[Zawgyi]

ၿပီးခဲ့တဲ့မတ္လအတြင္းမွာေၾကျငာခဲ့တဲ့ Galaxy A20 ဖုန္းဟာ ယေန႔ Galaxy A စီးရီးမိတ္ဆက္ပြဲမွာ တဖန္ျပန္လည္ေပၚထြက္လာၿပီး ပိုေစ်းသက္သာမယ္လို႔ ယူဆရတဲ့ ဗားရွင္းအသစ္ Samsung Galaxy A20e ကိုလည္း မိတ္ဆက္လာခဲ့ပါတယ္။

Galaxy A20e စမတ္ဖုန္းမွာေတာ့ 6.4” လက္မအရြယ္ Super AMOLED Display အစား 5.8” လက္မ LCD မ်က္ႏွာျပင္ကို ေျပာင္းလဲအသုံးျပဳလာေပမယ့္ Resolution ကေတာ့ 720 x 1560p ခ်င္း အတူတူပါပဲ။ ဒီဇုိင္းပုိင္းမွာလည္း အေျပာင္းအလဲမရွိဘဲ Infinity-V Notch ေလးထဲမွာ 8MP ဆယ္လ္ဖီကင္မရာတစ္လုံး ပါဝင္လာတယ္။

ေနာက္ဖက္မွာလဲ အေျပာင္းအလဲမရွိဘဲ 13MP f/1.9 ကင္မရာနဲ႔ 5MP Ultra-wide ကင္မရာအတြဲကုိပဲ တူညီစြာ ထည့္သြင္းလာပါတယ္။ Fingerprint ကလည္း ေက်ာဘက္မွာမွာပါပဲ။

Samsung Galaxy A20e ဖုန္းသစ္မွာ Exynos 7884 ခ်စ္ပ္ဆက္ကို အသုံးျပဳလာကာ 3GB RAM / 32GB Storage မန္မုိရီျဖစ္ပါတယ္။ Storage နည္းေပမယ့္ MicroSD နဲ႔ 512GB ထိ ထပ္မံတုိးခ်ဲ႕ႏိုင္တယ္။ A20e ဟာ Android Go OS ကိုအသုံးမျပဳဘဲ အျပည့္အဝ Android OS ကုိအသုံးျပဳလာမွာပါ။

ဖုန္းရဲ႕ပုိေသးငယ္တဲ့အရြယ္အစားေၾကာင့္ ဘကၳရီကလည္း 3,000 mAh ပဲျဖစ္ေပမယ့္ 15W Fast Charging စနစ္ပါပါတယ္။ Samsung Galaxy A20e ဖုန္းဟာ Black, White ကာလာႏွစ္မ်ဳိးထြက္လာမွာျဖစ္ၿပီး ေစ်းကြက္ထဲေရာက္မယ့္ရက္နဲ႔ ေစ်းႏႈန္းကိုေတာ့ အတိအက်မသိရေသးပါဘူး။

[Unicode]

ပြီးခဲ့တဲ့မတ်လအတွင်းမှာကြေငြာခဲ့တဲ့ Galaxy A20 ဖုန်းဟာ ယနေ့ Galaxy A စီးရီးမိတ်ဆက်ပွဲမှာ တဖန်ပြန်လည်ပေါ်ထွက်လာပြီး ပိုဈေးသက်သာမယ်လို့ ယူဆရတဲ့ ဗားရှင်းအသစ် Samsung Galaxy A20e ကိုလည်း မိတ်ဆက်လာခဲ့ပါတယ်။

Galaxy A20e စမတ်ဖုန်းမှာတော့ 6.4” လက်မအရွယ် Super AMOLED Display အစား 5.8” လက်မ LCD မျက်နှာပြင်ကို ပြောင်းလဲအသုံးပြုလာပေမယ့် Resolution ကတော့ 720 x 1560p ချင်း အတူတူပါပဲ။ ဒီဇိုင်းပိုင်းမှာလည်း အပြောင်းအလဲမရှိဘဲ Infinity-V Notch လေးထဲမှာ 8MP ဆယ်လ်ဖီကင်မရာတစ်လုံး ပါဝင်လာတယ်။

နောက်ဖက်မှာလဲ အပြောင်းအလဲမရှိဘဲ 13MP f/1.9 ကင်မရာနဲ့ 5MP Ultra-wide ကင်မရာအတွဲကိုပဲ တူညီစွာ ထည့်သွင်းလာပါတယ်။ Fingerprint ကလည်း ကျောဘက်မှာမှာပါပဲ။

Samsung Galaxy A20e ဖုန်းသစ်မှာ Exynos 7884 ချစ်ပ်ဆက်ကို အသုံးပြုလာကာ 3GB RAM / 32GB Storage မန်မိုရီဖြစ်ပါတယ်။ Storage နည်းပေမယ့် MicroSD နဲ့ 512GB ထိ ထပ်မံတိုးချဲ့နိုင်တယ်။ A20e ဟာ Android Go OS ကိုအသုံးမပြုဘဲ အပြည့်အဝ Android OS ကိုအသုံးပြုလာမှာပါ။

ဖုန်းရဲ့ပိုသေးငယ်တဲ့အရွယ်အစားကြောင့် ဘက္ထရီကလည်း 3,000 mAh ပဲဖြစ်ပေမယ့် 15W Fast Charging စနစ်ပါပါတယ်။ Samsung Galaxy A20e ဖုန်းဟာ Black, White ကာလာနှစ်မျိုးထွက်လာမှာဖြစ်ပြီး ဈေးကွက်ထဲရောက်မယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ အတိအကျမသိရသေးပါဘူး။