ဇွန်လအစောပိုင်းမှာ Samsung က Galaxy A22 5G ကို ကြေညာလိုက်ပြီး အဲဒီအချိန်ကတည်းက 4G မော်ဒယ်ကို အိန္ဒိယမှာ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ 4G မော်ဒယ်ကို Samsung အိန္ဒိယ ဝက်ဘ်ဆိုက်မှာ စာရင်းတင်လိုက်ပြီ ဖြစ်ပါတယ်။

Samsung Galaxy A22 4G silently goes official in India, available to order already

Galaxy A22 4G ကို ၁၈,၄၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်းလောက် ကျသင့်မှာပါ။ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး Black နဲ့ Mint ၂ ရောင် ရွေးချယ်နိုင်ပါတယ်။ ၆.၄ လက်မ 720x1600p Super AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး အမြင့်ဆုံး အနေနဲ့ 600 nits Brightness ကို High Brightness Mode မှာ အသုံးပြုနိုင်ပါတယ်။

Samsung Galaxy A22 4G silently goes official in India, available to order already

အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 48MP Main (OIS) , 8MP Ultrawide နဲ့ 2MP Depth နဲ့ 2MP  Macro ကင်မရာ တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 13MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Samsung က Chipset သတင်းအချက်အလက်ကို မပြောသေးပေမယ့် CPU Speed ဟာ 2GHz Big Core နဲ့ 1.8GHz Little Core တွေ ပါမယ်လို့ ဖော်ပြထားပါတယ်။ အရင်ပေါက်ကြားသတင်းတွေအရ MediaTek Helio G80 သုံးထားမယ်လို့ သိရပါတယ်။

A22 မှာ microSD Card Slot ၊ Dual-SIM Support ၊ 3.5mm Headphone Jack ၊ ဘေးဘက် လက်ဗွေရာ ကိရိယာနဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 159.3 x 73.6 x 8.4 mm ဖြစ်ပြီး အလေးချိန်က ၁၈၆ ဂရမ် ဖြစ်ပါတယ်။

Ref : gsmarena