Samsung က Official Press Website မှာ ဖုန်း အသစ် ၁ လုံးကို စာရင်းတင်လိုက်ပါတယ်။ Galaxy A11 ဖြစ်ပြီး Specs အပြည့်အစုံကို မဖော်ပြထားသေးပါဘူး။  စွမ်းရည်နိမ့် A Series ဖုန်း ဖြစ်ပြီး ၆.၄ လက်မ 720x1560p LCD မျက်နှာပြင် ပါလာပါတယ်။ မျက်နှာပြင်ရဲ့ အထက်ဘယ်ဘက်မှာ 8MP Punch-hole ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 13MP , 5MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ ပါလာပြီး အနောက်ဘက်မှာပဲ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 161.4 x 76.3 x 8 mm ဖြစ်ပြီး ၁၇၇ ဂရမ် အလေးချိန်ရှိပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့အတွက် ပလတ်စတစ်ကိုယ်ထည်ကိုပဲ သုံးထားနိုင်ပါတယ်။

Galaxy A11 မှာ 1.8GHz Octa-core Processor မောင်းနှင်ထားပြီး 2/3GB RAM နဲ့ 32GB Storage တွေ ထည့်ထားပါတယ်။ microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပြီး 15W Wired Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါလာပါတယ်။ အနက်၊ အဖြူ၊ အပြာနဲ့ အနီရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Galaxy A11 ကို ရောင်းမယ့်အချိန်နဲ့ ရောင်းမယ့် နိုင်ငံတွေကို မသိရသေးပါဘူး။ ကုမ္ပဏီက ဈေးကိုလည်း မပြောသေးပေမယ့် မကြာခင်မှာ အဲဒီ သတင်းအချက်အလက်တွေကို သိလာရတော့မှာပါ။

Ref : gsmarena