[Zawgyi]

ႏွစ္ေပါင္းမ်ားစြာ ယွဥ္ၿပိဳင္ခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွာ Foldable စမတ္ဖုန္းၿပိဳင္ပြဲထဲ အေစာဆုံး ပန္းဝင္လာတဲ့ထဲမွာ ေတာင္ကိုရီးယားအေျခစိုက္ Samsung လည္းထိပ္ဆုံးကပါ။ အခုေစ်းကြက္ထဲကို ျဖန္႔ခ်ိေတာ့မယ့္ သူတုိ႔ရဲ႕ Galaxy Fold စမတ္ဖုန္းမွာ ျပႆနာတခ်ဳိ႕ ေတြ႕ရေပမယ့္ Foldable စမတ္ဖုန္းက႑မွာ ဦးေဆာင္သူျဖစ္လာတာေတာ့ ျငင္းလို႔ မရပါဘူး။

ဒါေပမယ့္ Galaxy Fold နဲ႔တင္ အားမရေသးတဲ့ Samsung ရဲ႕ Display ဌာနခြဲဟာ သုံးေခါက္ခ်ဳိး ေခါက္ႏုိင္မယ့္ Dual-foldable Screen ေတြကို လုပ္ကုိင္ေနျပန္ၿပီလို႔ သတင္းထြက္လာပါတယ္။ သုံးေခါက္ခ်ဳိး ဖုန္းေတြဟာ ႏွစ္ေခါက္ခ်ဳိးဖုန္းေတြထက္ ကိုင္တြယ္ရတာ၊ ေနရာယူတာ သက္သာေကာင္းမြန္လာမလား ဆုိတာေတာ့ မရွင္းေသးပါဘူး။

အခု လုပ္ေနတဲ့ Screen အသစ္ေတြဟာ 8” နဲ႔ 13” လက္မရွိတဲ့ မ်က္ႏွာျပင္ႏွစ္ခုျဖစ္တယ္လို႔ ဆုိပါတယ္။ ဒီ Foldable Display ေတြဟာ ၂၀၁၉ ထဲမွာ သုံးစြဲႏုိင္တဲ့ အၿပီးသတ္အဆင့္ ေရာက္လာမွာျဖစ္ေသာ္လည္း ဘယ္ဟန္းဆက္မွာ တပ္ဆင္လာမလဲ ဆုိတာ လုံးဝမသိႏုိင္ေသးပါဘူး။

ကိုရီးယားျပည္တြင္းမီဒီယာ The Bell ရဲ႕အဆုိအရေတာ့ လက္ရွိထုတ္လုပ္ေနတဲ့ ဒီဇုိင္းႏွစ္မ်ဳိးရွိၿပီး G-type နဲ႔ S-type တုိ႔ျဖစ္တယ္လို႔ ဆုိျပန္ပါတယ္။ G-type ေတြဟာ Xiaomi Foldable လိုမ်ဳိး ေဘးႏွစ္ဖက္ကို ခ်ဳိးခ်ရတဲ့ ပုံစံျဖစ္ျပီးေတာ့ S-type ကေတာ့ အဂၤလိပ္စာလုံး “S” လိုမ်ဳိး သုံးေခါက္ခ်ဳိးရမယ့္ ပုံပါ။ ပုံေတြထဲမွာျမင္ႏုိင္ပါတယ္။

ၾကားရတဲ့ပုံအရေတာ့ 8” လက္မအရြယ္ Display က G-type ျဖစ္ၿပီး အရြယ္ပိုႀကီးတဲ့ 13” ကေတာ့ S-type လို႔ ယူဆရပါတယ္။ ေစ်းကြက္ထဲမွာေတာ့ သူတုိ႔နဲ႔ မ်က္ႏွာျပင္အရြယ္အစားတူတဲ့ iPad Mini, iPad Pro တက္ဘလက္ေတြနဲ႔ ယွဥ္ၿပိဳင္ရမယ့္သေဘာပါပဲ။ ဒါေပမယ့္ စမတ္ဖုန္းေပၚမွာျမင္ရဖို႔ေတာ့ ၂၀၁၉ ေႏွာင္းပုိင္းထိ ေစာင့္ၾကည့္အခ်ိန္ယူရမယ္လို႔ ထင္ပါတယ္။

