Samsung ရဲ့ Galaxy A01 Core ကို ပြီးခဲ့တဲ့လတုန်းက Google Play Console နဲ့ Bluetooth SIG certification တွေမှာ မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ Galaxy A01 Core နဲ့ပတ်သက်တဲ့သတင်းတွေ ငြိမ်သက်သွားပေမယ့် အခုတော့ ထိုင်းနိုင်ငံရဲ့ Telecom regulator NBTC က အတည်ပြုချက်ပေးလိုက်တာကို တွေ့မြင်ရပြီ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ NBTC ရဲ့ Database တွေကတစ်ဆင့် ဟန်းဆက်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို တွေ့မြင်နိုင်ခြင်း မရှိပါဘူး။ NBTC ဟာ ဟန်းဆက်ရဲ့ ဆက်သွယ်ရေးပိုင်းဆိုင်ရာ အချက်အလက်အချို့ကိုပဲ ပြသတာပါ။ ဒါကြောင့် Galaxy A01 Core မှာ “DS” မော်ဒယ်နာမည်နဲ့အတူ Dual SIM ထောက်ပံ့ထားတယ် ဆိုတာလောက်ပဲ သိရပါတယ်။ Bluetooth listing မှာလည်း အလားတူပဲ ဖြစ်ပါတယ်။

ကနဦးထွက်ခဲ့တဲ့ သတင်းတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ Samsung Galaxy A01 Core ဟာ 5.1-inch အရွယ်အစား 720p မျက်နှာပြင်နဲ့ ဖြစ်မယ်လို့ သိနိုင်ပါတယ်။ အသုံးပြုထားတဲ့ Chipset ကတော့ Quad-core CPU နဲ့ MediaTek MT6739WW ဖြစ်ပါတယ်။ ဒါပေမယ့် Chipset ကြောင့် Bluetooth နဲ့ ပတ်သက်ပြီးမသေချာတဲ့ အချက်အလက် တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။

Chipset ဟာ နည်းပညာပိုင်းအရ 4.1 အထိပဲ ထောက်ပံ့ပေးတယ်လို့ သိထားခဲ့ပေမယ့် Certified လုပ်ထားတာက Bluetooth 5.0 ရရှိမယ်လို့ တွေ့မြင်ရတာပါ။ ဒါကြောင့် အချက်အလက်ပိုင်းဆိုင်ရာမှာ အတည်ပြုလို့မရနိုင်သေးဘဲ စောင့်ကြည့်ရဦးမှာပါ။ ဒီဟန်းဆက်ဟာ Android 10 မောင်းနှင်မယ်ဆိုပေမယ့် 1GB of RAM နဲ့ပဲ ထွက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Galaxy A01 Core ဟာ ဘယ်အချိန်မှာ တရားဝင်ဖြစ်လာမယ်ဆိုတာ မသိနိုင်သေးသလို၊ သတင်းထွက်ထားသလိုပဲ Galaxy M01 Core အနေနဲ့ပဲ မြင်တွေ့ရမလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကျောဘက်မှာ ကင်မရာတစ်လုံးသာပါဝင်မယ့် ဒီဟန်းဆက်ဟာ $100 ဝန်းကျင် (၁ သိန်း ၄ သောင်းဝန်းကျင်) သာကျသင့်ဖွယ်ရှိပါတယ်။

Ref: GSM Arena