Unicode

CES 2020 ရဲ့ အဆုံးသတ်မှာတော့ Samsung ဟာ ရွေးချယ်ထားတဲ့ ပွဲတက်ပရိသတ်အချို့ကို သူ့ရဲ့ ထုတ်ကုန်သစ်များအား ပြသခဲ့ပါတယ်။ အဲဒီထဲက တစ်ခုကတော့ မကြာခင်ဈေးကွက်ထဲကို မိတ်ဆက်လာတော့မယ့် ဒုတိယမြောက် Foldable စမတ်ဖုန်းပါပဲ။

ဒုတိယမျိုးဆက် Galaxy Fold ကို Clamshell ဒီဇိုင်းနဲ့ထုတ်လုပ်လာမှာဖြစ်ပြီး အစမှာတော့ Galaxy Fold 2 လို့ပဲ ခေါ်မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင် Galaxy Bloom ဆိုတဲ့အမည်နဲ့ ထွက်လာမယ်လို့ သတင်းထပ်ထွက်ခဲ့ပြီး ယနေ့မှာတော့ အဆိုပါနာမည်နှစ်ခုလုံးနဲ့မတူတဲ့ အမည်သစ်တစ်ခုကို ထပ်မြင်ရပြန်ပါပြီ။

ဒီနေ့ထွက်လာတဲ့ သတင်းထဲမှာတော့ သူ့ရဲ့တရားဝင် Codename အမည်လို့ ယူဆရတာကို မြင်တွေ့ရပြီး ဈေးကွက်ထဲမှာ ရောင်းချမယ့်နာမည်ကတော့ အခြားတစ်ခုဖြစ်နိုင်ပါတယ်။ အရင်ဆုံး “Galaxy Z ****” လို့ Leak ခဲ့ပြီးမှ တရားဝင်အမည်ကို ဖော်ပြထားတဲ့ ဓါတ်ပုံ တက်လာခဲ့တာပါ။

ဓါတ်ပုံထဲမှာတော့ Galaxy Bloom ဆိုတဲ့အမည်ကို ပယ်ဖျက်ပြထားပြီး Samsung Galaxy Z Flip ဆိုတဲ့အမည်ကို ပြသလာခဲ့တာပါ။ ဒါ့ကြောင့် Samsung က Galaxy Z အမည်နဲ့ စမတ်ဖုန်းစီးရီးသစ်ကို မိတ်ဆက်လာမှာလား ဆိုတာလည်း စဉ်းစားစရာပါပဲ။

အဆိုပါ ဟန်းဆက်အသစ်ဟာ ပိုသစ်လွင်တဲ့ Snapdragon 865 အစား Snapdragon 855 ကိုပဲ အသုံးပြုလာဦးမယ်လို့ သတင်းထွက်ထားပါတယ်။ ဒါ့အပြင် Galaxy Fold မှာ အသုံးပြုခဲ့တဲ့ ပိုလီမာ Film အစား Ultra Thin Glass လို့ အမည်ရတဲ့ Display အသစ်ကိုလည်း မြင်တွေ့ရမှာပါ။

Samsung ဟာ Galaxy Z Flip ကို Galaxy S20 စီးရီးနဲ့အတူ မိတ်ဆက်လာမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့လို့ သတ်မှတ်ထားပါတယ်။

Ref – Gizmo China

Zawgyi

CES 2020 ရဲ႕ အဆုံးသတ္မွာေတာ့ Samsung ဟာ ေရြးခ်ယ္ထားတဲ့ ပြဲတက္ပရိသတ္အခ်ဳိ႕ကို သူ႕ရဲ႕ ထုတ္ကုန္သစ္မ်ားအား ျပသခဲ့ပါတယ္။ အဲဒီထဲက တစ္ခုကေတာ့ မၾကာခင္ေစ်းကြက္ထဲကို မိတ္ဆက္လာေတာ့မယ့္ ဒုတိယေျမာက္ Foldable စမတ္ဖုန္းပါပဲ။

ဒုတိယမ်ဳိးဆက္ Galaxy Fold ကို Clamshell ဒီဇုိင္းနဲ႔ထုတ္လုပ္လာမွာျဖစ္ၿပီး အစမွာေတာ့ Galaxy Fold 2 လို႔ပဲ ေခၚမယ္လို႔ ထင္ေၾကးေပးခဲ့ၾကပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္ Galaxy Bloom ဆုိတဲ့အမည္နဲ႔ ထြက္လာမယ္လို႔ သတင္းထပ္ထြက္ခဲ့ၿပီး ယေန႔မွာေတာ့ အဆုိပါနာမည္ႏွစ္ခုလုံးနဲ႔မတူတဲ့ အမည္သစ္တစ္ခုကို ထပ္ျမင္ရျပန္ပါၿပီ။

ဒီေန႔ထြက္လာတဲ့ သတင္းထဲမွာေတာ့ သူ႕ရဲ႕တရားဝင္ Codename အမည္လို႔ ယူဆရတာကို ျမင္ေတြ႕ရၿပီး ေစ်းကြက္ထဲမွာ ေရာင္းခ်မယ့္နာမည္ကေတာ့ အျခားတစ္ခုျဖစ္ႏုိင္ပါတယ္။ အရင္ဆုံး “Galaxy Z ****” လို႔ Leak ခဲ့ၿပီးမွ တရားဝင္အမည္ကို ေဖာ္ျပထားတဲ့ ဓါတ္ပုံ တက္လာခဲ့တာပါ။

ဓါတ္ပုံထဲမွာေတာ့ Galaxy Bloom ဆုိတဲ့အမည္ကို ပယ္ဖ်က္ျပထားၿပီး Samsung Galaxy Z Flip ဆုိတဲ့အမည္ကို ျပသလာခဲ့တာပါ။ ဒါ့ေၾကာင့္ Samsung က Galaxy Z အမည္နဲ႔ စမတ္ဖုန္းစီးရီးသစ္ကို မိတ္ဆက္လာမွာလား ဆုိတာလည္း စဥ္းစားစရာပါပဲ။

အဆုိပါ ဟန္းဆက္အသစ္ဟာ ပိုသစ္လြင္တဲ့ Snapdragon 865 အစား Snapdragon 855 ကုိပဲ အသုံးျပဳလာဦးမယ္လို႔ သတင္းထြက္ထားပါတယ္။ ဒါ့အျပင္ Galaxy Fold မွာ အသုံးျပဳခဲ့တဲ့ ပုိလီမာ Film အစား Ultra Thin Glass လို႔ အမည္ရတဲ့ Display အသစ္ကိုလည္း ျမင္ေတြ႕ရမွာပါ။

Samsung ဟာ Galaxy Z Flip ကို Galaxy S20 စီးရီးနဲ႔အတူ မိတ္ဆက္လာမွာျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔လို႔ သတ္မွတ္ထားပါတယ္။

Ref – Gizmo China