင္းမြန္ေသာ ႐ုပ္ထြက္အရည္အေသြးႏွင့္ၾကည့္ရႈမႈ အေတြ႕အႀကဳံကို ေပးစြမ္းႏိုင္မည့္ AI နည္းပညာသုံး ႐ုပ္ထြက္ျမင္ကြင္းထုတ္လုပ္ေပးႏိုင္သည့္ Semiconductor နည္းပညာကို အသုံးျပဳထားသည္။

“ကြၽန္ေတာ္တို႔ Samsung အေနနဲ႔ မိသားစုေတြအတြက္ေရာ၊ တစ္ဦးတစ္ေယာက္ခ်င္းစီအတြက္ပါ ပိုမိုေကာင္းမြန္၊ပိုမိုေခတ္မီၿပီး သက္ေသာင့္သက္သာပိုရွိတဲ့ လူေနမႈပုံစံဖန္တီးေပးဖို႔နဲ႔ ေနာက္ဆုံးေပၚ နည္းပညာေတြ ပါဝင္တဲ့အရည္အေသြးျမင့္ ထုတ္ကုန္ေတြကိုေပးစြမ္းႏိုင္ဖို႔ အစဥ္အၿမဲ အေလးထား လုပ္ေဆာင္ေနပါတယ္။ အခု မိတ္ဆက္လိုက္တဲ့ QLED တီဗီအသစ္ေတြက ဒီအခ်က္ကို သက္ေသျပလိုက္တာပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ တန္ဖိုးထားရတဲ့ဝယ္ယူသုံးစြဲသူေတြကို အေကာင္းဆုံးဝန္ေဆာင္မႈေတြ ေပးႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ဘက္က ဆက္လက္ႀကိဳးစားေဆာင္႐ြက္သြားမွာျဖစ္တဲ့အတြက္ Customer ေတြအေနနဲ႔ ျမန္မာႏိုင္ငံအႏွံ႔ ဘယ္ေနရာကပဲ ဝယ္ယူအသုံးျပဳပါေစ၊ အေကာင္းဆုံးဝန္ေဆာင္မႈေတြကို ရရွိႏိုင္မွာျဖစ္ပါတယ္” ဟု Samsung Myanmar ၏ Head of Consumer Electronics ျဖစ္သူ Mr. Khang Wei Yap က ေျပာၾကားသည္။

အိမ္သုံးအီလက္ထေရာနစ္ထုတ္ကုန္ေဈးကြက္တြင္ ပထမဆုံးအျဖစ္ Samsung Electronics မွ စတင္ မိတ္ဆက္ေပးလိုက္ေသာ အလိုေလ်ာက္ထိန္းညႇိေပးႏိုင္သည့္ Quantum Processor တြင္ သန္းေပါင္းမ်ားစြာေသာပုံရိပ္မ်ားကိုမွတ္ယူႏႈိင္းယွဥ္မႈမ်ား ျပဳလုပ္ႏိုင္သည့္ AI စြမ္းေဆာင္ရည္ကို ထည့္သြင္းအသုံးျပဳထားသည္။ ထို AI စြမ္းေဆာင္ရည္ေၾကာင့္ မည္သည့္႐ုပ္ထြက္ အမ်ိဳးအစားပုံစံပင္ျဖစ္ေစ ၎၏မူလအရည္အေသြးကို 8K အရည္အေသြး ႐ုပ္ထြက္ ရရွိေအာင္ စြမ္းေဆာင္ရည္ အျမင့္ဆုံးသို႔ ျမႇင့္တင္ေပးႏိုင္သည္။ ကမာၻတစ္ဝန္းႀကဳံေတြ႕ေနေသာ 8K အရည္အေသြးမီ႐ုပ္သံကို အကန႔္အသတ္ျဖင့္သာ ထုတ္လုပ္ႏိုင္မႈျပႆနာကို Samsung မွ ဤကဲ့သို႔ ေျဖရွင္းႏိုင္ျခင္းေၾကာင့္ ၂၀၁၉ခုႏွစ္ ကမာၻလုံးဆိုင္ရာ အိမ္သုံးအီလက္ထေရာနစ္ျပပြဲ (Consumer Electronics Show 2019) တြင္ ဆန္းသစ္တီထြင္ႏိုင္မႈဆု (Innovation Award) ကို Samsung မွ ထိုက္တန္စြာ ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။ ယခု မိတ္ဆက္လိုက္ေသာ QLED 8K တီဗီသည္ Samsung ၏ ေနာက္ဆုံးေပၚေခတ္အမီဆုံးႏွင့္ စြမ္းေဆာင္ရည္အျမင့္မားဆုံး တီဗီဟုလည္း သတ္မွတ္ႏိုင္သည္။

