Samsung ရဲ့ Mobile Experience (MX) ဟာ Component Suppliers တွေနဲ့ အစည်းအဝေး ၁ ခု ပြုလုပ်ခဲ့ပြီး Foldable ဖုန်း စီမံကိန်း အပါအဝင် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။ TheElec က Samsung ဟာ ၂၀၂၅ ခုနှစ် မတိုင်ခင် Foldable တွေအတွက် Compound Annual Growth Rate (CAGR) ဟာ ၈၀ ရာခိုင်နှုန်း အထိ ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

Apple foldable iPhone release date, price, features and news - PhoneArena

Samsung ဟာ မိခင် တောင်ကိုရီးယား နိုင်ငံမှာ Folding ဖုန်းတွေ ဝယ်လိုအား ကောင်းတယ်ဆိုတာ အတည်ပြုခဲ့ပြီး အသက် ၂၀ ၊ ၃၀ ဝန်းကျင် ရှိတဲ့ တောင်ကိုရီးယားက iPhone User တွေဟာ Samsung Foldable တွေကို အရင်ကထက် ပိုမို ပြောင်းလဲ ကိုင်လာကြတယ်လို့ ပြောပါတယ်။ အရင်နှစ်တွေကထက် iPhone ကနေ Samsung Foldable ဖုန်းတွေ ပြောင်းကိုင်သူဟာ ၃ ဆ ကနေ ၄ ဆ အထိ ရှိလာပါတယ်။

Why Apple's Foldable iPhone Is Not a Thing... Yet - CNET

Samsung MX Officials တွေက Apple ဟာ ပထမဆုံး Foldable Device ကို ၂၀၂၄ ခုနှစ်မှာ ရောင်းချမယ်လို့ ယုံကြည်နေပြီး အဲဒါဟာ iPhone မဟုတ်ဘဲ Foldable တက်ဘလက် သို့မဟုတ် Notebook Computer ဖြစ်မယ်လို့ သိရပါတယ်။

Samsung အရာရှိတွေရဲ့ ခန့်မှန်းချက်ဟာ မကြာခင်က ထွက်လာတဲ့ CCS Insight ရဲ့ သတင်းနဲ့ တူညီနေပါတယ်။ Samsung က လက်ရှိ Foldable ဖုန်း အသုံးပြုသူတွေဟာ ဖုန်း အသစ် ဝယ်ရင်လည်း Foldable ဖုန်းကိုပဲ ရွေးချယ်ကြမယ်လို့ ယုံကြည်နေပါတယ်။

Ref : gsmarena