Samsung က ဩဂုတ်လထဲမှာ Unpacked Event ကျင်းပဖို့ ရှိနေတယ်လို့ သတင်းများစွာ ထွက်နေတာ ကြာပါပြီ။ နောက်ပိုင်းမှာတော့ Unpacked Event ကျင်းပမယ့် နေ့ဟာ ဩဂုတ်လ ၁၁ ရက်နေ့လို့ သတင်းထွက်လာခဲ့ပါတယ်။ အခုတော့ အဲဒီ သတင်း မှန်ကန်တယ်ဆိုတဲ့ အထောက်အထားတွေ Samsung ဆီကထွက်လာပါတယ်။

Samsung confirms August 11 date for the Unpacked event, quickly hides it

Samsung Russian ဝက်ဘ်ဆိုက်တစ်ခုကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး အဲဒီ ဝက်ဘ်စာမျက်နှာမှာ “The future will unfold in a new way. Very soon” လို့ ရေးသားထားပြီး မိတ်ဆက်ပွဲ နေ့နဲ့ အချိန်ကို August 11 , 17:00 Moscow Time လို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် Unpacked Event မှာ သတင်းထွက်နေတဲ့ အတိုင်း Foldable စမတ်ဖုန်း အသစ်တွေကို ကြေညာတော့မှာ သေချာပါတယ်။

Samsung Galaxy Z Fold 3 and Galaxy Z Flip 3 mass production underway, first units already sent to carriers - GSMArena.com news

အဲဒီ ဝက်ဘ်စာမျက်နှာမှာ ပုံတစ်ပုံ ဖော်ပြထားပြီး ပုံက အရွယ်ကြီး Galaxy Z Fold3 နဲ့ အရွယ်သေး Galaxy Z Flip3 တို့ကို ရည်ညွှန်းထားတာ ဖြစ်နိုင်ပါတယ်။ အခုတော့ အဲဒီ ဝက်ဘ်စာမျက်နှာကို Samsung Russian က ဖြုတ်ချလိုက်ပြီ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ Teaser တစ်ခု ဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင် Samsung Russian က ထုတ်လွှင့်မှာပါ။ အခုက အစမ်းသဘောမျိုး ဝက်ဘ်ဆိုက်မှာ တင်လိုက်တာ ဖြစ်နိုင်ပါတယ်။

Samsung ဟာ Unpacked Event မျာ Galaxy Z Fold3 , Galaxy Z Flip3 နဲ့အတူ Galaxy Watch4 , Galaxy Watch4 Classic နဲ့ Galaxy Buds2 တို့ကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ Device တွေရဲ့ သတင်းများစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ Amazon Canada က အဲဒီ စမတ်နာရီတွေကို ရောင်းဖို့ စာရင်းတင်ထားပြီ ဖြစ်သလို FCC မှာလည်း Z Fold3 အတွက် S Pen Pro ကို မှတ်ပုံတင်ထားပါတယ်။

Ref : gsmarena