“တစ္ကမာၻလုံးအတိုင္းအတာအရ ၂၀၁၈ ခုႏွစ္အတြင္း ႏိုင္ငံတကာတီဗီေဈးကြက္မွာ ကြၽန္ေတာ္တို႔ရဲ႕ ေဈးကြက္ေဝစုပိုင္ဆိုင္မႈဟာ အျမင့္ဆုံးျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ ေဈးကြက္ထဲမွာ ၇၅ လက္မနဲ႔အထက္ တီဗီေတြနဲ႔ ေဒၚလာ ၂၅၀၀နဲ႔အထက္ အရည္အေသြးျမင့္ တီဗီေတြေရာင္းခ်တဲ့ေနရာမွာ ေဈးကြက္ပိုင္ဆိုင္မႈ အမ်ားဆုံး ရရွိခဲ့တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း အဲဒီေနရာေတြမွာ ေဈးကြက္ေဝစု အမ်ားဆုံးရရွိထားပါတယ္။ ဒါေၾကာင့္ တီဗီနဲ႔ပတ္သက္လာရင္တီထြင္ဆန္းသစ္မႈ အပိုင္းမွာေရာ၊ မ်က္ႏွာျပင္အ႐ြယ္အစား ႀကီးမားတဲ့အပိုင္းမွာပါ ကြၽန္ေတာ္တို႔ဟာ ေဈးကြက္ေဝစုအမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ အမွတ္တံဆိပ္တစ္ခုအျဖစ္ ဦးေဆာင္ရပ္တည္ေနပါတယ္” ဟု Mr. Yap က ဆက္လက္ေျပာၾကားခဲ့သည္။

၂၀၁၉ ခုႏွစ္တြင္ ထုတ္လုပ္သည့္ QLED တီဗီအမ်ိဳးအစားမ်ားတြင္ 8K ႏွင့္ 4K တီဗီအမ်ိဳးအစားမ်ားပါဝင္ၿပီး၊ အဆိုပါတီဗီမ်ားတြင္ ၆၅ လက္မ မွ ၉၈ လက္မအ႐ြယ္အစားရွိေသာ 8K Q950R အမ်ိဳးအစားတီဗီမ်ား၊ ၄၃ လက္မ မွ ၈၂လက္မ အ႐ြယ္အစားရွိေသာ 4K Q90R ၊ Q85R ၊ Q80R ၊ Q70R ႏွင့္ Q60R တီဗီမ်ား ပါဝင္သည္။ Samsung အေနႏွင့္ ၂၀၁၉ ခုႏွစ္တြင္ စုစုေပါင္း QLED တီဗီေမာ္ဒယ္အမ်ိဳးအစား ၂၀ ေက်ာ္အထိ ထုတ္လုပ္ထားကာ ၎တီဗီမ်ားတြင္ ပိုမိုႀကီးမားေသာ မ်က္ႏွာျပင္အ႐ြယ္အစားရွိ ေမာ္ဒယ္မ်ားပါဝင္သည္။

ပိုမိုေကာင္းမြန္လာေသာ ျမင္ကြင္းရႈေထာင့္ႏွင့္ အနက္ေရာင္ပါဝင္ႏႈန္းအဆင့္မ်ားကို ယူေဆာင္လာသည့္အေကာင္းဆုံး ႐ုပ္ထြက္ အရည္အေသြး

