Zawgyi

Samsung ကေန ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက 5G Modem ပါဝင္ၿပီးသား ပထမဆုံး Mobile Chipset တစ္ခုျဖစ္တဲ့ Exynos 980 ကို တရားဝင္ မိတ္ဆက္ထားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ အဆိုပါ Chipset ကို ပထမဆုံးအေနနဲ႔ အသုံးျပဳလာမယ့္ စမတ္ဖုန္းကို သိရွိရၿပီျဖစ္ပါတယ္။

Samsung နဲ႔ Vivo ပူးေပါင္းၿပီး တ႐ုတ္ႏိုင္ငံ Beijing ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ Dual-mode 5G AI Chip Media Conference မွာ Samsung ရဲ႕ Exynos 980 5G Chipset အေၾကာင္း အေသးစိတ္မိတ္ဆက္ခဲ့တဲ့အျပင္ Vivo ရဲ႕ X30 Series စမတ္ဖုန္းေတြက အဆိုပါ Exynos 980 Processor ကို ပထမဆုံးအေနနဲ႔ အသုံးျပဳလာမွာျဖစ္တယ္ဆိုၿပီး ေၾကညာခဲ့ပါတယ္။ Vivo ရဲ႕ ေျပာၾကားခ်က္အရေတာ့ အဆိုပါ X30 Series စမတ္ဖုန္းေတြက လာမယ့္ ဒီဇင္ဘာလမွာ တရားဝင္မိတ္ဆက္လာမွာလည္းျဖစ္ပါတယ္။

Exynos 980 Chipset ဟာ 8nm Cortex-A77 Architecture ကို အေျခခံၿပီး တည္ေဆာက္ထားတဲ့ Chipset တစ္ခုျဖစ္ၿပီး Mali-G76 M5 High-end GPU နဲ႔ Vivo ရဲ႕ Mulit-Turbo နည္းပညာေၾကာင့္ Vivo X30 Series ဖုန္းေတြက ေကာင္းမြန္တဲ့ Gaming Experience ကို ရရွိမွာျဖစ္ပါတယ္။ ဒ့ါအျပင္ Exynos 980 Chipset ဟာ Dual Mode 5G မွာဆိုရင္ Download Speed 2.55Gbps နဲ႔ 4G-5G Mode မွာ 3.55Gbps အထိကို ရရွိမွာလည္းျဖစ္ပါတယ္။ ဒါတင္မဟုတ္ဘဲ Wi-Fi 6 နဲ႔ 108MP Camera အျပင္ 5 Camera အထိ Support ျပဳလုပ္ႏိုင္မွာပါ။

အခု Exynos 980 Processor ကို အသုံးျပဳလာမယ့္ Vivo X30 Series စမတ္ဖုန္းေတြအေၾကာင္းကိုေတာ့ အတိအက်မသိရေသးေပမယ့္ X30 က 6.5″ နဲ႔ X30 Pro က 6.89″ ရွိတဲ့ 90Hz AMOLED Display ပါဝင္မယ္လို႔ ယူဆရပါတယ္။ X30 ဖုန္းမွာ RAM 8GB ၊ 128GB or 256GB Storage ၊ 64MP+8MP+13MP+2MP Quad Rear Camera Setup နဲ႔ 32MP Selfie Camera ေတြပါဝင္လာႏိုင္ၿပီး ေစ်းႏႈန္းအေနနဲ႔ 3,200 Yuan (ျမန္မာေငြ ၇ သိန္းဝန္းက်င္) ခန္႔က်သင့္ႏိုင္ပါတယ္။

Vivo X30 Pro ဖုန္းအေနနဲ႔ကေတာ့ 12GB RAM ၊ 256GB UFS 3.0 Storage ၊ 64MP+13MP+13MP+2MP Quad Camera Setup နဲ႔ 32MP Selfie Camera ပါဝင္လာမွာျဖစ္သလို 40W Fast Charging Support လုပ္တဲ့ 4500mAh Battery လည္းပါဝင္လာႏိုင္ပါတယ္၊ ေစ်းႏႈန္းအေနနဲ႔ကေတာ့ 4,000 Yuan ဝန္းက်င္ကေန စတင္ႏိုင္တဲ့အတြက္ ျမန္မာေငြ ၉ သိန္းဝန္းက်င္အထိရွိႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Samsung Exynos 980 Processor က ေနာက္ႏွစ္မွာလည္း ပိုၿပီး ေစ်းသက္သာၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ 5G ဖုန္းေတြမွာ ေတြ႕လာရႏိုင္ပါတယ္။

Ref – Gizmo China

Unicode

Samsung ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက 5G Modem ပါဝင်ပြီးသား ပထမဆုံး Mobile Chipset တစ်ခုဖြစ်တဲ့ Exynos 980 ကို တရားဝင် မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Chipset ကို ပထမဆုံးအနေနဲ့ အသုံးပြုလာမယ့် စမတ်ဖုန်းကို သိရှိရပြီဖြစ်ပါတယ်။

Samsung နဲ့ Vivo ပူးပေါင်းပြီး တရုတ်နိုင်ငံ Beijing မြို့မှာ ပြုလုပ်ခဲ့တဲ့ Dual-mode 5G AI Chip Media Conference မှာ Samsung ရဲ့ Exynos 980 5G Chipset အကြောင်း အသေးစိတ်မိတ်ဆက်ခဲ့တဲ့အပြင် Vivo ရဲ့ X30 Series စမတ်ဖုန်းတွေက အဆိုပါ Exynos 980 Processor ကို ပထမဆုံးအနေနဲ့ အသုံးပြုလာမှာဖြစ်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ Vivo ရဲ့ ပြောကြားချက်အရတော့ အဆိုပါ X30 Series စမတ်ဖုန်းတွေက လာမယ့် ဒီဇင်ဘာလမှာ တရားဝင်မိတ်ဆက်လာမှာလည်းဖြစ်ပါတယ်။

Exynos 980 Chipset ဟာ 8nm Cortex-A77 Architecture ကို အခြေခံပြီး တည်ဆောက်ထားတဲ့ Chipset တစ်ခုဖြစ်ပြီး Mali-G76 M5 High-end GPU နဲ့ Vivo ရဲ့ Mulit-Turbo နည်းပညာကြောင့် Vivo X30 Series ဖုန်းတွေက ကောင်းမွန်တဲ့ Gaming Experience ကို ရရှိမှာဖြစ်ပါတယ်။ ဒ့ါအပြင် Exynos 980 Chipset ဟာ Dual Mode 5G မှာဆိုရင် Download Speed 2.55Gbps နဲ့ 4G-5G Mode မှာ 3.55Gbps အထိကို ရရှိမှာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ Wi-Fi 6 Support နဲ့ 108MP Camera အပြင် 5 Camera အထိ Support ပြုလုပ်နိုင်မှာပါ။

အခု Exynos 980 Processor ကို အသုံးပြုလာမယ့် Vivo X30 Series စမတ်ဖုန်းတွေအကြောင်းကိုတော့ အတိအကျမသိရသေးပေမယ့် X30 က 6.5″ နဲ့ X30 Pro က 6.89″ ရှိတဲ့ 90Hz AMOLED Display ပါဝင်မယ်လို့ ယူဆရပါတယ်။ X30 ဖုန်းမှာ RAM 8GB ၊ 128GB or 256GB Storage ၊ 64MP+8MP+13MP+2MP Quad Rear Camera Setup နဲ့ 32MP Selfie Camera တွေပါဝင်လာနိုင်ပြီး စျေးနှုန်းအနေနဲ့ 3,200 Yuan (မြန်မာငွေ ၇ သိန်းဝန်းကျင်) ခန့်ကျသင့်နိုင်ပါတယ်။

Vivo X30 Pro ဖုန်းအနေနဲ့ကတော့ 12GB RAM ၊ 256GB UFS 3.0 Storage ၊ 64MP+13MP+13MP+2MP Quad Camera Setup နဲ့ 32MP Selfie Camera ပါဝင်လာမှာဖြစ်သလို 40W Fast Charging Support လုပ်တဲ့ 4500mAh Battery လည်းပါဝင်လာနိုင်ပါတယ်၊ စျေးနှုန်းအနေနဲ့ကတော့ 4,000 Yuan ဝန်းကျင်ကနေ စတင်နိုင်တဲ့အတွက် မြန်မာငွေ ၉ သိန်းဝန်းကျင်အထိရှိနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Exynos 980 Processor က နောက်နှစ်မှာလည်း ပိုပြီး စျေးသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ 5G ဖုန်းတွေမှာ တွေ့လာရနိုင်ပါတယ်။

Ref – Gizmo China