[Unicode]

ကမ္ဘာတဝှမ်းတွင် နှစ်စဉ်ပြုလုပ်လျက်ရှိသည့် Samsung Electronics ၏တစ်ကမ္ဘာလုံးဆိုင်ရာ လုပ်အားပေးပွဲတော် Samsung Global Volunteer Festival ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် Samsung Employee Volunteer Program အစီအစဉ်အား ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် တည်ရှိသည့် ထောင့်ကွေး အခြေခံ မူလတန်း(လွန်) ကျောင်းတွင် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

နိင်ငံတကာရှိ Samsung ဝန်ထမ်းများအနေနှင့် ၄င်းတို့ဒေသအတွင်းရှိ လူမှုအသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများ ကြုံတွေ့ရသည့် အခက်အခဲပြဿနာများအား ကူညီဖြေရှင်းဖေးမပေးနိုင်ရန် အဓိက ရည်ရွယ်၍ Samsung Global Volunteer Festival ကို ၁၉၉၅ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်အား နှစ်စဉ်အောက်တိုဘာလတွင် ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းမှ Samsung ဝန်ထမ်းများသည် ၄င်းတို့ အလုပ်လုပ်ကိုင်ရာနှင့် နေထိုင်ရာပတ်ဝန်းကျင်တွင်ရှိသော လူမှုအဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်အား ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရရှိစေရန်အတွက် ကိုယ်ပိုင်အချိန်များနှင့် စွမ်းဆောင်ရည်များကို အသုံးချကာ ပံ့ပိုးကူညီ လှူဒါန်းလေ့ရှိကြသည်။

ယခုနှစ်ကျင်းပပြုလုပ်သည့် Samsung Volunteer Program အစီအစဉ်တွင် Samsung Myanmar ၏ ဝန်ထမ်းများသည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အင်းလေးကန်ရှိ ထောင့်ကွေး အခြေခံ မူလတန်း(လွန်) စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အင်းလေးကန်အကြောင်း သဘာဝပတ်ဝန်းကျင်အကြောင်းအရာများအား ပညာပေးပြောကြားခြင်း၊ ကျောင်းပတ်ဝန်းကျင်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ နေ့လည်စာကျွေးမွေးခြင်း နှင့် အသုံးအဆောင်နှင့် စာရေးကိရိယာများ လှူဒါန်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် Samsung Myanmar မှ ကျောင်းသား၊ ကျောင်းသူများ အသုံးပြုနိုင်ရန်အတွက် Samsung TV နှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ လှူဒါန်းပေးခဲ့သည်။

“နှစ်စဉ်ကျင်းပတဲ့ Samsung Global Volunteer Festival ဟာ တကယ်ကိုထူးခြားပြီး ပျော်စရာကောင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့ Samsung အနေနဲ့ စျေးကွက်အတွင်းမှာ အကောင်းဆုံး အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်အောင် အမြဲကြိုးပမ်းဆောင်ရွက်နေသလို တစ်ချိန်တည်းမှာပဲ နိုင်ငံအသီးသီးရဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေရဲ့ လူမှုဘဝ ပိုမိုကောင်းမွန်အောင် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီပေးနေပါတယ်။ ဒီနှစ်မှာလည်း အခုလို ရှမ်းပြည်နယ် အင်းလေးကန်အထိလာပြီး ဒေသခံ ကျောင်းသား၊ ကျောင်းသူကလေးငယ်တွေနဲ့တွေ့ဆုံပြီး ကျွန်တော်တို့ Samsung Myanmar ရဲ့ ဝန်ထမ်းတွေက ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးကြတဲ့အတွက် အားလုံးအတူ ပျော်ရွှင်ပီတိဖြစ်ရပါတယ်။” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. YoungSeok Ham မှ ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနီးရှိ ထောင့်ကွေး အခြေခံပညာ မူလတန်း(လွန်)ကျောင်းအား ၁၉၉၁ ခုနှစ် အောက်တိုဘာလတွင် အခြေခံပညာ မူလတန်းကျောင်း အနေဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ တွင် အခြေခံပညာ မူလတန်း (လွန်) ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ယခုနှစ် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် သူငယ်တန်းမှ သတ္တမတန်းအထိ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၆၀ ရှိပြီး ကျောင်းဆရာ၊ ဆရာမပေါင်း ၉ ဦးမှ ပညာ သင်ကြားပေးလျက်ရှိသည်။ ကျောင်းစတင်ဖွင့်လှစ်သည့် ၁၉၉၁ ခုနှစ်မှစ၍ ယခုအချိန်အထိ အဆိုပါ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဦးရေ အပါအဝင် စုစုပေါင်း ၁၉၃ ဦး အထိ တက်ရောက်သင်ကြားခဲ့ပြီးဖြစ်သည်။

“အခုလို မြို့ပြနဲ့ ဝေးလံပြီး လိုအပ်ချက်တွေများပြားတဲ့ ကျွန်တော်တို့ရဲ့ စာသင်ကျောင်းလေးအထိ ရောက်အောင်လာပြီး စာသင်ခန်းမျက်နှာကြက်တွေ၊ စာသင်ခန်းအတွက် အကာအရံတွေကို ဆောက်လုပ် လှူဒါန်းပေးတဲ့အပြင် ကျောင်းသားကလေးငယ်တွေအတွက် နေ့လည်စာတွေနဲ့ စာရေးကိရိယာတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို လာရောက်ပေးအပ် လှူဒါန်းတဲ့အတွက် Samsung Myanmar ရဲ့ လုပ်အားပေးဝန်ထမ်းတွေအားလုံးကို ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကိုယ်စားကျေးဇူးအများကြီးတင်ပါတယ်။ ကလေးတွေအားလုံးအတွက်လည်း ဒီနေ့လေးဟာ သူတို့ဘဝမှာ အမှတ်ရစရာနေ့လေးဖြစ်မှာပါ။ အခုလို လိုအပ်တဲ့နေရာတစ်ခုအထိ အချိန်ပေးလာရောက်ပြီး လုပ်အားပေးကြတဲ့အတွက် Samsung Myanmar တစ်ဖွဲ့သားလုံးလည်း ဒီ့ထက်မက အောင်မြင်မှုရကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။” ဟု ထောင့်ကွေး အခြေခံပညာ မူလတန်း(လွန်)ကျောင်း၏ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးလှမောင်မှ ပြောကြားသည်။

Samsung Myanmar ၏ ပထမဆုံး Employee Volunteer Program အား ၂၀၁၅ ခုနှစ်တွင် ပဲခူးမြို့အနီးရှိ ပန်းပျိုးလက် ဘုန််းတော်ကြီးသင်ပညာရေးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ မသန်စွမ်းကွန်ယက်နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် တည်ရှိသည့် အောင်မြေဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင်ဖွင့်လှစ်ထားသော လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မျက်မမြင်ကျောင်းတွင်လည်းကောင်း စီစဉ်ကျင်းပခဲ့သည်။ ယခုအချိန်အထိ အဆိုပါအစီအစဉ်ကြောင့် ယခုအချိန်အထိ နွမ်းပါးချို့တဲ့သည့် ဒေသခံနှင့်ကလေးငယ်ပေါင်း ၁,၅၀၀ ကျော် အပေါ်အကျိုးသက်ရောက်မှု ရှိခဲ့ပြီးဖြစ်သည်။

[Zawgyi]

Samsung Employee Volunteer Program 2019 အား အင္းေလးကန္အနီးရွိ ေထာင့္ေကြး အေျခခံပညာမူလတန္း (လြန္) ေက်ာင္းတြင္ က်င္းပ

ကမာၻတဝွမ္းတြင္ ႏွစ္စဥ္ျပဳလုပ္လ်က္ရွိသည့္ Samsung Electronics ၏တစ္ကမာၻလုံးဆိုင္ရာ လုပ္အားေပးပြဲေတာ္ Samsung Global Volunteer Festival ၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ Samsung Employee Volunteer Program အစီအစဥ္အား ရွမ္းျပည္နယ္ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးကန္တြင္ တည္ရွိသည့္ ေထာင့္ေကြး အေျခခံ မူလတန္း(လြန္) ေက်ာင္းတြင္ ႏိုဝင္ဘာလ ၁ ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့သည္။

နိင္ငံတကာရွိ Samsung ဝန္ထမ္းမ်ားအေနႏွင့္ ၄င္းတို႔ေဒသအတြင္းရွိ လူမႈအသိုင္းအဝိုင္းႏွင့္ အဖြဲ႕အစည္းမ်ား ႀကဳံေတြ႕ရသည့္ အခက္အခဲျပႆနာမ်ားအား ကူညီေျဖရွင္းေဖးမေပးႏိုင္ရန္ အဓိက ရည္႐ြယ္၍ Samsung Global Volunteer Festival ကို ၁၉၉၅ ခုႏွစ္မွ စတင္က်င္းပခဲ့ျခင္းျဖစ္သည္။ အဆိုပါ အစီအစဥ္အား ႏွစ္စဥ္ေအာက္တိုဘာလတြင္ က်င္းပေလ့ရွိၿပီး ကမာၻတစ္ဝွမ္းမွ Samsung ဝန္ထမ္းမ်ားသည္ ၄င္းတို႔ အလုပ္လုပ္ကိုင္ရာႏွင့္ ေနထိုင္ရာပတ္ဝန္းက်င္တြင္ရွိေသာ လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ပတ္ဝန္းက်င္အား ေကာင္းမြန္သည့္ အက်ိဳးသက္ေရာက္မႈမ်ား ရရွိေစရန္အတြက္ ကိုယ္ပိုင္အခ်ိန္မ်ားႏွင့္ စြမ္းေဆာင္ရည္မ်ားကို အသုံးခ်ကာ ပံ့ပိုးကူညီ လႉဒါန္းေလ့ရွိၾကသည္။

ယခုႏွစ္က်င္းပျပဳလုပ္သည့္ Samsung Volunteer Program အစီအစဥ္တြင္ Samsung Myanmar ၏ ဝန္ထမ္းမ်ားသည္ ရွမ္းျပည္နယ္၊ ေညာင္ေ႐ႊၿမိဳ႕၊ အင္းေလးကန္ရွိ ေထာင့္ေကြး အေျခခံ မူလတန္း(လြန္) စာသင္ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူကေလးငယ္မ်ားအား အင္းေလးကန္အေၾကာင္း သဘာဝပတ္ဝန္းက်င္အေၾကာင္းအရာမ်ားအား ပညာေပးေျပာၾကားျခင္း၊ ေက်ာင္းပတ္ဝန္းက်င္အား သန႔္ရွင္းေရးျပဳလုပ္ျခင္း၊ ေန႔လည္စာေကြၽးေမြးျခင္း ႏွင့္ အသုံးအေဆာင္ႏွင့္ စာေရးကိရိယာမ်ား လႉဒါန္းျခင္း စသည္တို႔ကို ျပဳလုပ္ခဲ့ၾကသည္။ ထို႔အျပင္ Samsung Myanmar မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အသုံးျပဳႏိုင္ရန္အတြက္ Samsung TV ႏွင့္ တစ္ကိုယ္ရည္သုံး ပစၥည္းမ်ား လႉဒါန္းေပးခဲ့သည္။

“ႏွစ္စဥ္က်င္းပတဲ့ Samsung Global Volunteer Festival ဟာ တကယ္ကိုထူးျခားၿပီး ေပ်ာ္စရာေကာင္းတဲ့ အစီအစဥ္ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ Samsung အေနနဲ႔ ေစ်းကြက္အတြင္းမွာ အေကာင္းဆုံး အမွတ္တံဆိပ္တစ္ခုအျဖစ္ ရပ္တည္ႏိုင္ေအာင္ အၿမဲႀကိဳးပမ္းေဆာင္႐ြက္ေနသလို တစ္ခ်ိန္တည္းမွာပဲ ႏိုင္ငံအသီးသီးရဲ႕ လူမႈအဖြဲ႕အစည္းေတြနဲ႔ ေဒသခံေတြရဲ႕ လူမႈဘဝ ပိုမိုေကာင္းမြန္ေအာင္ တစ္ဖက္တစ္လမ္းကေန ပံ့ပိုးကူညီေပးေနပါတယ္။ ဒီႏွစ္မွာလည္း အခုလို ရွမ္းျပည္နယ္ အင္းေလးကန္အထိလာၿပီး ေဒသခံ ေက်ာင္းသား၊ ေက်ာင္းသူကေလးငယ္ေတြနဲ႔ေတြ႕ဆုံၿပီး ကြၽန္ေတာ္တို႔ Samsung Myanmar ရဲ႕ ဝန္ထမ္းေတြက ကိုယ္တိုင္ကိုယ္က် လုပ္အားေပးၾကတဲ့အတြက္ အားလုံးအတူ ေပ်ာ္႐ႊင္ပီတိျဖစ္ရပါတယ္။” ဟု Samsung Myanmar ၏ Managing Director ျဖစ္သူ Mr. YoungSeok Ham မွ ေျပာၾကားခဲ့သည္။

ရွမ္းျပည္နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးကန္အနီးရွိ ေထာင့္ေကြး အေျခခံပညာ မူလတန္း(လြန္)ေက်ာင္းအား ၁၉၉၁ ခုႏွစ္ ေအာက္တိုဘာလတြင္ အေျခခံပညာ မူလတန္းေက်ာင္း အေနျဖင့္ စတင္ဖြင့္လွစ္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ဇြန္လ တြင္ အေျခခံပညာ မူလတန္း (လြန္) ေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ဖြင့္လွစ္ခဲ့သည္။ ယခုႏွစ္ ၂၀၁၉ – ၂၀၂၀ ပညာသင္ႏွစ္တြင္ သူငယ္တန္းမွ သတၱမတန္းအထိ ပညာသင္ၾကားေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရ ၆၀ ရွိၿပီး ေက်ာင္းဆရာ၊ ဆရာမေပါင္း ၉ ဦးမွ ပညာ သင္ၾကားေပးလ်က္ရွိသည္။ ေက်ာင္းစတင္ဖြင့္လွစ္သည့္ ၁၉၉၁ ခုႏွစ္မွစ၍ ယခုအခ်ိန္အထိ အဆိုပါ ေက်ာင္းတြင္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရ အပါအဝင္ စုစုေပါင္း ၁၉၃ ဦး အထိ တက္ေရာက္သင္ၾကားခဲ့ၿပီးျဖစ္သည္။

“အခုလို ၿမိဳ႕ျပနဲ႔ ေဝးလံၿပီး လိုအပ္ခ်က္ေတြမ်ားျပားတဲ့ ကြၽန္ေတာ္တို႔ရဲ႕ စာသင္ေက်ာင္းေလးအထိ ေရာက္ေအာင္လာၿပီး စာသင္ခန္းမ်က္ႏွာၾကက္ေတြ၊ စာသင္ခန္းအတြက္ အကာအရံေတြကို ေဆာက္လုပ္ လႉဒါန္းေပးတဲ့အျပင္ ေက်ာင္းသားကေလးငယ္ေတြအတြက္ ေန႔လည္စာေတြနဲ႔ စာေရးကိရိယာေတြ၊ တစ္ကိုယ္ရည္သန႔္ရွင္းေရးအတြက္ လိုအပ္တဲ့ ပစၥည္းေတြကို လာေရာက္ေပးအပ္ လႉဒါန္းတဲ့အတြက္ Samsung Myanmar ရဲ႕ လုပ္အားေပးဝန္ထမ္းေတြအားလုံးကို ဆရာ၊ဆရာမေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ ကိုယ္စားေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကေလးေတြအားလုံးအတြက္လည္း ဒီေန႔ေလးဟာ သူတို႔ဘဝမွာ အမွတ္ရစရာေန႔ေလးျဖစ္မွာပါ။ အခုလို လိုအပ္တဲ့ေနရာတစ္ခုအထိ အခ်ိန္ေပးလာေရာက္ၿပီး လုပ္အားေပးၾကတဲ့အတြက္ Samsung Myanmar တစ္ဖြဲ႕သားလုံးလည္း ဒီ့ထက္မက ေအာင္ျမင္မႈရၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးပါတယ္။” ဟု ေထာင့္ေကြး အေျခခံပညာ မူလတန္း(လြန္)ေက်ာင္း၏ ေက်ာင္းအုပ္ဆရာႀကီးျဖစ္သူ ဦးလွေမာင္မွ ေျပာၾကားသည္။

Samsung Myanmar ၏ ပထမဆုံး Employee Volunteer Program အား ၂၀၁၅ ခုႏွစ္တြင္ ပဲခူးၿမိဳ႕အနီးရွိ ပန္းပ်ိဳးလက္ ဘုန္္းေတာ္ႀကီးသင္ပညာေရးေက်ာင္းတြင္က်င္းပျပဳလုပ္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ မသန္စြမ္းကြန္ယက္ႏွင့္ပူးေပါင္း၍ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔အား ရန္ကုန္ၿမိဳ႕ ျပည္သူ႔ရင္ျပင္တြင္ လည္းေကာင္း၊ ၂၀၁၇ ခုႏွစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္ (၇၈) ရပ္ကြက္တြင္ တည္ရွိသည့္ ေအာင္ေျမဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းတြင္လည္းေကာင္း၊ ၂၀၁၈ ခုႏွစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ဖြင့္လွစ္ထားေသာ လူမႈဝန္ထမ္းဦးစီးဌာနေအာက္ရွိ မ်က္မျမင္ေက်ာင္းတြင္လည္းေကာင္း စီစဥ္က်င္းပခဲ့သည္။ ယခုအခ်ိန္အထိ အဆိုပါအစီအစဥ္ေၾကာင့္ ယခုအခ်ိန္အထိ ႏြမ္းပါးခ်ိဳ႕တဲ့သည့္ ေဒသခံႏွင့္ကေလးငယ္ေပါင္း ၁,၅၀၀ ေက်ာ္ အေပၚအက်ိဳးသက္ေရာက္မႈ ရွိခဲ့ၿပီးျဖစ္သည္။