အဆင့္ျမႇင့္တင္ထားေသာ Ultra Viewing Angle နည္းပညာကို အသုံးျပဳထားသည့္ ၂၀၁၉ ခုႏွစ္ထုတ္ Samsung QLED တီဗီမ်ားတြင္ ပိုမိုေကာင္းမြန္ေသာ ေဘးေဘာင္တည္ေဆာက္ပုံအျပင္ ျမင္ကြင္းရႈေထာင့္မ်ား ပိုမိုေကာင္းမြန္ေစရန္ မ်က္ႏွာျပင္တိုင္းတာခ်က္မွတ္သားမႈပုံစံစနစ္မ်ားကို အသုံးျပဳထားေသာေၾကာင့္ ေနာက္ခံအလင္းေရာင္သည္တီဗီေဘာင္မ်ားကိုျဖတ္၍ တီဗီမ်က္ႏွာျပင္ေပၚသို႔ ညီညာစြာ ျဖတ္သန္းႏိုင္သည္။ ေန႔ခင္းဘက္တြင္ သို႔မဟုတ္လွ်ပ္စစ္မီးထိန္ထိန္လင္းေနေသာ အခန္းမ်ားတြင္ မည္သည့္ရႈေထာင့္မွ ၾကည့္ရႈသည္ျဖစ္ေစ အလင္းစူးရွျခင္း၊ အလင္းျပန္ျခင္းတို႔ လုံးဝမျဖစ္ေပၚေစဘဲ အေကာင္းဆုံးပုံရိပ္အရည္အေသြးကို ေပးစြမ္းႏိုင္သည္။

၂၀၁၉ ခုႏွစ္အတြင္း ႐ုပ္ထြက္အရည္အေသြး အဆင့္ျမႇင့္လုပ္ေဆာင္ခ်က္ မ်ားစြာႏွင့္အတူ Direct Full Array တီဗီေမာ္ဒယ္မ်ားကို အသုံးျပဳလာႏႈန္းသည္ ယမန္ႏွစ္ကထက္ ႏွစ္ဆခန႔္ ပိုမ်ားလာသည္။ Direct Full Array နည္းပညာသည္ တိက်ေသာ အလင္းအေမွာင္ထိန္းညႇိမႈ ရရွိရန္အတြက္ တီဗီဖန္သားျပင္ေနာက္မွ လင္းေနေသာ LED ကိုေဘာင္အေနာက္တြင္ ထားရွိေပးထားသည္။ သို႔မွသာ အနက္ေရာင္ အရည္အေသြး ပိုမိုစိုျပည္ေအာင္ ဖန္တီးရန္အလင္းေရာင္ကို ထိန္းညႇိထားေစႏိုင္မည္ျဖစ္သည္။

တီဗီေနာက္ခံအလင္းေရာင္ကို ထိန္းခ်ဳပ္ႏိုင္ရန္ႏွင့္ ၿပီးျပည့္စုံေသာ အနက္ေရာင္ ျပန္လည္ထုတ္လုပ္ႏိုင္စြမ္းတို႔အတြက္ ၂၀၁၉ ထုတ္ Samsung QLED တီဗီမ်ားတြင္ပါဝင္ေသာ အနက္ေရာင္ကို ပိုမိုတိက်စြာ သိရွိထိန္းညႇိေပးႏိုင္သည့္ စနစ္သည္ အလင္းျဖန႔္ေဝျခင္းႏွင့္ အနက္ေရာင္ ထိန္းညႇိမႈ အခ်ိဳးအစား လုပ္ေဆာင္ခ်က္တို႔ကို အေသးစိတ္ေကာင္းမြန္စြာ ဖန္တီးေပးႏိုင္မည္ျဖစ္သည္။

ထို႔အျပင္ ၂၀၁၉ ခုႏွစ္ထုတ္ Samsung ၏ QLED တီဗီမ်ားအားလုံးတြင္ အေကာင္းဆုံး႐ုပ္ထြက္စြမ္းရည္ ထုတ္လုပ္ႏိုင္မႈလုပ္ေဆာင္ခ်က္ျဖစ္သည့္ HDR10+ နည္းပညာကိုလည္း ထည့္သြင္းေပးထားသည္။ အဆိုပါ HDR10+ နည္းပညာသည္ အလင္းအေမွာင္မ်ားေသာ ျပကြက္မ်ားကို ပိုမိုတိက်ေစသည့္အတြက္ ၾကည့္ရႈသူမ်ားအေနႏွင့္ ပိုမိုတိက်ျပတ္သားေသာ ပုံရိပ္မ်ားကို ၾကည့္ရႈခံစားႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ တဆင့္ခံ ခ်ိတ္ဆက္အသုံးျပဳႏိုင္ေသာ HDMI 2.1 (8K 60P) transmission ကိုလည္း Samsung ၏ QLED 8K တီဗီမ်ားအားလုံးတြင္ ေထာက္ပံ့ေပးမည္ ျဖစ္ပါသည္။

ပိုမိုစုံလင္ခမ္းနားၿပီး အႏုပညာေျမာက္စြာ အလွဆင္ႏိုင္မည့္ တမူထူးျခားေသာ Ambient Mode

