[Zawgyi]

Galaxy A-Series ေတြကို မိတ္ဆက္မယ့္ရက္ ထြက္လာၿပီးခ်ိန္မွာေတာ့ Galaxy A-Series ဝင္ေတြရဲ႕ အခ်က္အလက္ေပါက္ၾကားမႈေတြက တစ္ရိပ္ရိပ္နဲ႔ တက္လာခဲ့ပါၿပီ။ မိတ္ဆက္ႏိုင္ဖြယ္ရွိတဲ့ Galaxy သုံးမ်ိဳးထဲကမွ အငယ္ဆုံးျဖစ္မယ့္ Galaxy A20 ရဲ႕ အခ်က္အလက္အခ်ိဳ႕လည္း ေပါက္ၾကားတဲ့ထဲမွာ ပါဝင္လာပါၿပီ။

Galaxy A20 ကို တရားဝင္မိတ္ဆက္ျခင္း မျပဳလုပ္ရေသးေပမယ့္ ႐ုရွားမွာေတာ့ hi-tech.mail.ru ကေနတစ္ဆင့္ ဝယ္ယူရရွိႏိုင္ၿပီလို႔ သိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေပါက္ၾကားမႈကတစ္ဆင့္ သိလိုက္ရတာကေတာ့ Galaxy A20 ရဲ႕ အစိတ္အပိုင္းနဲ႔ အခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။

Galaxy A20 ဟာ Samsung Exynos 7885 chipset နဲ႔ တည္ေဆာက္ထားၿပီး 3GB of RAM နဲ႔ Storage ကေတာ့ 32GB ထည့္သြင္းေပးထားပါတယ္။ MicroSD နဲ႔ 512GB အထိ တိုးျမႇင့္ႏိုင္တယ္လို႔ သိရပါတယ္။ Budget Line လို႔ဆိုေပမယ့္ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးနဲ႔ Fingerprint Scanner တို႔ကို တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

Galaxy A20 ရဲ႕ မ်က္ႏွာျပင္ဟာ 6.4-inch Super AMOLED မ်က္ႏွာျပင္ျဖစ္ၿပီး 720 x 1560 resolution ေထာက္ပံ့ေပးထားပါတယ္။ Waterdorp Notch နဲ႔ျဖစ္ၿပီး ဒီထဲမွာေတာ့ 8MP Selfie ကင္မရာတစ္လုံး ပါဝင္ပါတယ္။ အေနာက္ကင္မရာေတြကေတာ့ 13MP အဓိကကင္မရာနဲ႔ 5MP ဒုတိယ ကင္မရာတို႔ပဲ ျဖစ္ၾကပါတယ္။

Galaxy A20 မွာ တပ္ဆင္ေပးထားတဲ့ ဘက္ထရီကေတာ့ 4,000mAh ပမာဏလို႔ ေဖာ္ျပထားပါတယ္။ 3.5mm headphone jack ပါဝင္ၿပီး NFC (Near Field Communication) support ေပးပါတယ္။ ႐ုရွားေဈးကြက္မွာ ေရာင္းခ်ေနတဲ့ ေဈးႏႈန္းကေတာ့ $215 ဝန္းက်င္ ျဖစ္တာေၾကာင့္ ျမန္မာေငြနဲ႔ဆိုရင္ေတာ့ ၃ သိန္း ၃ ေသာင္းဝန္းက်င္ ျဖစ္ပါလိမ့္မယ္။ ႐ုရွားေဈးကြက္ဟာ ဥေရာပေဈးကြက္အခ်ိဳ႕နဲ႔ အေမရိကန္ေဈးကြက္ထက္ ေဈးပိုမ်ားေလ့ရွိတာေၾကာင့္ $200 ဝန္းက်င္ (၃ သိန္း ၁ ေသာင္းဝန္းက်င္ေလာက္)ေလာက္ ေမွ်ာ္မွန္းလို႔ ရပါတယ္။

Ref: Phone Arena

[Unicode]

Exynos 7885, ကျောဘက်ကင်မရာနှစ်လုံးနဲ့ Galaxy A20 ရဲ့ အချက်အလက်အချို့ ပေါက်ကြားလာ

Galaxy A-Series တွေကို မိတ်ဆက်မယ့်ရက် ထွက်လာပြီးချိန်မှာတော့ Galaxy A-Series ဝင်တွေရဲ့ အချက်အလက်ပေါက်ကြားမှုတွေက တစ်ရိပ်ရိပ်နဲ့ တက်လာခဲ့ပါပြီ။ မိတ်ဆက်နိုင်ဖွယ်ရှိတဲ့ Galaxy သုံးမျိုးထဲကမှ အငယ်ဆုံးဖြစ်မယ့် Galaxy A20 ရဲ့ အချက်အလက်အချို့လည်း ပေါက်ကြားတဲ့ထဲမှာ ပါဝင်လာပါပြီ။

Galaxy A20 ကို တရားဝင်မိတ်ဆက်ခြင်း မပြုလုပ်ရသေးပေမယ့် ရုရှားမှာတော့ hi-tech.mail.ru ကနေတစ်ဆင့် ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပေါက်ကြားမှုကတစ်ဆင့် သိလိုက်ရတာကတော့ Galaxy A20 ရဲ့ အစိတ်အပိုင်းနဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

Galaxy A20 ဟာ Samsung Exynos 7885 chipset နဲ့ တည်ဆောက်ထားပြီး 3GB of RAM နဲ့ Storage ကတော့ 32GB ထည့်သွင်းပေးထားပါတယ်။ MicroSD နဲ့ 512GB အထိ တိုးမြှင့်နိုင်တယ်လို့ သိရပါတယ်။ Budget Line လို့ဆိုပေမယ့် ကျောဘက်မှာတော့ ကင်မရာနှစ်လုံးနဲ့ Fingerprint Scanner တို့ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Galaxy A20 ရဲ့ မျက်နှာပြင်ဟာ 6.4-inch Super AMOLED မျက်နှာပြင်ဖြစ်ပြီး 720 x 1560 resolution ထောက်ပံ့ပေးထားပါတယ်။ Waterdorp Notch နဲ့ဖြစ်ပြီး ဒီထဲမှာတော့ 8MP Selfie ကင်မရာတစ်လုံး ပါဝင်ပါတယ်။ အနောက်ကင်မရာတွေကတော့ 13MP အဓိကကင်မရာနဲ့ 5MP ဒုတိယ ကင်မရာတို့ပဲ ဖြစ်ကြပါတယ်။

Galaxy A20 မှာ တပ်ဆင်ပေးထားတဲ့ ဘက်ထရီကတော့ 4,000mAh ပမာဏပဏလို့ ဖော်ပြထားပါတယ်။ 3.5mm headphone jack ပါဝင်ပြီး NFC (Near Field Communication) support ပေးပါတယ်။ ရုရှားဈေးကွက်မှာ ရောင်းချနေတဲ့ ဈေးနှုန်းကတော့ $215 ဝန်းကျင် ဖြစ်တာကြောင့် မြန်မာငွေနဲ့ဆိုရင်တော့ ၃ သိန်း ၃ သောင်းဝန်းကျင် ဖြစ်ပါလိမ့်မယ်။ ရုရှားဈေးကွက်ဟာ ဥရောပဈေးကွက်အချို့နဲ့ အမေရိကန်ဈေးကွက်ထက် ဈေးပိုများလေ့ရှိတာကြောင့် $200 ဝန်းကျင် (၃ သိန်း ၁ သောင်းဝန်းကျင်လောက်)လောက် မျှော်မှန်းလို့ ရပါတယ်။

Ref: Phone Arena