[Zawgyi]

Samsung ဟာ မ်က္ႏွာျပင္ ထုတ္လုပ္မႈလုပ္ငန္းႀကီးေတြထဲမွာ ဦးေဆာင္ကုမၸဏီအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ဖို႔ ဆန္းသစ္မႈေတြကို အစဥ္မျပတ္ ျပဳလုပ္ေနတာကို ေတြ႕ရပါတယ္။ အခုေနာက္ဆုံးထြက္လာတဲ့ သတင္းအရ ေတာင္ကိုရီးယားကုမၸဏီႀကီးဟာ LCD ထုတ္လုပ္မႈကို ရပ္တန႔္ၿပီး ေနာက္တစ္ဆင့္ဆီသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

Quantum dot OLED လို႔ေခၚတဲ့ (QD-OLED) ေတြဟာ Samsung ရဲ႕ ေျခလွမ္းသစ္ပဲ ျဖစ္ပါတယ္။ ကုမၸဏီဟာ ဒီနည္းပညာကို ၂၀၁၉ ခုႏွစ္ အေစာပိုင္းကတည္းက သူ႔ရဲ႕ တီဗီေတြမွာ သုံးဖို႔ ႀကိဳးစားေနခဲ့တာပါ။ OLED ေတြကေတာ့ မိုလ္ဘိုင္းဌာနအတြက္ ဆယ္စုႏွစ္တစ္ခုေက်ာ္ အဓိက ျဖစ္ခဲ့ပါတယ္။ အခုေတာ့ Samsung ဟာ မိုလ္ဘိုင္း မ်က္ႏွာျပင္နဲ႔ တီဗီမ်က္ႏွာျပင္နည္းပညာႏွစ္ခုကို ပူးေပါင္းၿပီး အေကာင္းဆုံးတစ္ခုတည္းကိုပဲ ထုတ္လုပ္ဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။

The Korea Herald ကေတာ့ ေတာင္ကိုရီးယားနည္းပညာကုမၸဏီႀကီးဟာ အျမတ္အစြန္းရရွိမႈနည္းပါးလာျခင္းနဲ႔ ဝယ္လိုအားက်ဆင္းလာျခင္းေတြေၾကာင့္ LCD ထုတ္လုပ္ျခင္းကို အေစာပိုင္းကတည္းက ကန႔္သတ္ခဲ့ၿပီးသားျဖစ္တယ္လို႔ အခိုင္အမာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ေဈးကြက္က ဖန္တီးလိုက္တဲ့ ဒီအေျပာင္းအလဲကပဲ QD-OLED မ်က္ႏွာျပင္ေတြ ထုတ္လုပ္ဖို႔ ျဖစ္ေပၚလာေစခဲ့တာပါ။

Samsung Display ရဲ႕ CEO ျဖစ္တဲ့ Lee Dong-hoon ကလည္း ကုမၸဏီအေနနဲ႔ သိပ္မၾကာခင္အခ်ိန္အေတာအတြင္းမွာ ပထမဆုံး QD-OLED panel ေတြကို ျဖန႔္ခ်ိႏိုင္ေတာ့မယ္လို႔ အတည္ျပဳေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဒီ QD-OLED panel ေတြကို ဘယ္ထုတ္ကုန္နဲ႔အတူ ပြဲဦးထြက္ မိတ္ဆက္လာမလဲဆိုတာကို အေသးစိတ္မေျပာသြားခဲ့ေသးပါဘူး။

Ref: GSM Arena

[Unicode]

LCD ထုတ်လုပ်မှုကို ဖြတ်တောက်ပြီး QD-OLED ထုတ်လုပ်မှုကို အာရုံစိုက်နေတဲ့ Samsung

Samsung ဟာ မျက်နှာပြင် ထုတ်လုပ်မှုလုပ်ငန်းကြီးတွေထဲမှာ ဦးဆောင်ကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ ဆန်းသစ်မှုတွေကို အစဉ်မပြတ် ပြုလုပ်နေတာကို တွေ့ရပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ သတင်းအရ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ LCD ထုတ်လုပ်မှုကို ရပ်တန့်ပြီး နောက်တစ်ဆင့်ဆီသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Quantum dot OLED လို့ခေါ်တဲ့ (QD-OLED) တွေဟာ Samsung ရဲ့ ခြေလှမ်းသစ်ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဒီနည်းပညာကို ၂၀၁၉ ခုနှစ် အစောပိုင်းကတည်းက သူ့ရဲ့ တီဗီတွေမှာ သုံးဖို့ ကြိုးစားနေခဲ့တာပါ။ OLED တွေကတော့ မိုလ်ဘိုင်းဌာနအတွက် ဆယ်စုနှစ်တစ်ခုကျော် အဓိက ဖြစ်ခဲ့ပါတယ်။ အခုတော့ Samsung ဟာ မိုလ်ဘိုင်း မျက်နှာပြင်နဲ့ တီဗီမျက်နှာပြင်နည်းပညာနှစ်ခုကို ပူးပေါင်းပြီး အကောင်းဆုံးတစ်ခုတည်းကိုပဲ ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

The Korea Herald ကတော့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ အမြတ်အစွန်းရရှိမှုနည်းပါးလာခြင်းနဲ့ ဝယ်လိုအားကျဆင်းလာခြင်းတွေကြောင့် LCD ထုတ်လုပ်ခြင်းကို အစောပိုင်းကတည်းက ကန့်သတ်ခဲ့ပြီးသားဖြစ်တယ်လို့ အခိုင်အမာ ရေးသားဖော်ပြခဲ့ပါတယ်။ ဈေးကွက်က ဖန်တီးလိုက်တဲ့ ဒီအပြောင်းအလဲကပဲ QD-OLED မျက်နှာပြင်တွေ ထုတ်လုပ်ဖို့ ဖြစ်ပေါ်လာစေခဲ့တာပါ။

Samsung Display ရဲ့ CEO ဖြစ်တဲ့ Lee Dong-hoon ကလည်း ကုမ္ပဏီအနေနဲ့ သိပ်မကြာခင်အချိန်အတောအတွင်းမှာ ပထမဆုံး QD-OLED panel တွေကို ဖြန့်ချိနိုင်တော့မယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီ QD-OLED panel တွေကို ဘယ်ထုတ်ကုန်နဲ့အတူ ပွဲဦးထွက် မိတ်ဆက်လာမလဲဆိုတာကို အသေးစိတ်မပြောသွားခဲ့သေးပါဘူး။

Ref: GSM Arena