Ambient Mode ပါဝင္လာေသာ Samsung QLED တီဗီမ်ားတြင္ မိမိအႏွစ္သက္ဆုံး ဓာတ္ပုံမ်ားအပါအဝင္ ပန္းခ်ီကားမ်ား၊ အျခားေသာပုံရိပ္မ်ားႏွင့္ အေရးႀကီးအခ်က္အလက္မ်ားသာမက ပန္းခ်ီကားသဖြယ္ အခန္းနံရံႏွင့္ တစ္သားတည္း ျဖစ္ေနေစမည့္ မိမိတို႔စိတ္ႀကိဳက္ ဓာတ္ပုံမ်ားအား ထည့္သြင္းျပသထားႏိုင္မည္ ျဖစ္ေသာေၾကာင့္ တီဗီတစ္လုံးတည္းျဖင့္ အိမ္တြင္းအလွဆင္ယင္ႏိုင္မႈကို စိတ္ႀကိဳက္ဖန္တီးႏိုင္မည္ျဖစ္သည္။ အိမ္တြင္းအလွဆင္ရန္ Ambient Mode ကို အသုံးျပဳသူမ်ားအတြက္ လိုအပ္သလို ေျပာင္းလဲျပဳလုပ္ႏိုင္သည့္ Theme အမ်ိဳးမ်ိဳးလည္းထည့္သြင္းေပးထားသည္။ တီဗီမၾကည့္ေသာ အခ်ိန္မ်ားတြင္ မိမိနားေထာင္လိုေသာ သီခ်င္းမ်ားကို Ambient Mode ျဖင့္လည္း ခ်ိတ္ဆက္နားဆင္ႏိုင္မည္ျဖစ္သည္။

Samsung QLED တီဗီမ်ားတြင္ အလိုအေလ်ာက္ အလင္းထိန္းခ်ဳပ္ႏိုင္ေသာ အာ႐ုံခံစနစ္မ်ား ပါဝင္ေသာေၾကာင့္ အေကာင္းမြန္ဆုံး အလင္းအေမွာင္ အေနအထားမ်ား ရရွိေအာင္ ေျပာင္းလဲထုတ္လုပ္ေပးႏိုင္သည္။ ထို႔ေၾကာင့္ ညအေမွာင္တြင္ျဖစ္ေစ၊ ေန႔ခင္းဘက္အလင္းေရာင္ေတာက္ပေသာ အခ်ိန္တြင္ျဖစ္ေစ အေကာင္းမြန္ဆုံးေသာ ျမင္ကြင္းမ်ားကို အခ်ိန္မေ႐ြး ၾကည့္ရႈခံစားႏိုင္မည္ျဖစ္သည္။

ဝယ္ယူရရွိႏိုင္ေသာ တီဗီေမာ္ဒယ္အမ်ိဳးအစားမ်ားႏွင့္ ေဈးႏႈန္းမ်ား

ျမန္မာႏိုင္ငံေဈးကြက္အတြင္းတြင္ QLED တီဗီအမ်ိဳးအစားအသစ္မ်ားကို ရန္ုကုန္ႏွင့္ မႏၲေလးကဲ့သို႔ေသာ ၿမိဳ႕ႀကီးမ်ားတြင္ ၂၀၁၉ ေမလေနာက္ဆုံးပတ္မွ စတင္၍ ဝယ္ယူႏိုင္ၿပီး အျခားၿမိဳ႕နယ္မ်ားတြင္မူ ၂၀၁၉၊ ဇြန္လမွစတင္၍ ဝယ္ယူရရွိႏိုင္ၿပီျဖစ္ပါသည္။

တီဗီအမ်ိဳးအစားသစ္မ်ားတြင္ 4K ႏွင့္ 8K အမ်ိဳးအစားႏွစ္ခုလုံး ပါဝင္လာမည္ျဖစ္ၿပီး အ႐ြယ္အစားေပၚမူတည္၍ သိန္း၂၀ ခန႔္မွ ၁၉,၉,၉,၀၀၀၀ သိန္းအထိ ေဈးႏႈန္းအမ်ိဴးမ်ိဳး ကြဲျပားႏိုင္ပါသည္။ တီဗီအမ်ိဳးအစား ေမာ္ဒယ္မ်ားႏွင့္ ၎တို႔ေဈးႏႈန္းမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

