[Zawgyi]

Samsung ဟာ Galaxy Fold ကို အေမရိကန္နဲ႔ ဥေရာပႏိုင္ငံအခ်ိဳ႕မွာပဲ ေရာင္းခ်မယ္လို႔ စီစဥ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အိႏၵိယေဈးကြက္နဲ႔ တ႐ုတ္ေဈးကြက္ေတြမွာပါ ေရာင္းခ်ဖို႔ ျပင္ဆင္ ဆုံးျဖတ္လိုက္ပါတယ္။ အိႏၵိယေဈးကြက္မွာေရာင္းခ်ဖို႔အတြက္ Galaxy Fold ရဲ႕ ေဈးႏႈန္းကို ျပင္ဆိုဖို႔ လိုအပ္တယ္လို႔ CEO DJ Koh က ေျပာခဲ့ဖူးပါတယ္။

ဧၿပီလ ၂၆ ရက္ေန႔မွာ အေမရိကန္အပါအဝင္ အျခားဥေရာပႏိုင္ငံေဈးကြက္ေတြမွာ Galaxy Fold ကို ျဖန႔္ခ်ိေတာ့မွာ ျဖစ္ေပမယ့္ တ႐ုတ္ေဈးကြက္အတြက္ အစီအစဥ္ကေတာ့ ၾကန႔္ၾကာေနတယ္လို႔ သိရပါတယ္။ တြစ္တာရဲ႕ နာမည္ေက်ာ္ Tipster ျဖစ္တဲ့ Ice Universe (@UniverseIce) ရဲ႕အဆိုအရ Samsung ဟာ တ႐ုတ္ေဈးကြက္မွာ Galaxy Fold ျဖန႔္ခ်ိဖို႔အျပင္ အျခား လႈပ္ရွားမႈ ႏွစ္ခုကိုလည္း ေ႐ႊ႕ဆိုင္းခဲ့တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံေဈးကြက္ထဲ မိတ္ဆက္ေပးျဖန႔္ခ်ိမယ့္ အစီအစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္တာဟာ Galaxy Fold ရဲ႕ မ်က္ႏွာျပင္ ပ်က္စီးမႈ ျပႆနာေတြ ေပၚေပါက္လာၿပီး ေနာက္ပိုင္းမွ ျဖစ္ေပၚလာတာပါ။ ျပႆနာကေတာ့ အတြင္းဘက္ မ်က္ႏွာျပင္ေပၚမွာရွိေနတဲ့ Plastic Polyimide Film ကို ဖယ္ရွားပစ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

Samsung အေနနဲ႔ အဆိုပါ Plastic Polyimide Film ကိုဖယ္ရွားျခင္းမျပဳဖို႔ သတိေပးထားေပမယ့္လည္း Review လုပ္ၾကသူအခ်ိဳ႕က သတိမထားမိဘဲ ဖယ္ရွားပစ္ခဲ့ၾကတာ ျဖစ္ပါတယ္။ သတိေပးခ်က္ထဲမွာ အေပၚယံလႊာကို ဖယ္ရွားျခင္း မျပဳဖို႔အျပင္ Screen protector, sticker တို႔လိုမ်ိဳး ေစးကပ္တဲ့ အရာေတြကပ္ျခင္းက အဓိက မ်က္ႏွာျပင္ကို ထိခိုက္ ပ်က္စီးေစႏိုင္တယ္ဆိုတာလည္း ပါဝင္ပါတယ္။

ဒီလို ျဖစ္ရပ္ေတြေပၚေပါက္ခဲ့ေပမယ့္လည္း Samsung အေနနဲ႔ မူလကစီစဥ္ထားတဲ့အတိုင္း ဧၿပီလ ၂၆ ရက္ေန႔မွာ ျဖန႔္ခ်ိဖို႔ ဆုံးျဖတ္ခဲ့ပုံရပါတယ္။ အိႏၵိယေဈးကြက္ကေတာ့ အရင္ကတည္းက ေနာက္က်မွ ျဖန႔္ခ်ိမယ္လို႔ ေျပာဆိုထားေပမယ့္ တ႐ုတ္ေဈးကြက္နဲ႔ပတ္သက္ၿပီး ေျပာင္းလဲသြားတဲ့ အစီအစဥ္အေၾကာင္းေတာ့ အေသးစိတ္ မသိရွိရေသးပါဘူး။