Ref – GSM Arena

[Unicode]

နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ Foldable စမတ်ဖုန်းပြိုင်ပွဲထဲ အစောဆုံး ပန်းဝင်လာတဲ့ထဲမှာ တောင်ကိုရီးယားအခြေစိုက် Samsung လည်းထိပ်ဆုံးကပါ။ အခုဈေးကွက်ထဲကို ဖြန့်ချိတော့မယ့် သူတို့ရဲ့ Galaxy Fold စမတ်ဖုန်းမှာ ပြဿနာတချို့ တွေ့ရပေမယ့် Foldable စမတ်ဖုန်းကဏ္ဍမှာ ဦးဆောင်သူဖြစ်လာတာတော့ ငြင်းလို့ မရပါဘူး။

ဒါပေမယ့် Galaxy Fold နဲ့တင် အားမရသေးတဲ့ Samsung ရဲ့ Display ဌာနခွဲဟာ သုံးခေါက်ချိုး ခေါက်နိုင်မယ့် Dual-foldable Screen တွေကို လုပ်ကိုင်နေပြန်ပြီလို့ သတင်းထွက်လာပါတယ်။ သုံးခေါက်ချိုး ဖုန်းတွေဟာ နှစ်ခေါက်ချိုးဖုန်းတွေထက် ကိုင်တွယ်ရတာ၊ နေရာယူတာ သက်သာကောင်းမွန်လာမလား ဆိုတာတော့ မရှင်းသေးပါဘူး။

အခု လုပ်နေတဲ့ Screen အသစ်တွေဟာ 8” နဲ့ 13” လက်မရှိတဲ့ မျက်နှာပြင်နှစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ Foldable Display တွေဟာ ၂၀၁၉ ထဲမှာ သုံးစွဲနိုင်တဲ့ အပြီးသတ်အဆင့် ရောက်လာမှာဖြစ်သော်လည်း ဘယ်ဟန်းဆက်မှာ တပ်ဆင်လာမလဲ ဆိုတာ လုံးဝမသိနိုင်သေးပါဘူး။

ကိုရီးယားပြည်တွင်းမီဒီယာ The Bell ရဲ့အဆိုအရတော့ လက်ရှိထုတ်လုပ်နေတဲ့ ဒီဇိုင်းနှစ်မျိုးရှိပြီး G-type နဲ့ S-type တို့ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ G-type တွေဟာ Xiaomi Foldable လိုမျိုး ဘေးနှစ်ဖက်ကို ချိုးချရတဲ့ ပုံစံဖြစ်ပြီးတော့ S-type ကတော့ အင်္ဂလိပ်စာလုံး “S” လိုမျိုး သုံးခေါက်ချိုးရမယ့် ပုံပါ။ ပုံတွေထဲမှာမြင်နိုင်ပါတယ်။

ကြားရတဲ့ပုံအရတော့ 8” လက်မအရွယ် Display က G-type ဖြစ်ပြီး အရွယ်ပိုကြီးတဲ့ 13” ကတော့ S-type လို့ ယူဆရပါတယ်။ ဈေးကွက်ထဲမှာတော့ သူတို့နဲ့ မျက်နှာပြင်အရွယ်အစားတူတဲ့ iPad Mini, iPad Pro တက်ဘလက်တွေနဲ့ ယှဉ်ပြိုင်ရမယ့်သဘောပါပဲ။ ဒါပေမယ့် စမတ်ဖုန်းပေါ်မှာမြင်ရဖို့တော့ ၂၀၁၉ နှောင်းပိုင်းထိ စောင့်ကြည့်အချိန်ယူရမယ်လို့ ထင်ပါတယ်။

Ref – GSM Arena