1 – 55” QLED/Smart/4K – QA55Q60RAKXMR – 2,112,000

2 – 65” QLED/Smart/4K – QA65Q60RAKXMR – 3,348,000

3 – 75” QLED/Smart/4K – QA75Q60RAKXMR – 5,817,000

4 – 82” QLED/Smart/4K – QA82Q60RAKXMR – 7,906,000

5 – 55” QLED/Smart/4K – QA55Q80RAXXT – 3,027,000

6 – 65” QLED/Smart/4K – QA655Q80RAXXT – 4,403,000

7 – 65” QLED/Smart/8K – QA65Q900RBKXXT – 9,999,000

8 – 75” QLED/Smart/8K – QA75Q900RBKXXT – 15,999,000

9 – 75” QLED/Smart/8K – QA80Q900RBKXXT – 19,990,000

[Unicode]

Samsung ၏ ၂၀၁၉ ခုနှစ်ထုတ် QLED TV အသစ်များကို မြန်မာနိုင်ငံတွင် ဂုဏ်ယူစွာမိတ်ဆက်

၂၀၁၉ ခုနှစ်ထုတ် QLED 8K နှင့် 4K တီဗီအသစ်များတွင် AI နည်းပညာအသုံးပြု Quantum Processor ကိုထည့်သွင်းအသုံးပြုထားသည်။

Samsung Electronics မှ ပြိုင်ဘက်ကင်း ကမ္ဘာ့အဆင့်မီ ရုပ်ထွက်မြင်ကွင်းအရည်အသွေးကို ပေးစွမ်းနိုင်သော ၂၀၁၉ ခုနှစ်ထုတ် QLED TV အမျိုးအစားအားလုံးကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်လိုက်သည်။ ယခုမျိုးဆက်သစ် QLED TV အမျိုးအစားများကို ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်၍ မြန်မာနိုင်ငံအနှံ့အပြားရှိ Samsung အရောင်းပြခန်းများနှင့် လက်လီအရောင်းဆိုင်များအားလုံးတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Samsung သည် ၎င်း၏ ၂၀၁၉ ခုနှစ် တီဗီမော်ဒယ်အသစ်များဖြစ်သည့် ၆၅ လက်မ၊ ၇၅ လက်မ၊ ၈၂ လက်မ တီဗီအမျိုးအစားများအပြင် ၎င်း၏ အကြီးဆုံး ၉၈ လက်မအရွယ် QLED 8K တီဗီ အမျိုးအစားကိုလည်း တစ်ပါတည်းမိတ်ဆက်ခဲ့သည်။ Samsung QLED 8K တီဗီများတွင် Samsung ၏ မူပိုင် Quantum Processor ကိုထည့်သွင်းအသုံးပြုထားပြီး ၎င်း Processor တွင် ကြည့်ရှုသူများအတွက် ပိုမိုကောင်းမွန်သော ရုပ်ထွက်အရည်အသွေးနှင့်ကြည့်ရှုမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မည့် AI နည်းပညာသုံး ရုပ်ထွက်မြင်ကွင်းထုတ်လုပ်ပေးနိုင်သည့် Semiconductor နည်းပညာကို အသုံးပြုထားသည်။

“ကျွန်တော်တို့ Samsung အနေနဲ့ မိသားစုတွေအတွက်ရော၊ တစ်ဦးတစ်ယောက်ချင်းစီအတွက်ပါ ပိုမိုကောင်းမွန်၊ပိုမိုခေတ်မီပြီး သက်သောင့်သက်သာပိုရှိတဲ့ လူနေမှုပုံစံဖန်တီးပေးဖို့နဲ့ နောက်ဆုံးပေါ် နည်းပညာတွေ ပါဝင်တဲ့အရည်အသွေးမြင့် ထုတ်ကုန်တွေကိုပေးစွမ်းနိုင်ဖို့ အစဉ်အမြဲ အလေးထား လုပ်ဆောင်နေပါတယ်။ အခု မိတ်ဆက်လိုက်တဲ့ QLED တီဗီအသစ်တွေက ဒီအချက်ကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ဝယ်ယူသုံးစွဲသူတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ဘက်က ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် Customer တွေအနေနဲ့ မြန်မာနိုင်ငံအနှံ့ ဘယ်နေရာကပဲ ဝယ်ယူအသုံးပြုပါစေ၊ အကောင်းဆုံးဝန်ဆောင်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of Consumer Electronics ဖြစ်သူ Mr. Khang Wei Yap က ပြောကြားသည်။

