Samsung ဟာ Galaxy A13 စမတ်ဖုန်းတွေကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကြေညာတော့မယ်လို့ ထင်ပါတယ်။ ဖြစ်နိုင်တာက ဒီနှစ်ကုန် သို့မဟုတ် ၂၀၂၂ ခုနှစ် အစောပိုင်းမှာပါ။ Galaxy A13 Series မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Galaxy A13 4G နဲ့ A13 5G လို့ နာမည်ပေးထားမှာပါ။ Galaxy A13 5G ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

Samsung Galaxy A13 5G leaked renders

5G ဟာ 4G Version နဲ့တော့ တူညီမှာ မဟုတ်ပါဘူး။ အခုတော့ 4G Version မှာ အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားမယ်လို့ သတင်းထွက်လာပြီး 5G Version ထက် အနောက်ကင်မရာ ၁ လုံး ပိုများမှာပါ။ 4G Version ရဲ့ အနောက်ကင်မရာတွေကို Galaxy A52s 5G မှာလို ဒေါင်လိုက် တပ်ဆင်ထားမှာ ဖြစ်ပြီး တောက်ပြောင်တဲ့ ပလတ်စတစ် ကိုယ်ထည်ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့အတွက် ပလတ်စတစ်ကိုယ်ထည် တပ်ဆင်ထားတာ မထူးဆန်းပါဘူး။

Samsung Galaxy A13 4G production allegedly starts in India - GSMArena.com  news

Galaxy A13 4G ရဲ့ အောက်ခြေမှာ နားကြပ်ပေါက်၊ USB-C Port နဲ့ စပီကာအပေါက်တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး ပါဝါနဲ့ အသံခလုတ်တွေကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Galaxy A13 4G ကို အိန္ဒိယက Greater Noida စက်ရုံမှာ စတင် ထုတ်လုပ်နေပြီ ဖြစ်တဲ့အတွက် ကြေညာဖို့အချိန်ဟာ နီးကပ်လာနေပါပြီ။ Galaxy A13 5G ကို ဒေါ်လာ ၂၅၀ (၄၅၀,၀၀၀ ဝန်းကျင်)လောက်နဲ့ ရောင်းချမယ့်အတွက် Galaxy A13 4G ဟာ ဒီထက် ဈေးသက်သာမှာပါ။

Ref : gsmarena