Samsung ကနေ ပြီးခဲ့တဲ့ Galaxy Note 20 Series ဖုန်းတွေနဲ့အတူ Galaxy Watch 3 ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာလည်း Fitness Tracker အသစ်ဖြစ်တဲ့ Galaxy Fit 2 ကို မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Galaxy Fit 2 ဟာ မနှစ်တုန်းက အောင်မြင်ခဲ့တဲ့ Galaxy Fit ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Design ပိုင်းမှာလည်း ဆင်တူတာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ အနက်ရောင်နဲ့ ပန်းရောင် ၂ မျိုးပဲ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Display အနေနဲ့ကတော့ 1.1″ AMOLED Touch Display ကို ထည့်သွင်းထားပြီး Watch Face ပေါင်း ၇၀ ကျော်ကို ရွေးချယ်နိုင်မယ်လို့သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ လေ့ကျင့်ခန်းပေါင်း အမျိုးအစား ၉၀ ကျော်ကိုလည်း မှတ်ထားပေးနိုင်ဦးမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Galaxy Fit 2 ရဲ့ အားသာချက်က Battery Life ပဲဖြစ်ပြီး တစ်ကြိမ်အားသွင်းထားရင် ၁၅ ရက်ဝန်းကျင်အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ IP68 Water Resistant Rating အပြင် Heart Rate Monitor ၊ Calorie Counter နဲ့ တခြားသော Feature တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Samsung Galaxy Fit 2 ကို လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ စတင်ပြီးတော့ ဂျာမနီနိုင်ငံမှာ €46.76 (မြန်မာငွေ ၇ သောင်းကျော်) နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China