Samsung ဟာ ပြီးခဲ့တဲ့ လ အစောပိုင်းက ကုမ္ပဏီရဲ့ ဈေးအချိုဆုံး 5G ဖုန်းဖြစ်တဲ့ Galaxy A42 5G ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Specs အပြည့်အစုံကို မပြောသွားခဲ့ဘဲ ၆.၆ လက်မ AMOLED မျက်နှာပြင်  ပါမယ်ဆိုတာပဲ ပြောသွားခဲ့ပါတယ်။

အခုတော့ Samsung က အဲဒီ စမတ်ဖုန်းရဲ့ Specs အပြည့်အစုံကို ကြေညာလိုက်ပါတယ်။ Galaxy A42 5G မှာ HD+ Resolution Super AMOLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Macro နဲ့ 5MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံး ပါလာပါတယ်။

Chipset နာမည်ကို မသိရသေးပေမယ့် Octa-core CPU ပါတယ်လို့ ပြောပါတယ်။ အဲဒီ Chipset ဟာ မကြာခင်က ပူပူနွေးနွေး ကြေညာထားတဲ့ Snapdragon 750G ဖြစ်နိုင်ပါတယ်။ အဲဒီ Chipset ကို Xiaomi Mi 10T Lite မှာလည်း ထည့်သွင်းထားတာပါ။

RAM အနေနဲ့ 4/6/8GB တွေ ရွေးချယ်နိုင်ပြီး 128GB Storage ပါလာပါတယ်။ microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပြီး ဘက်ထရီက 5,000mAh ဖြစ်ပါတယ်။ 15W Charging ထောက်ပံ့ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ Prism Dot Black , Prism Dot White နဲ့ Prism Dot Gray ၃ ရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena