Samsung ဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ယူရို ၁၅၀ တန် တန်ဖိုးနည်း Galaxy A02s ကို ကြေညာခဲ့ပြီး အခုတော့ အဲဒီ စမတ်ဖုန်းထက် ဈေးပိုသက်သာတဲ့ Galaxy A02 ကို ထိုင်းမှာ ချပြလိုက်ပါတယ်။ ထိုင်း ဘတ် ၂,၉၉၉ ပဲရှိပြီး ဒေါ်လာနဲ့တွက်ရင် ၁၀၀ ၊ မြန်မာငွေနဲ့တွက်ရင် ၁ သိန်း ၃ သောင်းလောက်ပဲ ကျသင့်ပါတယ်။

Samsung Galaxy A02 goes official with slim price tag and 5,000 mAh battery

Samsung Galaxy A02 ရဲ့ Specs အများစုဟာ A02s နဲ့ တူပေမယ့် အနောက်ကင်မရာ ၁ လုံး နည်းသွားပါတယ်။ Galaxy A02 မှာ MediaTek MT6739W Chipset မောင်းနှင်ထားပြီး ၆.၅ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 13MP Main + 2MP Macro ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

Samsung Galaxy A02 goes official with slim price tag and 5,000 mAh battery

Galaxy A02 မှာ Android 10 အခြေပြု OneUI 2 မောင်းနှင်ထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီက အဲဒီ စမတ်ဖုန်းရဲ့ အမိုက်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် microUSB Port နဲ့ 7.75W Charging က သိပ်မမိုက်ပါဘူး။

Dual-SIM Support ပါလာပြီး နားကြပ်ပေါက်လည်း တပ်ဆင်ထားပါတယ်။ ထိုင်းမှာ ရောင်းမယ့် အချိန်ကို မသိရသေးပေမယ့် လာမယ့် လအနည်းငယ်အတွင်း တခြားနိုင်ငံတွေကို ရောက်လာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena