Zawgyi

Samsung ကုမၸဏီဟာ သူတုိ႔ရဲ႕ ေနာက္ဆုံးေပၚ A စီးရီး စမတ္ဖုန္းသစ္ကို မိတ္ဆက္လိုက္ၿပီး သူ႔နာမည္အတုိင္းပဲ Galaxy A10s စမတ္ဖုန္းသစ္ဟာ ေရွ႕မွာထုတ္လုပ္ထားတဲ့ Galaxy A10 ကုိအေျခခံကာ ျပန္လည္မြမ္းမံထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ သူ႕မွာ ပိုႀကီးတဲ့ ဘကၳရီနဲ႔ မူရင္း A10 မွာတုန္းကမပါခဲ့တဲ့ Fingerprint စတာေတြကို ထည့္သြင္းလာတာ ေတြ႕ရပါတယ္။

Galaxy A10s ဖုန္းဟာ 6.2” လက္မအရြယ္ IPS Infinity-V Screen ကိုအသုံးျပဳလာၿပီး 720 x 1520p Resolution ရွိပါတယ္။ Infinity-V ပုံစံဆုိတဲ့အတုိင္းပဲ ေရွ႕ဘက္ Notch ေလးက အဂၤလိပ္အကၡရာ ‘V’ ပုံစံပါ။ အတြင္းမွာ Octa-core CPU တစ္ခုကို သုံးစြဲထားတယ္လို႔ပဲ ေၾကညာထားၿပီး Core ေလးခုက 2.0GHz နဲ႔ အျခား ေလးခုက 1.5GHz ျဖစ္ပါတယ္။ မန္မုိရီမွာ 2GB RAM / 32GB Storage သာပါေပမယ့္ MicroSD နဲ႔ တုိးခ်ဲ႕ႏုိင္မွာပါ။

ကင္မရာပုိင္းမွာ 13MP f/1.8 အဓိကကင္မရာကို 2MP Depth Sensor တစ္ခုနဲ႔တြဲထားပါတယ္။ ေရွ႕ဘက္ Notch ထဲမွာေတာ့ 8MP f/2.0 အသုံးျပဳထားၿပီး Face Unlock စနစ္လည္း ပါဝင္ပါတယ္။ ဘကၳရီဟာ မူရင္း A10 ထက္ 600 ပိုမ်ားတဲ့ 4,000 mAh ဘကၳရီႀကီးျဖစ္ၿပီး Android 9.0 Pie ကိုအေျခခံထားတဲ့ One UI နဲ႔ အသုံးျပဳရမွာပါ။

Galaxy A10s ရဲ႕ေစ်းႏႈန္းနဲ႔ ထြက္ရွိရက္ကုိေတာ့ မသိရေသးေပမယ့္ သိပ္မၾကာခင္ ထပ္မံအသိေပးလာမယ္လို႔ ယူဆရပါတယ္။ A10s ဖုန္းသစ္ဟာ Blue, Green, Red, Black ဆုိၿပီး အေရာင္ေလးမ်ဳိးနဲ႔ မိတ္ဆက္လာတာကိုလည္း ေတြ႕ရပါတယ္။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီဟာ သူတို့ရဲ့ နောက်ဆုံးပေါ် A စီးရီး စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပြီး သူ့နာမည်အတိုင်းပဲ Galaxy A10s စမတ်ဖုန်းသစ်ဟာ ရှေ့မှာထုတ်လုပ်ထားတဲ့ Galaxy A10 ကိုအခြေခံကာ ပြန်လည်မွမ်းမံထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူ့မှာ ပိုကြီးတဲ့ ဘက္ထရီနဲ့ မူရင်း A10 မှာတုန်းကမပါခဲ့တဲ့ Fingerprint စတာတွေကို ထည့်သွင်းလာတာ တွေ့ရပါတယ်။

Galaxy A10s ဖုန်းဟာ 6.2” လက်မအရွယ် IPS Infinity-V Screen ကိုအသုံးပြုလာပြီး 720 x 1520p Resolution ရှိပါတယ်။ Infinity-V ပုံစံဆိုတဲ့အတိုင်းပဲ ရှေ့ဘက် Notch လေးက အင်္ဂလိပ်အက္ခရာ ‘V’ ပုံစံပါ။ အတွင်းမှာ Octa-core CPU တစ်ခုကို သုံးစွဲထားတယ်လို့ပဲ ကြေညာထားပြီး Core လေးခုက 2.0GHz နဲ့ အခြား လေးခုက 1.5GHz ဖြစ်ပါတယ်။ မန်မိုရီမှာ 2GB RAM / 32GB Storage သာပါပေမယ့် MicroSD နဲ့ တိုးချဲ့နိုင်မှာပါ။

ကင်မရာပိုင်းမှာ 13MP f/1.8 အဓိကကင်မရာကို 2MP Depth Sensor တစ်ခုနဲ့တွဲထားပါတယ်။ ရှေ့ဘက် Notch ထဲမှာတော့ 8MP f/2.0 အသုံးပြုထားပြီး Face Unlock စနစ်လည်း ပါဝင်ပါတယ်။ ဘက္ထရီဟာ မူရင်း A10 ထက် 600 ပိုများတဲ့ 4,000 mAh ဘက္ထရီကြီးဖြစ်ပြီး Android 9.0 Pie ကိုအခြေခံထားတဲ့ One UI နဲ့ အသုံးပြုရမှာပါ။

Galaxy A10s ရဲ့ဈေးနှုန်းနဲ့ ထွက်ရှိရက်ကိုတော့ မသိရသေးပေမယ့် သိပ်မကြာခင် ထပ်မံအသိပေးလာမယ်လို့ ယူဆရပါတယ်။ A10s ဖုန်းသစ်ဟာ Blue, Green, Red, Black ဆိုပြီး အရောင်လေးမျိုးနဲ့ မိတ်ဆက်လာတာကိုလည်း တွေ့ရပါတယ်။

Ref – GSM Arena