[Zawgyi]

Samsung ကုမၸဏီဟာ Mid-range တန္း ခ်စ္ပ္ဆက္အသစ္ျဖစ္တဲ့ Exynos 7904 ကို မိတ္ဆက္လာခဲ့ၿပီး အာရွေစ်းကြက္နဲ႔ အထူးသျဖင့္ အိႏၵိယေစ်းကြက္ကို ရည္ရြယ္လာမွာျဖစ္ပါတယ္။ အိႏၵိယမုိဘုိင္းေစ်းကြက္မွာ လက္သြက္ေနတဲ့ တရုတ္အေျခစိုက္ ကုမၸဏီေတြရဲ႕ ထုတ္ကုန္ေတြနဲ႔ ယွဥ္ၿပိဳင္ရာမွာ Samsung ရဲ႕ ကုိယ္ပိုင္ ခ်စ္ပ္ဆက္က အက်ဳိးျပဳလာမယ္လို႔ ယူဆရတယ္။ Samsung ကုမၸဏီကေတာ့ SoC အသစ္ဟာ High-end Feature ေတြကို သက္သာတဲ့ေစ်းႏႈန္းနဲ႔ ယူေဆာင္လာေပးမယ္လို႔ ဆုိပါတယ္။

14nm Node ကိုအေျခခံတည္ေဆာက္ထားတဲ့ SoC အသစ္ဟာ ေစ်းႏႈန္းခ်ဳိသာေစဖို႔အတြက္ Samsung ကုိ ကူညီေပးႏုိင္ေကာင္း ေပးႏုိင္မွာပါ။ သူ႕မွာ Octa-core CPU ပါဝင္ၿပီး 1.8GHz ရွိတဲ့ Cortex-A73 Core အႀကီး ႏွစ္ခုနဲ႔ ပိုေသးၿပီး စြမ္းအင္ပုိသက္သာတဲ့ Cortex-A53 Core ေျခာက္ခုတုိ႔ ပါဝင္ပါတယ္။ LTE Modem ကေတာ့ Download ျမန္ႏႈန္း 600Mbps ထိ လက္ခံေပးႏုိင္တယ္။

ဘုတ္ေပၚမွာ ပါဝင္တဲ့ ISP ဟာ Single ကင္မရာတစ္လုံးတည္းကို 32MP ထိ လက္ခံေပးႏုိင္သလို High-end Feature ေတြနဲ႔ Triple-camera တပ္ဆင္လာရင္လည္း ေထာက္ပ့ံႏုိင္မွာပါ။ သူက 1080p အၾကည္ႏႈန္းနဲ႔ ဗီဒီယုိေတြကို 120fps ျဖင့္မွတ္တမ္းတင္ႏုိင္ၿပီး 4K Resolution ကို 30fps နဲ႔ ရုိက္ကူးႏုိင္ပါတယ္။

Samsung ကေတာ့ Premium ေစ်းႏႈန္းနဲ႔ ထုတ္ကုန္မဟုတ္ေစဘဲ မာလ္တီမီဒီယာ စြမ္းေဆာင္ရည္၊ အဆက္မျပတ္ Multitasking ျပဳလုပ္ႏုိင္စြမ္း၊ ေကာင္းမြန္တဲ့ အင္တာနက္ Browsing စြမ္းရည္နဲ႔ ေကာ္နက္ရွင္ ျမန္ဆန္မႈတုိ႔ ရရွိေစမယ္လို႔ ကတိေပးထားပါတယ္။ ဒီခ်စ္ပ္ဆက္ဟာ လက္ရွိမွာ ထုတ္လုပ္မႈစတင္ေနၿပီ ျဖစ္တာေၾကာင့္ Exynos 7904 နဲ႔ Samsung ဖုန္းအသစ္ကို မၾကာခင္ ျမင္ေတြ႕ရေတာ့မွာပါ။

Ref – GSM Arena

[Unicode]

Samsung ကုမ္ပဏီဟာ Mid-range တန်း ချစ်ပ်ဆက်အသစ်ဖြစ်တဲ့ Exynos 7904 ကို မိတ်ဆက်လာခဲ့ပြီး အာရှဈေးကွက်နဲ့ အထူးသဖြင့် အိန္ဒိယဈေးကွက်ကို ရည်ရွယ်လာမှာဖြစ်ပါတယ်။ အိန္ဒိယမိုဘိုင်းဈေးကွက်မှာ လက်သွက်နေတဲ့ တရုတ်အခြေစိုက် ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်ရာမှာ Samsung ရဲ့ ကိုယ်ပိုင် ချစ်ပ်ဆက်က အကျိုးပြုလာမယ်လို့ ယူဆရတယ်။ Samsung ကုမ္ပဏီကတော့ SoC အသစ်ဟာ High-end Feature တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ယူဆောင်လာပေးမယ်လို့ ဆိုပါတယ်။

14nm Node ကိုအခြေခံတည်ဆောက်ထားတဲ့ SoC အသစ်ဟာ ဈေးနှုန်းချိုသာစေဖို့အတွက် Samsung ကို ကူညီပေးနိုင်ကောင်း ပေးနိုင်မှာပါ။ သူ့မှာ Octa-core CPU ပါဝင်ပြီး 1.8GHz ရှိတဲ့ Cortex-A73 Core အကြီး နှစ်ခုနဲ့ ပိုသေးပြီး စွမ်းအင်ပိုသက်သာတဲ့ Cortex-A53 Core ခြောက်ခုတို့ ပါဝင်ပါတယ်။ LTE Modem ကတော့ Download မြန်နှုန်း 600Mbps ထိ လက်ခံပေးနိုင်တယ်။

ဘုတ်ပေါ်မှာ ပါဝင်တဲ့ ISP ဟာ Single ကင်မရာတစ်လုံးတည်းကို 32MP ထိ လက်ခံပေးနိုင်သလို High-end Feature တွေနဲ့ Triple-camera တပ်ဆင်လာရင်လည်း ထောက်ပံ့နိုင်မှာပါ။ သူက 1080p အကြည်နှုန်းနဲ့ ဗီဒီယိုတွေကို 120fps ဖြင့်မှတ်တမ်းတင်နိုင်ပြီး 4K Resolution ကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။

Samsung ကတော့ Premium ဈေးနှုန်းနဲ့ ထုတ်ကုန်မဟုတ်စေဘဲ မာလ်တီမီဒီယာ စွမ်းဆောင်ရည်၊ အဆက်မပြတ် Multitasking ပြုလုပ်နိုင်စွမ်း၊ ကောင်းမွန်တဲ့ အင်တာနက် Browsing စွမ်းရည်နဲ့ ကော်နက်ရှင် မြန်ဆန်မှုတို့ ရရှိစေမယ်လို့ ကတိပေးထားပါတယ်။ ဒီချစ်ပ်ဆက်ဟာ လက်ရှိမှာ ထုတ်လုပ်မှုစတင်နေပြီ ဖြစ်တာကြောင့် Exynos 7904 နဲ့ Samsung ဖုန်းအသစ်ကို မကြာခင် မြင်တွေ့ရတော့မှာပါ။

Ref – GSM Arena