ပြီးခဲ့တဲ့ရက်ကပဲ Samsung Galaxy Z Flip 5G ဟာ One UI 3.0 update ရတဲ့ ပထမဆုံး Foldable ဖြစ်လာပါတယ်။ အခုတော့ Samsung ဟာ Galaxy S10 Lite အတွက် One UI 3.0 update ထုတ်ပေးလိုက်ပါပြီ။ ကျန်တဲ့ Galaxy S10 မိသားစုတွေကတော့ Update ရဖို့ စောင့်ဆိုင်းရပါဦးမယ်။

Samsung Galaxy S10 Lite ဟာ OTA ကတစ်ဆင့် Android 11 အခြေခံ One UI 3.0 update ကို ရရှိမှာဖြစ်ပါတယ်။ Firmware G770FXXU3DTL1(Global) နဲ့ G770U1UEU2CTL3 (US) တို့ဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်အထိတော့ အမေရိကန်၊ ရုရှား၊ စပိန်၊ ယူအေအီး၊ ပနားမားနဲ့ အိန္ဒိယဈေးကွက်တွေမှာ ဒီ Update ကို ရရှိနေပြီလို့ သိရပါတယ်။ ဒါကြောင့် ကျန်တဲ့ ဒေသတွေမှာလည်း ရရှိဖို့ သိပ်မဝေးတော့ဘူးလို့ မျှော်လင့်ရပါတယ်။

One UI 3.0 update ရဲ့ အရွယ်အစားဟာ 2.4GB ရှိပြီး နောက်ဆုံးပေါ် Feature တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါကြောင့် Google ရဲ့ Android 11 features ဖြစ်တဲ့ Chat bubbles (conversations), media controls, ပိုကောင်းလာတဲ့ Permission management နဲ့ Organized notifications လိုမျိုး အင်္ဂါရပ်တွေကို မျှော်လင့်နိုင်ပါလိမ့်မယ်။

XDA ရဲ့ ပြောဆိုချက်အရ Samsung ဟာ Bootloader ဗားရှင်းကို တိုးမြှင့်ခြင်းမရှိသေးတာကြောင့်၊ အသုံးပြုသူအနေနဲ့ Android 10 ဗားရှင်းဆီ Manually ပြန်ချနိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူမဟုတ်ရင်တော့ မလုပ်တာကောင်းဆုံးလို့ပဲ အကြံပေးချင်ပါတယ်။ တိုးတက်လာတာတွေကတော့ Digital Wellbeing, Parental controls, Improvements to Samsung Internet, Samsung Keyboard, Bixby Routine, Revamped Settings, Quick Settings စတာတွေပဲ ဖြစ်ပါတယ်။

Ref: Gizmochina