အိမ်သုံးအီလက်ထရောနစ်ထုတ်ကုန်ဈေးကွက်တွင် ပထမဆုံးအဖြစ် Samsung Electronics မှ စတင် မိတ်ဆက်ပေးလိုက်သော အလိုလျောက်ထိန်းညှိပေးနိုင်သည့် Quantum Processor တွင် သန်းပေါင်းများစွာသောပုံရိပ်များကိုမှတ်ယူနှိုင်းယှဉ်မှုများ ပြုလုပ်နိုင်သည့် AI စွမ်းဆောင်ရည်ကို ထည့်သွင်းအသုံးပြုထားသည်။ ထို AI စွမ်းဆောင်ရည်ကြောင့် မည်သည့်ရုပ်ထွက် အမျိုးအစားပုံစံပင်ဖြစ်စေ ၎င်း၏မူလအရည်အသွေးကို 8K အရည်အသွေး ရုပ်ထွက် ရရှိအောင် စွမ်းဆောင်ရည် အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်သည်။ ကမ္ဘာတစ်ဝန်းကြုံတွေ့နေသော 8K အရည်အသွေးမီရုပ်သံကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်မှုပြဿနာကို Samsung မှ ဤကဲ့သို့ ဖြေရှင်းနိုင်ခြင်းကြောင့် ၂၀၁၉ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အိမ်သုံးအီလက်ထရောနစ်ပြပွဲ (Consumer Electronics Show 2019) တွင် ဆန်းသစ်တီထွင်နိုင်မှုဆု (Innovation Award) ကို Samsung မှ ထိုက်တန်စွာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခု မိတ်ဆက်လိုက်သော QLED 8K တီဗီသည် Samsung ၏ နောက်ဆုံးပေါ်ခေတ်အမီဆုံးနှင့် စွမ်းဆောင်ရည်အမြင့်မားဆုံး တီဗီဟုလည်း သတ်မှတ်နိုင်သည်။

“တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာတီဗီဈေးကွက်မှာ ကျွန်တော်တို့ရဲ့ ဈေးကွက်ဝေစုပိုင်ဆိုင်မှုဟာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဈေးကွက်ထဲမှာ ၇၅ လက်မနဲ့အထက် တီဗီတွေနဲ့ ဒေါ်လာ ၂၅၀၀နဲ့အထက် အရည်အသွေးမြင့် တီဗီတွေရောင်းချတဲ့နေရာမှာ ဈေးကွက်ပိုင်ဆိုင်မှု အများဆုံး ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီနေရာတွေမှာ ဈေးကွက်ဝေစု အများဆုံးရရှိထားပါတယ်။ ဒါကြောင့် တီဗီနဲ့ပတ်သက်လာရင်တီထွင်ဆန်းသစ်မှု အပိုင်းမှာရော၊ မျက်နှာပြင်အရွယ်အစား ကြီးမားတဲ့အပိုင်းမှာပါ ကျွန်တော်တို့ဟာ ဈေးကွက်ဝေစုအများဆုံး ပိုင်ဆိုင်ထားတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ဦးဆောင်ရပ်တည်နေပါတယ်” ဟု Mr. Yap က ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ထုတ်လုပ်သည့် QLED တီဗီအမျိုးအစားများတွင် 8K နှင့် 4K တီဗီအမျိုးအစားများပါဝင်ပြီး၊ အဆိုပါတီဗီများတွင် ၆၅ လက်မ မှ ၉၈ လက်မအရွယ်အစားရှိသော 8K Q950R အမျိုးအစားတီဗီများ၊ ၄၃ လက်မ မှ ၈၂လက်မ အရွယ်အစားရှိသော 4K Q90R ၊ Q85R ၊ Q80R ၊ Q70R နှင့် Q60R တီဗီများ ပါဝင်သည်။ Samsung အနေနှင့် ၂၀၁၉ ခုနှစ်တွင် စုစုပေါင်း QLED တီဗီမော်ဒယ်အမျိုးအစား ၂၀ ကျော်အထိ ထုတ်လုပ်ထားကာ ၎င်းတီဗီများတွင် ပိုမိုကြီးမားသော မျက်နှာပြင်အရွယ်အစားရှိ မော်ဒယ်များပါဝင်သည်။

