Samsung ဟာ လက်ရှိ Galaxy A Series ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်တဲ့ Galaxy A04 ကို မကြာခင်မှာ Galaxy A05 နဲ့ A05s ဖုန်းတွေနဲ့ အဆင့်မြှင့်တင်သွားတော့မှာဖြစ်ပါတယ်။ ဘယ်အချိန်မှာ Galaxy A05 နဲ့ A05s ဖုန်းတွေကို တရားဝင်မိတ်ဆက်မလဲဆိုတာကို မသိရသေးပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရ မိတ်ဆက်ဖို့နီးကပ်နေပြီလို့ ခန့်မှန်းရပါတယ်။

ဘာကြောင့်လဲဆိုရင် Samsung Galaxy A05s ဖုန်းဟာ Federal Communications Commision (FCC) မှာ သတင်းပေါက်ကြားခဲ့ပြီး Specification အချို့ကိုပါ သိရှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။ Galaxy A05s ဖုန်းဟာ 4G LTE ကိုပဲ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး 2.4GHz နဲ့ 5GHz Dual Band Wi-Fi Support ၊ Bluetooth 5.3 တွေပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Samsung Galaxy A05s ဖုန်းဟာ Battery ပိုင်းမှာ 4000mAh Battery ပဲပါဝင်မှာဖြစ်ပေမယ့် Fast Charging ပိုင်းမှာ 25W Fast Charging ကို ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း လက်ရှိ Galaxy A Series ဖုန်းတွေကနေ ကွဲထွက်ပြီး စက်ဝိုင်းပုံစံကင်မရာဒီဇိုင်းကို အသုံးပြုလာမှာဖြစ်ပါတယ်။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ Galaxy A05s ဖုန်းဟာ MediaTek Helio G85 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 4GB ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ OneUI 5.1 ကိုပဲ အသုံးပြုလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ Samsung Galaxy A04 ဖုန်းဟာ 6.5″ PLS Display ၊ MediaTek Helio P35 Chipset ကိုပဲ အသုံးပြုထားတာကြောင့် Galaxy A05 နဲ့ Galaxy A05s ဖုန်းတွေဟာ အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာမှာ သေချာနေပါပြီ။

Ref – Gizmo China