လာမယ့်နှစ်မှာ ထွက်ရှိလာမယ့် Flagship ဖုန်းတွေအတွက် Qualcomm Snapdragon 875 Chipset ဟာ Samsung ကနေ အဓိကထုတ်လုပ်ပေးရမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Samsung ကနေ ကိုယ်ပိုင် Exynos 1000 Chipset ကိုလည်း မိတ်ဆက်လာဦးမှာပါ။

အဆိုပါ Exynos 1000 Chipset နဲ့ Snapdragon 875 Chipset တွေက 5nm Architecture ကို အခြေခံထားမယ့်အပြင် ARM ရဲ့ Cortex-X1 Core အသစ်ကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိ Snapdragon 865 နဲ့ Exynos 990 Chipset တွေထက် သိသိသာသာကို ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။

အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရ Samsung ရဲ့ ကိုယ်ပိုင် Exynos 1000 Chipset ဟာ Snapdragon 875 Chipset ထက်တောင် စွမ်းဆောင်ရည်ကောင်းမွန်နေမှာဖြစ်ပါတယ်။ အဆိုပါ သတင်းကို Korean Forum တစ်ခုကနေ တွေ့ရှိခဲ့ရတာဖြစ်ပြီး Galaxy S21 ဖုန်းတွေရဲ့ Snapdragon 875 နဲ့ Exynos 1000 Version အပြင် Xiaomi Mi 11 ဖုန်းတွေရဲ့ Geekbench ရမှတ်တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

Exynos 1000 Chipset အသုံးပြုထားတဲ့ Galaxy S21 ဟာ Single-core 1,302 Point နဲ့ Multi-core 4,250 Point တွေရရှိခဲ့ပြီး Snapdragon 875 Version မှာတော့ Single-core 1,159 Point နဲ့ Multi-core မှာ 4,090 Point တွေပဲရရှိခဲ့တာဖြစ်ပါတယ်။ Xiaomi Mi 11 အနေနဲ့လည်း Single-core Score 1,102 Point နဲ့ Multi-core 4,113 Point ပဲရရှိခဲ့တဲ့အတွက် Exynos 1000 Chipset ထက် အားနည်းနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ဟာ ယခုနှစ် Exynos 990 Chipset က Snapdragon 865 နဲ့ 865+ Chipset တွေထက် သိသိသာသာကို အားနည်းတဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ Exynos Chipset အသုံးပြုထားတဲ့ Flagship ဖုန်းတွေကတောင် ပိုပြီး စွမ်းဆောင်ရည်ကောင်းနေမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena