[Zawgyi]

Samsung Display ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကုန္ဆုံးခ်ိန္မွာ မိုလ္ဘိုင္းထုတ္လုပ္ေရးလုပ္ငန္းေတြအတြက္ အႀကီးမားဆုံး မ်က္ႏွာျပင္ေထာက္ပံ့ေပးသူေနရာကို BOE Technology ဆီလႊဲေပးလိုက္ရပါတယ္။ ဒါေပမယ့္ ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးဟာ သူ႔ရဲ႕ဦးေဆာင္သူေနရာကို ျပန္လည္ရယူဖို႔ လက္ေလွ်ာ့လိုက္တာေတာ့ မဟုတ္ပါဘူး။

Samsung ဟာ သူတို႔ရဲ႕ AMOLED မ်က္ႏွာျပင္ေတြကို ပိုၿပီးအဆင့္ျမင့္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့သလို ၂၀၁၉ ခုႏွစ္ထဲမွာ ဦးေဆာင္သူေနရာကို ယာယီအားျဖင့္ ျပန္လည္လွမ္းတက္လာႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ အထူးသျဖင္ ၂၀၁၉ ခုႏွစ္ရဲ႕ ဒုတိယသုံးလပတ္နဲ႔ တတိယသုံးလပတ္ေတြမွာ Samsung Display ရဲ႕ မ်က္ႏွာျပင္တင္ပို႔ရမႈက အထက္ဘက္ကို ဦးတည္လာခဲ့တာပဲ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ရဲ႕ ဒုတိယသုံးလပတ္မွာ AMOLED panel ၉၃ သန္းပဲ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ သုံးလပတ္ကာလမွာေတာ့ အားရေက်နပ္စရာ တိုးတက္ျခင္းကိုရရွိခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ တတိယသုံးလပတ္အတြင္း Samsung Display ရဲ႕ တင္ပို႔ေရာင္းခ်မႈဟာ ၁၄၆ သန္းအထိ ရွိခဲ့တယ္လို႔ သိရပါတယ္။

ဒုတိယသုံးလပတ္တုန္းက မိုလ္ဘိုင္းဖုန္းမ်က္ႏွာျပင္ေဈးကြက္ရဲ႕ ၂၁.၃% သာ ရွိခဲ့ေပမယ့္ တတိယသုံးလပတ္မွာေတာ့ ၂၉% အထိ ေရာက္ရွိသြားခဲ့တာပါ။ လက္ရွိအခ်ိန္အထိေတာ့ ၿပိဳင္ဘက္ BOE ထက္ သာလြန္ေကာင္းမြန္တဲ့ေဈးကြက္ေဝစုကို ရရွိထားတယ္လို႔ ဆိုႏိုင္ပါတယ္။

ဒီလိုမ်ိဳး ဦးေဆာင္သူေနရာကို ျပန္လည္ေရာက္ရွိရျခင္းမွာ AMOLED panel ေတြကို တြင္တြင္က်ယ္က်ယ္ေရာင္း ခ်ႏိုင္ခဲ့တာေၾကာင့္ ဆိုတာကိုလည္း ေတြ႕ျမင္ရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဦးေဆာင္ခဲ့တဲ့ BOE ကေတာ့ တတိယသုံးလပတ္မွာ ၂၀% ေအာက္ကို က်ဆင္းသြားခဲ့တာ ေတြ႕ျမင္ရပါတယ္။

Ref: SAMMOBILE

[Unicode]

၂၀၁၉ တတိယသုံးလပတ်မှာ ထိပ်ဆုံးနေရာကိုပြန်ရောက်လာတဲ့ Samsung Display

Samsung Display ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ဆုံးချိန်မှာ မိုလ်ဘိုင်းထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် အကြီးမားဆုံး မျက်နှာပြင်ထောက်ပံ့ပေးသူနေရာကို BOE Technology ဆီလွှဲပေးလိုက်ရပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ သူ့ရဲ့ဦးဆောင်သူနေရာကို ပြန်လည်ရယူဖို့ လက်လျှော့လိုက်တာတော့ မဟုတ်ပါဘူး။

Samsung ဟာ သူတို့ရဲ့ AMOLED မျက်နှာပြင်တွေကို ပိုပြီးအဆင့်မြင့်အောင် ဆောင်ရွက်နိုင်ခဲ့သလို ၂၀၁၉ ခုနှစ်ထဲမှာ ဦးဆောင်သူနေရာကို ယာယီအားဖြင့် ပြန်လည်လှမ်းတက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အထူးသဖြင် ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယသုံးလပတ်နဲ့ တတိယသုံးလပတ်တွေမှာ Samsung Display ရဲ့ မျက်နှာပြင်တင်ပို့ရမှုက အထက်ဘက်ကို ဦးတည်လာခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ ဒုတိယသုံးလပတ်မှာ AMOLED panel ၉၃ သန်းပဲ တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် နောက်ထပ် သုံးလပတ်ကာလမှာတော့ အားရကျေနပ်စရာ တိုးတက်ခြင်းကိုရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်အတွင်း Samsung Display ရဲ့ တင်ပို့ရောင်းချမှုဟာ ၁၄၆ သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒုတိယသုံးလပတ်တုန်းက မိုလ်ဘိုင်းဖုန်းမျက်နှာပြင်ဈေးကွက်ရဲ့ ၂၁.၃% သာ ရှိခဲ့ပေမယ့် တတိယသုံးလပတ်မှာတော့ ၂၉% အထိ ရောက်ရှိသွားခဲ့တာပါ။ လက်ရှိအချိန်အထိတော့ ပြိုင်ဘက် BOE ထက် သာလွန်ကောင်းမွန်တဲ့ဈေးကွက်ဝေစုကို ရရှိထားတယ်လို့ ဆိုနိုင်ပါတယ်။

ဒီလိုမျိုး ဦးဆောင်သူနေရာကို ပြန်လည်ရောက်ရှိရခြင်းမှာ AMOLED panel တွေကို တွင်တွင်ကျယ်ကျယ်ရောင်း ချနိုင်ခဲ့တာကြောင့် ဆိုတာကိုလည်း တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဦးဆောင်ခဲ့တဲ့ BOE ကတော့ တတိယသုံးလပတ်မှာ ၂၀% အောက်ကို ကျဆင်းသွားခဲ့တာ တွေ့မြင်ရပါတယ်။

Ref: SAMMOBILE