ပိုမိုကောင်းမွန်လာသော မြင်ကွင်းရှုထောင့်နှင့် အနက်ရောင်ပါဝင်နှုန်းအဆင့်များကို ယူဆောင်လာသည့်အကောင်းဆုံး ရုပ်ထွက် အရည်အသွေး

အဆင့်မြှင့်တင်ထားသော Ultra Viewing Angle နည်းပညာကို အသုံးပြုထားသည့် ၂၀၁၉ ခုနှစ်ထုတ် Samsung QLED တီဗီများတွင် ပိုမိုကောင်းမွန်သော ဘေးဘောင်တည်ဆောက်ပုံအပြင် မြင်ကွင်းရှုထောင့်များ ပိုမိုကောင်းမွန်စေရန် မျက်နှာပြင်တိုင်းတာချက်မှတ်သားမှုပုံစံစနစ်များကို အသုံးပြုထားသောကြောင့် နောက်ခံအလင်းရောင်သည်တီဗီဘောင်များကိုဖြတ်၍ တီဗီမျက်နှာပြင်ပေါ်သို့ ညီညာစွာ ဖြတ်သန်းနိုင်သည်။ နေ့ခင်းဘက်တွင် သို့မဟုတ်လျှပ်စစ်မီးထိန်ထိန်လင်းနေသော အခန်းများတွင် မည်သည့်ရှုထောင့်မှ ကြည့်ရှုသည်ဖြစ်စေ အလင်းစူးရှခြင်း၊ အလင်းပြန်ခြင်းတို့ လုံးဝမဖြစ်ပေါ်စေဘဲ အကောင်းဆုံးပုံရိပ်အရည်အသွေးကို ပေးစွမ်းနိုင်သည်။

၂၀၁၉ ခုနှစ်အတွင်း ရုပ်ထွက်အရည်အသွေး အဆင့်မြှင့်လုပ်ဆောင်ချက် များစွာနှင့်အတူ Direct Full Array တီဗီမော်ဒယ်များကို အသုံးပြုလာနှုန်းသည် ယမန်နှစ်ကထက် နှစ်ဆခန့် ပိုများလာသည်။ Direct Full Array နည်းပညာသည် တိကျသော အလင်းအမှောင်ထိန်းညှိမှု ရရှိရန်အတွက် တီဗီဖန်သားပြင်နောက်မှ လင်းနေသော LED ကိုဘောင်အနောက်တွင် ထားရှိပေးထားသည်။ သို့မှသာ အနက်ရောင် အရည်အသွေး ပိုမိုစိုပြည်အောင် ဖန်တီးရန်အလင်းရောင်ကို ထိန်းညှိထားစေနိုင်မည်ဖြစ်သည်။

တီဗီနောက်ခံအလင်းရောင်ကို ထိန်းချုပ်နိုင်ရန်နှင့် ပြီးပြည့်စုံသော အနက်ရောင် ပြန်လည်ထုတ်လုပ်နိုင်စွမ်းတို့အတွက် ၂၀၁၉ ထုတ် Samsung QLED တီဗီများတွင်ပါဝင်သော အနက်ရောင်ကို ပိုမိုတိကျစွာ သိရှိထိန်းညှိပေးနိုင်သည့် စနစ်သည် အလင်းဖြန့်ဝေခြင်းနှင့် အနက်ရောင် ထိန်းညှိမှု အချိုးအစား လုပ်ဆောင်ချက်တို့ကို အသေးစိတ်ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် ၂၀၁၉ ခုနှစ်ထုတ် Samsung ၏ QLED တီဗီများအားလုံးတွင် အကောင်းဆုံးရုပ်ထွက်စွမ်းရည် ထုတ်လုပ်နိုင်မှုလုပ်ဆောင်ချက်ဖြစ်သည့် HDR10+ နည်းပညာကိုလည်း ထည့်သွင်းပေးထားသည်။ အဆိုပါ HDR10+ နည်းပညာသည် အလင်းအမှောင်များသော ပြကွက်များကို ပိုမိုတိကျစေသည့်အတွက် ကြည့်ရှုသူများအနေနှင့် ပိုမိုတိကျပြတ်သားသော ပုံရိပ်များကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် တဆင့်ခံ ချိတ်ဆက်အသုံးပြုနိုင်သော HDMI 2.1 (8K 60P) transmission ကိုလည်း Samsung ၏ QLED 8K တီဗီများအားလုံးတွင် ထောက်ပံ့ပေးမည် ဖြစ်ပါသည်။