Ref: Phone Arena

[Unicode]

Galaxy Fold ကို တရုတ်ဈေးကွက်မှာ ဖြန့်ချိဖို့ ရွှေ့ဆိုင်းလိုက်တဲ့ Samsung

Samsung ဟာ Galaxy Fold ကို အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့မှာပဲ ရောင်းချမယ်လို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိန္ဒိယဈေးကွက်နဲ့ တရုတ်ဈေးကွက်တွေမှာပါ ရောင်းချဖို့ ပြင်ဆင် ဆုံးဖြတ်လိုက်ပါတယ်။ အိန္ဒိယဈေးကွက်မှာရောင်းချဖို့အတွက် Galaxy Fold ရဲ့ ဈေးနှုန်းကို ပြင်ဆိုဖို့ လိုအပ်တယ်လို့ CEO DJ Koh က ပြောခဲ့ဖူးပါတယ်။

ဧပြီလ ၂၆ ရက်နေ့မှာ အမေရိကန်အပါအဝင် အခြားဥရောပနိုင်ငံဈေးကွက်တွေမှာ Galaxy Fold ကို ဖြန့်ချိတော့မှာ ဖြစ်ပေမယ့် တရုတ်ဈေးကွက်အတွက် အစီအစဉ်ကတော့ ကြန့်ကြာနေတယ်လို့ သိရပါတယ်။ တွစ်တာရဲ့ နာမည်ကျော် Tipster ဖြစ်တဲ့ Ice Universe (@UniverseIce) ရဲ့အဆိုအရ Samsung ဟာ တရုတ်ဈေးကွက်မှာ Galaxy Fold ဖြန့်ချိဖို့အပြင် အခြား လှုပ်ရှားမှု နှစ်ခုကိုလည်း ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဈေးကွက်ထဲ မိတ်ဆက်ပေးဖြန့်ချိမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တာဟာ Galaxy Fold ရဲ့ မျက်နှာပြင် ပျက်စီးမှု ပြဿနာတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှ ဖြစ်ပေါ်လာတာပါ။ ပြဿနာကတော့ အတွင်းဘက် မျက်နှာပြင်ပေါ်မှာရှိနေတဲ့ Plastic Polyimide Film ကို ဖယ်ရှားပစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

Samsung အနေနဲ့ အဆိုပါ Plastic Polyimide Film ကိုဖယ်ရှားခြင်းမပြုဖို့ သတိပေးထားပေမယ့်လည်း Review လုပ်ကြသူအချို့က သတိမထားမိဘဲ ဖယ်ရှားပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သတိပေးချက်ထဲမှာ အပေါ်ယံလွှာကို ဖယ်ရှားခြင်း မပြုဖို့အပြင် Screen protector, sticker တို့လိုမျိုး စေးကပ်တဲ့ အရာတွေကပ်ခြင်းက အဓိက မျက်နှာပြင်ကို ထိခိုက် ပျက်စီးစေနိုင်တယ်ဆိုတာလည်း ပါဝင်ပါတယ်။

ဒီလို ဖြစ်ရပ်တွေပေါ်ပေါက်ခဲ့ပေမယ့်လည်း Samsung အနေနဲ့ မူလကစီစဉ်ထားတဲ့အတိုင်း ဧပြီလ ၂၆ ရက်နေ့မှာ ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ အိန္ဒိယဈေးကွက်ကတော့ အရင်ကတည်းက နောက်ကျမှ ဖြန့်ချိမယ်လို့ ပြောဆိုထားပေမယ့် တရုတ်ဈေးကွက်နဲ့ပတ်သက်ပြီး ပြောင်းလဲသွားတဲ့ အစီအစဉ်အကြောင်းတော့ အသေးစိတ် မသိရှိရသေးပါဘူး။

Ref: Phone Arena