Unicode

Samsung ကနေ ယခုနှစ်အတွင်းမှာ Galaxy A Series စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်မိတ်ဆက်လာဖို့ ရှိနေပါတယ်။ အဲ့ဒီထဲမှာမှ Entry Level A Series ဖုန်းသစ်တစ်လုံးဖြစ်လာမယ့် Galaxy A21s နဲ့ ပတ်သက်ပြီး သတင်းအချို့ ထွက်ပေါလာပြီပဲဖြစ်ပါတယ်။

အခု Galaxy A21s စမတ်ဖုန်းဟာ မနှစ်တုန်းက ထုတ်လုပ်ရောင်းချခဲ့တဲ့ Galaxy A20 စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ဖုန်းအနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး အဓိကပြောင်းလဲမှုအနေနဲ့ Camera ပိုင်းမှာ Macro Sensor အသစ်ကို ထည့်သွင်းလာမှာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Samsung Galaxy A21s စမတ်ဖုန်းမှာ စုစုပေါင်း Back Camera ၃ လုံးပါဝင်လာမှာဖြစ်ပြီး 2MP Macro Sensor အပြင် 12MP Primary Sensor နဲ့ 5MP Ultrawide Sensor တွေပါဝင်လာဖို့များနေပါတယ်။ ဘာပဲဖြစ်ဖြစ် မနှစ်တုန်းက Galaxy A20 စမတ်ဖုန်းနဲ့ယှဥ်ရင် သိသိသာသာကို ကင်မရာပိုင်းမှာတော့ တိုးတက်လာဖွယ်ရှိပါတယ်။

Samsung Galaxy A21s ရဲ့ Codename ကတော့ SM-A217F ဖြစ်လာမယ်လို့ သိရပါတယ်။ ဒီ Galaxy A21 ဖုန်းမှာ အသုံးပြုထားမယ့် Processor ကိုလည်း အတိအကျမသိရသေးပေမယ့် Storage အနေနဲ့ကတော့ 32GB သို့မဟုတ် 64GB ပါဝင်လာမှာဖြစ်ပါတယ်။

SamMobile ရဲ့ ပြောကြားချက်အရတော့ ဒီ Samsung Galaxy A21s ဖုန်းဟာ အရောင်တွေအနေနဲ့ Black ၊ White အပြင် Blue နဲ့ Red ဆိုပြီးလည်း ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – Gizchina

Zawgyi

Samsung ကေန ယခုႏွစ္အတြင္းမွာ Galaxy A Series စမတ္ဖုန္းအသစ္ေတြကို ဆက္တိုက္မိတ္ဆက္လာဖို႔ ရွိေနပါတယ္။ အဲ့ဒီထဲမွာမွ Entry Level A Series ဖုန္းသစ္တစ္လုံးျဖစ္လာမယ့္ Galaxy A21s နဲ႔ ပတ္သက္ၿပီး သတင္းအခ်ိဳ႕ ထြက္ေပါလာၿပီပဲျဖစ္ပါတယ္။

အခု Galaxy A21s စမတ္ဖုန္းဟာ မႏွစ္တုန္းက ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ Galaxy A20 စမတ္ဖုန္းရဲ႕ မ်ိဳးဆက္သစ္ဖုန္းအေနနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး အဓိကေျပာင္းလဲမႈအေနနဲ႔ Camera ပိုင္းမွာ Macro Sensor အသစ္ကို ထည့္သြင္းလာမွာပဲျဖစ္ပါတယ္။

အဲ့ဒီအတြက္ Samsung Galaxy A21s စမတ္ဖုန္းမွာ စုစုေပါင္း Back Camera ၃ လုံးပါဝင္လာမွာျဖစ္ၿပီး 2MP Macro Sensor အျပင္ 12MP Primary Sensor နဲ႔ 5MP Ultrawide Sensor ေတြပါဝင္လာဖို႔မ်ားေနပါတယ္။ ဘာပဲျဖစ္ျဖစ္ မႏွစ္တုန္းက Galaxy A20 စမတ္ဖုန္းနဲ႔ယွဥ္ရင္ သိသိသာသာကို ကင္မရာပိုင္းမွာေတာ့ တိုးတက္လာဖြယ္ရွိပါတယ္။

Samsung Galaxy A21s ရဲ႕ Codename ကေတာ့ SM-A217F ျဖစ္လာမယ္လို႔ သိရပါတယ္။ ဒီ Galaxy A21 ဖုန္းမွာ အသုံးျပဳထားမယ့္ Processor ကိုလည္း အတိအက်မသိရေသးေပမယ့္ Storage အေနနဲ႔ကေတာ့ 32GB သို႔မဟုတ္ 64GB ပါဝင္လာမွာျဖစ္ပါတယ္။

SamMobile ရဲ႕ ေျပာၾကားခ်က္အရေတာ့ ဒီ Samsung Galaxy A21s ဖုန္းဟာ အေရာင္ေတြအေနနဲ႔ Black ၊ White အျပင္ Blue နဲ႔ Red ဆိုၿပီးလည္း ေ႐ြးခ်ယ္ႏိုင္မယ္လို႔ သိရပါတယ္။

Ref – Gizchina