ပိုမိုစုံလင်ခမ်းနားပြီး အနုပညာမြောက်စွာ အလှဆင်နိုင်မည့် တမူထူးခြားသော Ambient Mode

Ambient Mode ပါဝင်လာသော Samsung QLED တီဗီများတွင် မိမိအနှစ်သက်ဆုံး ဓာတ်ပုံများအပါအဝင် ပန်းချီကားများ၊ အခြားသောပုံရိပ်များနှင့် အရေးကြီးအချက်အလက်များသာမက ပန်းချီကားသဖွယ် အခန်းနံရံနှင့် တစ်သားတည်း ဖြစ်နေစေမည့် မိမိတို့စိတ်ကြိုက် ဓာတ်ပုံများအား ထည့်သွင်းပြသထားနိုင်မည် ဖြစ်သောကြောင့် တီဗီတစ်လုံးတည်းဖြင့် အိမ်တွင်းအလှဆင်ယင်နိုင်မှုကို စိတ်ကြိုက်ဖန်တီးနိုင်မည်ဖြစ်သည်။ အိမ်တွင်းအလှဆင်ရန် Ambient Mode ကို အသုံးပြုသူများအတွက် လိုအပ်သလို ပြောင်းလဲပြုလုပ်နိုင်သည့် Theme အမျိုးမျိုးလည်းထည့်သွင်းပေးထားသည်။ တီဗီမကြည့်သော အချိန်များတွင် မိမိနားထောင်လိုသော သီချင်းများကို Ambient Mode ဖြင့်လည်း ချိတ်ဆက်နားဆင်နိုင်မည်ဖြစ်သည်။

Samsung QLED တီဗီများတွင် အလိုအလျောက် အလင်းထိန်းချုပ်နိုင်သော အာရုံခံစနစ်များ ပါဝင်သောကြောင့် အကောင်းမွန်ဆုံး အလင်းအမှောင် အနေအထားများ ရရှိအောင် ပြောင်းလဲထုတ်လုပ်ပေးနိုင်သည်။ ထို့ကြောင့် ညအမှောင်တွင်ဖြစ်စေ၊ နေ့ခင်းဘက်အလင်းရောင်တောက်ပသော အချိန်တွင်ဖြစ်စေ အကောင်းမွန်ဆုံးသော မြင်ကွင်းများကို အချိန်မရွေး ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ဝယ်ယူရရှိနိုင်သော တီဗီမော်ဒယ်အမျိုးအစားများနှင့် ဈေးနှုန်းများ

မြန်မာနိုင်ငံဈေးကွက်အတွင်းတွင် QLED တီဗီအမျိုးအစားအသစ်များကို ရန်ုကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ၂၀၁၉ မေလနောက်ဆုံးပတ်မှ စတင်၍ ဝယ်ယူနိုင်ပြီး အခြားမြို့နယ်များတွင်မူ ၂၀၁၉၊ ဇွန်လမှစတင်၍ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။

တီဗီအမျိုးအစားသစ်များတွင် 4K နှင့် 8K အမျိုးအစားနှစ်ခုလုံး ပါဝင်လာမည်ဖြစ်ပြီး အရွယ်အစားပေါ်မူတည်၍ သိန်း၂၀ ခန့်မှ ၁၉,၉,၉,၀၀၀၀ သိန်းအထိ ဈေးနှုန်းအမျိူးမျိုး ကွဲပြားနိုင်ပါသည်။ တီဗီအမျိုးအစား မော်ဒယ်များနှင့် ၎င်းတို့ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

1 – 55” QLED/Smart/4K – QA55Q60RAKXMR – 2,112,000

2 – 65” QLED/Smart/4K – QA65Q60RAKXMR – 3,348,000

3 – 75” QLED/Smart/4K – QA75Q60RAKXMR – 5,817,000

4 – 82” QLED/Smart/4K – QA82Q60RAKXMR – 7,906,000

5 – 55” QLED/Smart/4K – QA55Q80RAXXT – 3,027,000

6 – 65” QLED/Smart/4K – QA655Q80RAXXT – 4,403,000

7 – 65” QLED/Smart/8K – QA65Q900RBKXXT – 9,999,000

8 – 75” QLED/Smart/8K – QA75Q900RBKXXT – 15,999,000

9 – 75” QLED/Smart/8K – QA80Q900RBKXXT – 19,990,000