[Zawgyi]

Samsung က ႏုိင္ငံတကာအတြက္ Galaxy A20s ကို ေၾကညာလိုက္ပါတယ္။ အဲဒီ စမတ္ဖုန္ကို မေလးရွားနဲ႔ ဖိလစ္ပိုင္လို အေရွ႕ေတာင္အာရွ ႏုိင္ငံတခ်ိဳ႕မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေရာင္းခ်ေပးခဲ့ပါတယ္။ Galaxy A20s မွာ ၆.၅ လက္မ HD+ Infinity-V Display ထည့္သြင္းထားပါတယ္။ 4/64GB Model ကို ထိုင္းမွာ ဘတ္ ၆,၄၉၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၂၀,၀၀၀ ေလာက္ရွိပါတယ္။ 3/32GB Storage ကိုလည္း ထုတ္လုပ္ေပးထားၿပီး အနက္၊ အျပာ၊ အစိမ္းနဲ႔ အနီေရာင္ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။

Android 9 Pie အေျချပဳ One UI ပါပါတယ္။ 1.8GHz Octa-core Snapdragon 450 SoC ေမာင္းနွင္ထားပါတယ္။ 512GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ 13MP Main , 8MP Ultra-wide-angle နဲ႔ 5MP Depth Camera ေတြ ထည့္ထားပါတယ္။ အေရွ႕ဘက္မွာ 8MP Camera ပါၿပီး အလန္းစား Bokeh Effect ေတြ ဖန္တီးေပးႏုိင္တဲ့ Live Focus လုပ္ေဆာင္ခ်က္ ပါပါတယ္။

Samsung Galaxy A20s ရဲ႕ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္သြင္းထားပါတယ္။ Face Unlock နဲ႔ ဆက္သြယ္မႈ အပိုင္းမွာ 4G LTE, Bluetooth 4.2, Wi-Fi 802.11 b/g/n, Wi-Fi Direct, GPS, Glonass, Beidou နဲ႔ Galileo ေတြ ပါပါတယ္။ 15W Fast Charging ပါတဲ့ 4,000mAh Battery ထည့္သြင္းထားပါတယ္။ အရြယ္အစား အျပည့္အစံုမွာ 163.3 x 77.5 x 8.0mm ျဖစ္ၿပီး အေလးခ်ိန္မွာ ၁၈၃ ဂရမ္ ျဖစ္ပါတယ္။

Ref : gadgets.ndtv

[Unicode]

Samsung က Triple Rear Camera ပါတဲ့ Galaxy A20s ကို မိတ်ဆက်

Samsung က နိုင်ငံတကာအတွက် Galaxy A20s ကို ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်ကို မလေးရှားနဲ့ ဖိလစ်ပိုင်လို အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရောင်းချပေးခဲ့ပါတယ်။ Galaxy A20s မှာ ၆.၅ လက်မ HD+ Infinity-V Display ထည့်သွင်းထားပါတယ်။ 4/64GB Model ကို ထိုင်းမှာ ဘတ် ၆,၄၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃၂၀,၀၀၀ လောက်ရှိပါတယ်။ 3/32GB Storage ကိုလည်း ထုတ်လုပ်ပေးထားပြီး အနက်၊ အပြာ၊ အစိမ်းနဲ့ အနီရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Android 9 Pie အခြေပြု One UI ပါပါတယ်။ 1.8GHz Octa-core Snapdragon 450 SoC မောင်းနှင်ထားပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Main , 8MP Ultra-wide-angle နဲ့ 5MP Depth Camera တွေ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ပါပြီး အလန်းစား Bokeh Effect တွေ ဖန်တီးပေးနိုင်တဲ့ Live Focus လုပ်ဆောင်ချက် ပါပါတယ်။

Samsung Galaxy A20s ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ Face Unlock နဲ့ ဆက်သွယ်မှု အပိုင်းမှာ 4G LTE, Bluetooth 4.2, Wi-Fi 802.11 b/g/n, Wi-Fi Direct, GPS, Glonass, Beidou နဲ့ Galileo တွေ ပါပါတယ်။ 15W Fast Charging ပါတဲ့ 4,000mAh Battery ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 163.3 x 77.5 x 8.0mm ဖြစ်ပြီး အလေးချိန်မှာ ၁၈၃ ဂရမ် ဖြစ်ပါတယ်။

Ref : gadgets.ndtv